One (Uni)

8 0 0
                                    

"Pottah...Pottah....Pottahhhhhhh"
စင်သီ အသံပြဲကြီးနဲ့ လှမ်းအော်တာတောင် တုတ်တုတ်မလှုပ်သော သူ့မောင် ငပြင်း Pottah ကို ဟင်း'ချမိသည် သူဘယ်လို‌ောတင် မိန်းမယူပြီး မိသားစု ထူထောင်မှာလဲ မသိဘူး

စင်သီလဲ အကြံတစ်ခုရသွားကာ မီးဖိုချောင် ဘေစင်က ရေတစ်ခွက်ခပ်သွားပြီး အိပ်နေသည့် Pottah ရှိရာ အပေါ်ထပ်သို့

'ဗွမ်းး

"ဘယ်ကခွေးရေလာလောင်းတာလဲ ဘယ်ခွေးလဲ "
ထိုတော့မှ အလန့်တကြားထအော်တဲ့ Pottah ကြောင့် စင်သီ ရယ်မိလိုက်သည် 'အရူးကောင်'

"ငါဟေ့ ငါ  စင်သီပေါ်တာရ်ဟ်...🤣"

"ဘာလုပ်တာလဲ ငါအိပ်နေတာကို"

"ကျောင်းမသွားဘူးလား...ဒီနေ့က ကောလိပ်ပထမဆုံးရက်နော် "

Pottah အခုမှ သတိရသည် ရုတ်တရက် ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တော့လ‌‌ဲ ဟုတ်နေသည် ဒီနေ့က ကောလိပ်ပထမဆုံးရက်

July.1.Tue

"အေး ဟုတ်တာပဲ ငါမေ့နေတာ "

ထိုမှ ကပြာကယာ ထ၍ ပြင်ဆင်သော သူ့‌မောင်ကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ခေါင်းခါမိသည် အခုထိ ကလေးလေးလို ဘာမှအလေးမထားမိသေးဘူးပဲ 'pottah...အရူးကောင်လေး'

--------------------------------

"Pactrick Pottah...ဟုတ်လား"
ဆံပင်ငွေရောင်တွေနှင့် ခပ်မိုက်မိုက် ကောင်လေးတစ်ယောက် သူ့အနားလာစကားပြောခြင်းဖြစ်သည် ထိုကောင်လေးမျက်လုံးက အညိုရောင်တွေ အသားကလည်း အတော်ပင် ဖြူသည် သူနှင့်မတူ ကွဲထွက်လျက်

"ဟုတ်...ဟုတ်တယ် ငါက Pactrick Pottah"

ထိုကောင်လေးက ဘာမှမပြောပဲ ပြန်ထွက်သွားသည် သူ့ကို ကျောခိုင်းသွားသည့် လမ်းတစ်လျှောက် လိုက်ကြည့်တော့ ထိုကောင်လေးသွားရာလမ်းတစ်လျှောက်လူအားလုံးက ဘေးကို ဖယ်ပေးကြသည် တစ်ခုခုတော့ထူးထူးဆန်းဆန်းပဲ

Pottah လဲ ဘာမှထပ်စဉ်းစားမနေပဲ သူသင်ရမည့် သချၤာအတန်းသို့ ခပ်မြန်မြန်ထွက်လာတော့သည်

အတန်းထဲတွင် Role call ခေါ်နေခြင်း

"Tom Malfoy"

ထိုနာမည်နှင့်အတူ ထိုငွေရောင်ဆံပင်ကောင်လေးက လက်‌ထောင်လာသည်ကို တွေ့လိုက်ရတော့ Pottah စိတ်ထဲ သူက တကယ်ပဲ Malfoy မိသားစု ရဲ့ သားပေါ့ ဆိုပြီးတွေးမိသွားသည်
ထို့နောက် ဆက်ခေါ်ရင်းက

Wrong Person Where stories live. Discover now