(..... ဘယ်လိုနေ့မျိုးလဲ ကျွန်တော်မသိတော့ပေ။ သိုက်စံဘွားအောင် ဘေးနားလာထိုင်ပြီးသည်မှ မင်းခန့်သွေးရော ကျွန်တော်ပါ စကားမပြောကြတော့ပေ။ ပတ်ဝန်းကျင်တွင်ဆရာမစာရှင်းပြသံမှလွဲ၍ အလွန်အေးစက်တိတ်ဆိတ်နေသည်။ ပုံမှန်ဆိုလျှင် မင်းခန့်သွေးသည် ဆရာမစာသင်နေသည့်အချိန်တွင်မှာမူ စကားတိုးတိတ်စွာပြောနေတတ်သေးသည်။ သိုက်စံဘွားအောင်ဘက်သို့ မျက်စိထောင့်ကပ်၍ ကြည့်လိုက်သည်။ သူလဲ သူ့စာကိုအာရုံစိုက်နေသည်။ ကျွန်တော်သည် လူငယ်အတိုင်းနေရမလား၊ အရွယ်ရောက်ပြီးသူအတိုင်းနေရမလား စဥ်းစားနေမိတော့သည်။)
ဆရာမ- " ကဲဟိုနောက်ဆုံးရဲ့ရှေ့ကအတန်းက သားလေး အေးဟုတ်တယ် ကျောင်းသားသစ်ဘေးနားက မတ်တက်ခနရပ်ပါအုံး"
(ဆရာမက ကျွန်တော့်ကိုလှမ်းကြည့်ပြီး လက်ညိုးထိုးညွှန်းပြကာမတ်တက်ရပ်ရန်ပြောနေသည်။ကျွန်တော်လဲမတ်တက်ရပ်လိုက်သည်။)
ဆရာမ- " ကဲ...သားနာမည်ဘယ်လိုခေါ်လဲ"
သျှိုဏ်း-" သျှိုဏ်းဝေယံပါဗျ"
ဆရာမ- " သားကိုကြည့်ရတာ ကျောင်းပတမဆုံးရက်မှာ တော်တော်ပျင်းနေပုံဘဲ ဒီပထမဆုံးမေးခွန်းရဲ့အဖြေကိုပြောပြပါအုံး"
(ကျွန်တော်လဲ whiteboard ပေါ်သို့ကြည့်လိုက်သည်။ ထိုမေးခွန်းသည် ကျွန်တော့်၏အသက်24နှစ်အရွယ်ဦးနှောက် အတွက်လွယ်လွန်းသည်။)
သျှိုဏ်း- " အမ်.. xရဲ့တန်ဖိုးက 28ဆိုတော့ အဖြေက B"
ဆရာမ- " ရမ်းပြောတာလား?"
သျှိုဏ်း- " မဟုတ်ပါဘူး အဲ့မေးခွန်းကလွယ်နေတာပါ"
ဆရာမ- " စာကိုအာရုံစိုက်မယ်နော် "
သျှိုဏ်း- " ဟုတ်ကဲ့"
(ဆရာမလဲ စာဆက်သင်နေလေသည်။ မင်းခန့်သွေးဘက်ကိုလှည့်လိုက်သည်။ သူအိပ်ငိုက်နေသည်။ ထို့ကြောင့်သူစကားမများနိုင်ခြင်းဖြစ်သည်။ သိုက်စံဘွားအောင် ဘက်သို့ အနဲငယ်ခေါင်းလှည့်၍ ကြည့်လိုက်သည်။ သူလဲ ကျွန်တော့်ကိုပြန်ကြည့်၍ ခနအကြည့်ချင်းဆုံသွားသည်။ သူ့မျက်လုံးသည် စောင့်တည်ရာမရဘဲ ဆရာမစာရှင်းပြနေသည့်ထံသို့အလျင်အမြန်လှည့်သွားတော့သည်။ ကျွန်တော်လဲ အံဩ၍ ခနပြုံးမိသည်။ သူနှင့်ကျွန်တော်စသိတုံးကအချိန်နှင့် တစ်ထေရာထဲဖြစ်သည်။ သူသည်မည်သူ့ကိုမျှ မျက်လုံးဆုံမကြည့်တတ်ပေ။ အကြည့်ဆုံသွားလျှင် သူ့နားရွက်ထိပ်လေးများအနဲငယ်နီသွားတတ်သေးသည်။ )

YOU ARE READING
You Are The One Who I love (completed)
Fanfictionဇာတ်လေးမှာ ချစ်ရသူတဲ့ငြင်းဆိုခြင်းကိုခံရပြီအပြန်လမ်းမှာ မထင်မှတ်ထားတဲ့ အချိန်ကူးပြောင်းမှုကနေ ငယ်ဘဝကိုပြန်ရောက်ရှိသွားတဲ့ အသက်24နှစ်အရွယ် သျှိုဏ်းဝေယံ လေးဟာ အနာဂတ်မှာ သူဖွင့်ပြောခဲ့ဖူးတဲ့သူနဲ့ တစ်တန်းထဲကျနေခဲ့ပါတယ်။ ဒါကသူ့အတွက်ကြိုးစားဖို့ကံတရားကဖန်...