bold text - Pastနေရောင်ခြည်ကောင်းမွန်စွာဝင်ရောက်နေတဲ့ အခန်းလေးက တစ်ခန်းလုံး အဖြူရောင်များဖြင့်အလှဆင်ထားလို့ မျက်စိအေးကာ နေချင်စဖွယ်လေးဖြစ်နေသည်။လိုက်ကာလေးတွေက လေပြည်ကြောင့် အသာအယာလွင့်နေကြပြီး ဖြူလွလွကုတင်ပေါ်မှာ ကောင်လေးနှစ်ယောက်ရှိနေလေသည်။တစ်ယောက်က အိပ်ပျော်နေပြီး ကျန်တစ်ယောက်ကတော့ ပါးပြင်တွေမို့တက်သည်အထိ ပြုံးနေလေ၏။
" ချစ်ဖို့ကောင်းလိုက်တာ "
ဂျုံအင် ခပ်တိုးတိုးရေရွတ်ရင်း ပါးပြင်ထဲ လက်ညှိုးလေးနဲ့အသာထိုးတော့ အိကနည်းဝင်သွားပေမယ့် အိပ်ပျော်နေတဲ့သူကတော့ နှုတ်ခမ်းလေးကို လှုပ်စိလှုပ်စိလုပ်ကာ တစ်ဖက်လှည့်သွားလေသည်။
ဂျုံအင်၏အကျင့်က ချစ်ဖို့ကောင်းတာတွေ တွေ့ရင် မနေတတ်တာ။တစ်ခုမဟုတ်တစ်ခုတော့ ကလိရမှ ကျေနပ်နိုင်သည်။စူပုတ်ပုတ်ကလေးတွေဆို ပိုဆိုး၏။
ဥပမာ .. ။
" ကိုကို့ ! ပြန်ပေးလို့ "
ဂျုံအင်၏ လက်ထဲမှာ ရှိနေတဲ့ ဂိမ်းစက်ကလေးကို ဆယ်ဟွန်းက နှုတ်ခမ်းလေးချွန်ကာ ပြန်ပေးဖို့တောင်းနေသည်။ခုနက ဂိမ်းဆော့နေကတည်းက ထိုနှုတ်ခမ်းလေးက ချွန်နေပြီး ချစ်ဖို့ကောင်းလွန်းလို့ ဂျုံအင်က လုလိုက်တာပင်။
" လိုချင်ရင် အာဘွားပေး "
ပါးပြင်ကို လက်ညှိုးနဲ့ အသာထိပြရင်းပြောတော့ ထိုကောင်လေးက လက်လျှော့သွားပုံဖြင့် အနားက ဆိုဖာမှာသွားထိုင်နေတော့သည်။ဂျုံအင်လည်း ထိုအနားလျှောက်သွားကာ ဂိမ်းစက်လေးကို မြှောက်ပြလိုက်သည်။ဆယ်ဟွန်းက ဂျုံအင်ထက် အရပ်ပု၍ ဂျုံအင် လက်မြှောက်လိုက်လျှင်ပင် မမှီပေ။မမှီဆို ဂျုံအင်က ၂၄နှစ်ဖြစ်ပြီး ဆယ်ဟွန်းက ခုမှ ၁၆နှစ်သာရှိသေးသည်။
" ဂိမ်းစက်မယူတော့ဘူးလား .. ကိုကို့ကို အာဘွားလေးတောင် မပေးချင်ဘူးပေါ့ ငယ်ငယ်က လိမ္မာတဲ့ဆယ်ဟွန်းနီ ဘယ်ရောက်သွားပါလိမ့် "