(ကျွန်တော်နိုးလာသောအခါ သိုက်စံသည် ကျွန်တော်ဘေးတွင် ကျွန်တော့်လက်ဖဝါးပေါ်သို့ သူ၏ပါးပြင်ကိုတင်ထားခါအိပ်နေလေသည်။ ထို့နောက်သူသည် မျက်လုံးဖြေးဖြေးချင်းပွင့်လာပြီးပြောလေသည်။)
သိုက်စံ- "နိုးပြီးလား....မင်းဒီနေ့အိမ်မပြန်လဲရတယ်...ငါတို့ပြောထားပြီးသွားပြီ"
သျှိုဏ်း- "....ငါမင်းကို...အဲ့နေ့ကဖွင့်ပြောခဲ့တော့...မင်းဘာလို့ငါ့ကိုငြင်းခဲ့တာလဲ"
သိုက်စံ- "ငါပြောပြီးပြီလေ....ငါတို့အသက်ရွယ်နဲ့ဆိုငယ်လွန်းသေးတယ်....မင်းမှတ်မိလား....မင်းဘယ်လိုဖွင့်ပြောခဲ့လဲ...မှတ်မိရင်ပြောကြည့်လေ"
သျှိုဏ်း- "ငါမှတ်မိတာ တခြားကမ္ဘာကသိုက်စံကိုဖွင့်ပြောတာကိုဘဲမှတ်မိတာ...အဲ့ဒါက....
ငါမင်းကိုသဘောကျတယ်....ဟိုလိုရိုးရိုးသဘေကျတာမျိုးမဟုတ်ဘဲ....ငါ့ရဲ့နှလုံးထဲကနေသဘောကျနေခဲ့တာ....အဲ့ဒါငါဆက်ပြီးရင်ထဲမှာဖုံးကွယ်မထားနိုင်တော့လို့...မင်းကိုဖွင့်ပြောတာပါ...ငါရဲ့စိတ်ထဲက သဘောကျမှုကိုမင်းမသိဘဲနေသွားရင် ငါအတော်လေးခံစားနေရမှာ...မင်းလက်ခံတာလက်မခံတာက မင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မို့လို့ဝင်ပြီးမစွတ်ဖတ်တော့ပါဘူး.....ဆိုပြီးဖွင့်ပြောခဲ့တာ..."သိုက်စံ- "ငါ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုရင်....
ငါလဲမင်းကိုသဘောကျတယ်....မင်းကိုလဲတန်ဖိုးထားတယ်....ငါမင်းမရှိရင်...မနေတတ်ဘူး.....မင်းကိုတစ်နေ့တစ်ခါမှမတွေ့ရရင် ငါအသက်ဆက်ရှင်နိုင်မယ်မထင်ဘူး...ငါလဲမင်းကိုသဘောကျတယ်...မဟုတ်ဘူး....သဘောကျတာထက်ပိုတယ်"သျှိုဏ်း- "သိုက်စံ.....အလယ်တန်းနောက်ဆုံးနှစ်က ခလေးဘဲရှိသေးတာနော်....စကားတွေတတ်နေပါ့လား..."
သိုက်စံ- "ဘာမှအပိုမပြောဘူးလေ...ဒီတိုင်း...စိတ်ထဲရှိတာပြောနေတာ"
သျှိုဏ်း- "ကဲပါ.....ဘယ်ချိန်ရှိပြီလဲ"
သိုက်စံ- " 11နာရီခွဲနေပြီ"
သျှိုဏ်း- "အမေစိတ်ပူနေအုံးမယ်...ပြောထားတာပြောထားတာပေါ့....ငါအိမ်ပြန်လိုက်အုံးမယ်လေ..."
![](https://img.wattpad.com/cover/368608726-288-k164855.jpg)
YOU ARE READING
You Are The One Who I love (completed)
Fanfictionဇာတ်လေးမှာ ချစ်ရသူတဲ့ငြင်းဆိုခြင်းကိုခံရပြီအပြန်လမ်းမှာ မထင်မှတ်ထားတဲ့ အချိန်ကူးပြောင်းမှုကနေ ငယ်ဘဝကိုပြန်ရောက်ရှိသွားတဲ့ အသက်24နှစ်အရွယ် သျှိုဏ်းဝေယံ လေးဟာ အနာဂတ်မှာ သူဖွင့်ပြောခဲ့ဖူးတဲ့သူနဲ့ တစ်တန်းထဲကျနေခဲ့ပါတယ်။ ဒါကသူ့အတွက်ကြိုးစားဖို့ကံတရားကဖန်...