အရည်မရ အဖတ်မရတွေတဲ့
မဟုတ်လိုက်တာ
မင်းကို ချစ်မိလို့တဲ့
အဟက်
လူတွေက သိပ်ရယ်စရာကောင်းတာပဲ
သူတို့ကျတော့ ချစ်ခြင်းတဲ့သူကို ချစ်လို့ရတယ်
ကိုယ်ကျတော့ရော ချစ်လို့်မရဘူးလား
မင်းကို ထိတွေ့ခွင့် ပိုင်ဆိုင်ခွင့် မရှိရတော့တာနဲ့ပဲ
မချစ်ရဘူးတဲ့လား
မဆိုင်လိုက်တာ လူတွေရာ
အရည်မရဘူးပြောပြော အဖတ်မရဘူးပြောပြော
ကိုယ့်အတွက်တော့ မင်းက ထာဝရ အမြတ်တနိုး အဖိုးတန်လေးပါပဲ
ဘာဖြစ်လဲ
ကိုယ် ချစ်တယ်တယ်လေ မြတ်နိုးရတယ်လေ အိုး တွယ်တာလိုက်ရပုံများ
ဘာနဲ့မှ နှိုင်းယှဥ်လို့ မရနိုင်ဘူး
အဲတာက မင်းကို ချစ်လို့ပါပဲပေါ့