Two(Zgi)

3 0 0
                                    

Pottah ကျောင်းကို စောစောရောက်နေသည် ကျောင်းက 9:30 ဆိုပေမဲ့ Pottah တစ်ယောက်ကတော့ ရှစ်နာရီခွဲလောက်ကတည်းက ကျောင်းကို ရောက်နေသည် ကျောင်းသားအနည်းစုသာ ရှိသေးပေမဲ့ အခန်းထဲဝင်သွားတော့ ဘယ်သူမှမရှိပေမဲ့ ဘယ်ကတည်းက ရောက်နေမှန်းမသိတဲ့ ငွေရောင်ဆံပင်ကောင်လေးကြောင့် လန့်သွားသည် သူကအဲ့လိုလဲ ကျောင်းစောစောလာတက်တာလား

သူတွေ့ပေမဲ့ဘာမှမပြောပဲ စာကြည့်ရအောင် ကျောင်းနောက်ဖက်ရေကန်နားက မြက်ခင်းပြင်ကို ထွက်လာလိုက်သည်

Tom ထိုကောင်လေးကို မြင်ရင် စိတ်မသက်မသာဖြစ်ရသည် ဘယ်လိုရေစက်တွေများလဲ မင်းကဘာလဲ ပြတင်းပေါက်ကနေ အပြင်ကို ငေးမယ်လုပ်တော့ သူ့မြင်ကွင်းရှေ့မှာ ကျောပေးထိုင်နေတဲ့ကောင်လေးက ရေကန်နားမှာ မြက်ခင်းစိမ်းတွေကို သူ့မွေ့ယာလိုသဘောထားပြီး စာအုပ်ကို အိပ်ပြီး ဖက်နေလိုက်တာများ မသိရင် သူ့ကိုယ်သူ နတ်သမီးပုံပြင်ထဲရောက်နေသလိုမျိုး

Tom တစ်ယောက်သူတောင် သတိမထားမိလိုက်ပဲ မပြုံးသည့်နှုတ်ခမ်းက အနည်းငယ်ကွေးသွားသည်

----------------------------------

"ကျောင်းသားအားလုံးကို နှစ်ယောက်တစ်တွဲလုပ်ရတဲ့ project တစ်ခုပေးမယ် "

ဟမ် Pottah နားကြားမမှားဘူးမို့လား ဒါက သူ့အတွက် သူငယ်ချင်းရနိုင်သည့် အခြေနေမို့ ကြိတ်ပျော်နေပေမဲ့ မပျော်နိုင်တာက Malfoy သခင်လေး

တစ်ဆက်ထည်းမှာပဲ ဆရာက သူ့projectအကြောင်းပြောပြလာခဲ့သည်

"ဝတ္ထုတိုတစ်ပုဒ်ရေးရမယ် နှစ်ယောက်စလုံးရဲ့ အကြံဉာဏ်နဲ့ နှစ်ယောက်လုံးလက်ရေးတွေကို မြင်ချင်တယ် ပါတနာကို မဲနှိုက်ရွေးရမယ် "

ငွေရောင်ဆံပင်ကောင်လေးကတော့ မဲလာမနှိုက်ခဲ့ သူနှိုက်လိုက်တဲ့ မဲလိပ်ကို ဖွင့်ကြည့်လိုက်တော့ သူမြင်တာမှားနေတာလားဆိုပြီး မျက်လုံးကိုတောင် ပွတ်ကြည့်လိုက်သေးတယ် ဘာမှထူးခြားမသွား

"TOM MALFOY"

ငွေရောင်ဆံပင်ကောင်လေးက သူ့နာမည်ကို ခေါ်လိုက်သည့်တိုင် လှည့်ကြည့်မလာခဲ့ အရာရာကို ကျောခိုင်းထားတာမယဉ်ကျေးဘူးလို့သတ်မှတ်လို့ရလား ကျွန်တော်ကတော့ 'မယဉ်ကျေးတဲ့ဘဝင်မြင့်နေတဲ့ ငွေရောင်ဆံပင်တွေနဲ့ Malfoy 'လို့ပဲ အမည်တပ်မည်ပင်

Wrong Person Where stories live. Discover now