🤚Chapter 44
စွန်းယာရှန့် သူမခေါင်းထဲတွင် အနည်းငယ် မူးဝေလာသည်ကို ခံစားလိုက်ရသည်။
"မင်း အဆင်ပြေရဲ့လား..."
ချန်းဟောင်ရန်က မေးသည်။“ကျွန်မ အဆင်ပြေပါတယ်...နည်းနည်းမူးနေလို့ပါ...”
စွန်းယာရှန့်က သူ၏တုံ့ပြန်မှုကို သဘောပေါက်ပြီး ပြန်ဖြေသည်။ချန်းဟောင်ရန်က ရယ်နေလျက် မေးလာသည်။
“မင်း အရက်မသောက်ဖူးဘူးလား...”စွန်းယာရှန့်က အံ့သြသွားသည်။
"ဒါကအရက်လား..."၎င်းက အရောင်စုံပြီးချိုမြိန်သောကြောင့် ပိုက်ဖြင့် သောက်နေခဲ့မိပြီး ဖျော်ရည်တစ်မျိုးဟုသာ ထင်ခဲ့သည်။
“အဲဒါ အရက်ပဲလေ...”
ချန်းဟောင်ရန်က ထိုမိန်းကလေး၏ မသိနားမလည်မှုကအလွန်ချစ်စရာကောင်းသည်ဟု ထင်လိုက်သည်။သူမက ပါးနပ်ကာ အပေါ်ယံအတွေးများကို ဖုံးကွယ်ထားနိုင်သော်လည်း လူ့အဖွဲ့အစည်းထဲသို့ အမှန်တကယ် မဝင်သေးသော နုံအသည့်ငှက်တစ်ကောင်အဖြစ် ရှိနေသေးသည်။
စွန်းယာရှန့်ထံတွင် စိတ်ကူးယဉ်အတွေး အမျိုးမျိုး ရှိသော်လည်း လက်တွေ့တွင်မူ သူမက အထက်တန်းကျောင်းမှ တက္ကသိုလ်သို့ ကူးပြောင်းသွားသည်မှာ တစ်လသာ ရှိသေးသည်။
ဤသို့ သက်ဝင်လှုပ်ရှားပြီး လူစည်ကားသည့် နေရာမျိုးတွင် သူတို့ကို သတိထား ဆက်ဆံနေလျှင်ပင် သူမ၏ နိုးကြားမှုက ကျိအန်းနဉ်ထက် အဆပေါင်းများစွာ နည်းပါးသေးသည်။
ချန်းဟောင်ရန်က သူမ၏အရက်ထဲကို ဆေးထည့်ထားခြင်း သို့မဟုတ် အခြားအရာများမထည့်ထားပေ။ သူတို့လိုလူများအတွက် စွန်းယာရှန့်ကဲ့သို့ အတွေ့အကြုံနုသည့် မိန်းကလေးများက အလွယ်ကူဆုံးပစ်မှတ်ပင် ဖြစ်သည်။
သူတို့က စျေးပေါလွန်ပြီး မျက်နှာအရေထူလှသည့် အမျိုးအစားဖြစ်ကာ အနည်းငယ် အကြိုက်လိုက်ပေး သို့မဟုတ် မျက်နှာသာပေးရုံနှင့် သူတို့ကိုယ်တိုင် ပြေးဝင်လာကြသည်။
ဝမ်ယွီက "ဘာဖြစ်ဖြစ်"ဟုပြောချိန်တည်းက သူနားလည်သွားခဲ့သည်။