Part - 1

428 23 5
                                    

(Unicode)

"ထိပ်ထားကိုခွင့်လွှတ်ပါမောင်........
မောင်မဟုတ်တဲ့ တခြားယောက်ျားလက်ထဲ
ထိပ်ထားမရှင်သန်နိုင်ဘူးမောင်........
ထိပ်ထားနွယ်ဆိုတဲ့ အမျိုးသမီးက
မောင့်အပိုင်ပါ........."

. . . . . . . . . . . . . . . . . . . . . . . . .

ထိပ်ထားနွယ်ကတော့ အရမ်းကိုရှေးရိုးစွဲမိသားစုကဆင်းသက်လာတဲ့ တစ်ဦးတည်းသော သမီးမိန်းကလေးပေါ့။သူမဘ၀ဟာ မိဘတွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲနေရတယ်။ဒါပေမယ့် သူမဘ၀ထဲကို 'မောင်' ဆိုတဲ့အမျိုးသမီးရောက်လာတဲ့အချိန်မှာတော့ သူမ မိသားစုရဲ့ထိန်းချုပ်မှုအောက်ကနေရုန်းထွက်ခဲ့တယ်။

"သမီးလေးထိပ်ထားနွယ် ဘာလိုလိုနဲ့သမီးတောင် မနက်ဖြန်ဆို ၂၅ နှစ်ပြည့်ပါရောလား......."

"မေမေ ထိပ်ထားရဲ့မွေးနေ့မှာ ဘုရားမှာကုသိုလ်ယူချင်တယ်မေမေ...."

"သမီးသဘောပါကွယ်......ကဲ....အဲ့တာဆို စောစောအိပ်ယာ၀င်တော့လေကွယ်...."

"ဟုတ်ကဲ့ပါ......"

ထိပ်ထားတစ်ယောက် ဘုရား၀တ်ပြုပြီး အိပ်ယာ၀င်တော့တယ်။

ထိပ်ထားကအလွန်ဘုရားတရားကိုင်းရှိုင်းတဲ့မိန်းကလေး။သူမဘ၀မှာ ချစ်သူရည်းစားရယ်လို့ တစ်ခါမှမထားခဲ့ဖူးဘူး။ဒါပေမယ့် သူမဘ၀ထဲကို မကြာခင်မှာပဲ 'မောင်' ဆိုတဲ့အမျိုးသမီးငယ်လေးရောက်လာခဲ့တယ်။

. . . . . . . . . . . . . . . . . . . . . . . . .

"ဟဲ့.....အေးချမ်းမောင်....နင်ဆိုသည်မှာလဲလေ တစ်နေ့တစ်နေ့ ဟိုရိုက်ဒီရိုက်နဲ့ပဲအလုပ်ရှုပ်နေတယ်။နင့်သူငယ်ချင်းဖြစ်တဲ့ ငါ့ကိုလဲအလေးထားပါဦးဟဲ့...."

"ဒီမှာ.....ဒေါ်ဆောင်းနှင်းဝေ ကျုပ်ကလေကျုပ်အလုပ်ကိုမြတ်နိုးတယ်ဗျ။ကျုပ်မှာ ဒီအလုပ်လေးနဲ့ပဲစားရသောက်ရတာ။နောက်ပြီး ဒါကကျုပ်ဝါသနာ......."

"အေးပါဟယ်.....နင်ဆိုသည်မှာလဲလေ ငါ့ကိုပြောဖို့ဆိုဖို့ပဲ...ဒါနဲ့ နင့်ဆီကိုလာတဲ့သူတွေထဲမှာ နင်သဘောကျတဲ့သူမရှိဘူးလား...."

"ဒီမှာ နှင်းဝေ ငါကသူတို့ကိုအလုပ်သဘောဆက်ဆံရုံပါ။ငါသူတို့ကို ဘယ်လိုမှမနေဘူး"

"မောင်ချစ်ရတဲ့ ထိပ်ထားနွယ်" Where stories live. Discover now