My Last Favorite ❤❤
အပိုင်း(၂)
....................ဒီနေ့ အတန်းမတက်ဘူးဟု အားလုံးညှိထားကြပြီးမှ စောစောထပြီး ပြင်ဆင်နေသည့် လင်းလက်လွန်းကို မျက်မှောင်လေးချီကာ ကြည့်နေသောဟန်ကိုး... ။ ကျောင်းတက်မယ်ဆိုတုန်းကတောင် စောစောမထခဲ့တဲ့ကောင်က ထူးထူးခြားခြား ဘာလုပ်မို့ပါလိမ့်ပေါ့။ သူလုပ်သမျှ အိပ်ရာထက် သင်ဖြူးဖြာပေါ် လက်တစ်ဖက်ထောက် လိုက်ကြည့်နေသည်မို့... ။
" ဟျောင် မင်း ငါ့နောက်ပိုင်းကို ဘာကြည့်နေတာလဲ "
" ဘာရယ် "
" မင်းလိုက်ကြည့်နေတာလေ မျက်လုံးရွှဲကြီးတွေနဲ့ ငါဒီမှာကြက်သီးတောင်ထတယ်ကွ ကျောချမ်းတာ "
သကောင့်သားက လက်ပိုက်ကာ တုန်တောင်တုန်ပြနေသေးတာမို့ မြင်ပြင်းကပ်စွာ သူ့လက်ဘေးက ခေါင်းအုံးနဲ့ လင်းလက်ရင်ဘက်ကို ကောက်ပေါက်တော့ သူအလွယ်တကူပင် လှမ်းဖမ်းယူထားလိုက်ပြီး ပြန်ပစ်ပေးလိုက်၏။
" ခွေးကောင် straight စစ်စစ်ကွ ရေတောင်မရောဘူး "
" မင်းဘယ်သူက ရိုက်မေးနေလို့လဲ "
" ထားပါကွာ... မင်းအစောကြီးထပြီး ဘယ်သွားမလို့လဲ "
" ဟိုနားဒီနားပေါ့ မင်းကရော ဘာထိုင်လုပ်နေတာလဲ အဝတ်စားမလဲဘဲ "
" ဟ မင်းကို ငါမေးလို့လေ... မင်းကြိုပြောလို့လား... "
" ဟာ ကြိုပြောရအောင် ဘယ်သွားလို့သွားရမယ်တောင်မသိတာ "
သူအဝတ်စားလဲပြီး ခုတင်၌ ပြန်ထိုင်တော့ ဟန်ကိုးကလည်းထထိုင်၏။
" ဒါဖြင့် ဟိုကောင်မလေးနှစ်ယောက်ကရော... "
" ဟမ် သူတို့က ထားလိုက်လေ၊ ငါတို့ဘာသာသွားမယ် "
သူ့စကားကြားတော့ ဟန်ကိုးမျက်နှာတစ်ချက်ပျက်သွားသည်ကို သူသတိထားမိ၏။
" ရှိတာမှ ဒီသူငယ်ချင်းလေးယောက်ထဲကိုကွာ... မဟုတ်တာ "
" ဟျောင် ငါတို့တောင် ဘယ်ခြေဦးလှည့်ရမလဲမသိတာ သူတို့ပါခေါ်ပြီးဘာလုပ်ဖို့လဲ၊ နောက်တစ်ခေါက်မှခေါ် ... ပြီးတော့ မင်းက ဆိုင်ကယ်တစ်စီးကို လူလေးယောက်စီးဦးမလို့လား "
YOU ARE READING
My Last Favorite ❤❤
Romanceလူငယ်ဆန်ဆန် ကျောင်းသားအချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲရှင့်၊ ရိုးရိုးလေးပါပဲ။