Part - 3

143 10 4
                                    

(Unicode)

"အေးချမ်းမောင် နင်ဘာလို့နောက်ကျနေတာလဲ"

"ငါထိပ်ထားကို ညစာလိုက်ကျွေးနေလို့ပါဟ"

"အော်......."

"နင်ရော ထမင်းစားပြီးပြီလား"

"ဟင့်အင်း....နင့်ကိုစောင့်နေတာ"

"‌နင်ကလဲ သွားစားတော့လေ....ဆောရီးပါဟာ နင့်ကိုဖုန်းဆက်ဖို့ငါမေ့သွားတယ်"

"ရပါတယ်"

"အဲ့တာဆို ငါသွားနားလိုက်ဦးမယ်ဟာ....."

"အေးပါ....."

'နင်သူ့ကိုတွေ့တာနဲ့ ငါ့ကိုမေ့သွားရောလားဟင်.....ဘာလို့ နင့်အနားမှာအမြဲရှိနေတဲ့ ငါ့ကိုမသနားရတာလဲဟာ...' နှင်းဝေတစ်ယောက် ရင်ထဲတွင်အလွန်နာကျင်နေရသည်။ဒါကို အေးချမ်းမောင်ကတော့ မသိနိုင်။

. . . . . . . . . . . . . . . . . . . . . . . . .

"သမီးထိပ်ထား....."

"ရှင်....မေမေ"

"ဘာလို့ အိမ်ပြန်နောက်ကျနေရတာလဲကွယ်"

"ထိပ်ထားရဲ့ဓာတ်ပုံလေးတွေရလာပြီလေ ပြီးတော့ သူကထိပ်ထားကိုညစာလိုက်ကျွေးချင်တယ်ဆိုလို့ ထိပ်ထားလဲမငြင်းပဲလက်ခံလိုက်တာ"

"အေးပါကွယ်......နောက်တစ်ခါနောက်ကျမယ်ဆိုရင် မေမေတို့ကိုဖုန်းဆက်လှမ်းပြောနော်...."

"ဟုတ်ကဲ့ပါ မေမေ.....အဲ့တာဆို ထိပ်ထားသွားနားတော့မယ်နော်...."

"အေးပါကွယ်....."

. . . . . . . . . . . . . . . . . . . . . . . . .

အေးချမ်းမောင်တစ်ယောက်ကတော့ တစ်ညလုံးအိပ်မပျော်နိုင်ပေ။သူချစ်ရတဲ့ အမျိုးသမီးလေးရဲ့အကြောင်းသာတွေးမိနေသည်။သူမရဲ့ အချစ်တွေ ဂရုစိုက်မှူတွေကို သူရယူချင်နေပြီ။

တွေးရင်းနဲ့ ခဏကြာတော့ သူမအိပ်ပျော်သွားခဲ့ပြီ။ထိပ်ထားနဲ့ အပြင်လောကမှာသာ ခင်မင်ရုံသာရှိတာ သူမအိပ်မက်ထဲမှာတော့ ထိပ်ထားကသူ့အပိုင်အမျိုးသမီးလေးဖြစ်သည်။

. . . . . . . . . . . . . . . . . . . . . . . . .

မနက်မိုးလင်းတော့ နှင်းဝေရဲ့ မနက်စာပြင်နေတဲ့အသံတွေကြောင့် အိပ်မရတော့ပဲ ထလာခဲ့သည်။

"မောင်ချစ်ရတဲ့ ထိပ်ထားနွယ်" Where stories live. Discover now