Part - 4

207 14 1
                                    

(Unicode)

မနက်မိုးလင်းတော့ အေးချမ်းမောင်တစ်ယောက် သာသာယာယာပဲနိုးထလာခဲ့တယ်။သူမကို ပိုပြီးလန်းဆန်းသွားအောင်လုပ်လိုက်တာကတော့ ထိပ်ထားပို့လိုက်တဲ့စာလေး။အေးချမ်းမောင်တစ်ယောက် မြန်မြန်ဆန်ဆန်ပဲ ဖတ်လိုက်တယ်။

'ထိပ်ထားကနှင်းဆီတွေကို သဘောကျတာကိုး'

'ခွင့်ပြုပါတယ် ထိပ်ထားရဲ့။ထိပ်ထားလိုချင်ရင် ကြိုက်တဲ့ပုံယူသုံးနော်' 💬

Active now မရှိသော ထိုAccountလေးကို အကြာကြီးကြည့်နေမိသည်။

*ဒေါက်.....ဒေါက်*

"အေးချမ်းမောင်ရေ ထတော့ နင့်အလုပ်တွေအများကြီးပဲရှိတယ်နော်"

"အေးပါဟာ ငါထပါပြီ"

ဆောင်းနှင်းဝေလာနှိုးမှသာ အေးချမ်းမောင်တစ်ယောက် သတိပြန်ရတော့သည်။

. . . . . . . . . . . . . . . . . . . . . . . . .

တနေကုန်အလုပ်တွေလုပ်ရတာ ပင်ပန်းနေတာကြောင့် အေးချမ်းမောင်တစ်ယောက် ထိုင်ခုံပေါ်ကိုလှဲချလိုက်တော့သည်။

"ပင်ပန်းလိုက်တာဟာ....."

"ကဲ....အခုလုပ်စရာတွေအကုန်ပြီးပြီ ပြန်ကြမယ်"

"နင်ပြန်ရင် ပြန်နှင့်လေ ငါသွားစရာရှိသေးတယ်"

"ဘယ်သွားဦးမလို့လဲ..."

"ငါ အလုပ်ကိစ္စရှိသေးလို့ပါဟ"

"အင်း သွားလေ အိမ်ပြန်နောက်မကျစေနဲ့"

"အေးပါ....."

. . . . . . . . . . . . . . . . . . . . . . . . . .

အေးချမ်းမောင်တစ်ယောက် လက်ထဲကနှင်းဆီပန်းတွေကို နမ်းရှိုက်ပြီး ထိပ်ထားရဲ့ဆိုင်ထဲသို့၀င်လာလိုက်သည်။

"ဟော.....ရောက်လာပြန်ပြီ"

"ထိပ်ထားကလဲ ငြိုငြင်နေတာလား.....ဒီမှာ သူများကထိပ်ထားကြိုက်တဲ့ပန်းကို လက်ဆောင်လာပေးတာကို"

"ဟုတ်ပါပြီရှင်....."

"ထိပ်ထား ကျွန်မရဲ့ပုံတွေကိုယူသုံးချင်သုံးပါ ‌ထိပ်ထားအတွက်ဆို အကုန်ခွင့်ပြုပြီးသား"

"အေးချမ်းကကြိုးစားပမ်းစား ရိုက်ထားတဲ့ပုံကို ပိုင်ရှင်မသိပဲယူသုံးလို့ဘယ်ဖြစ်ပါ့မလဲ"

You've reached the end of published parts.

⏰ Last updated: May 25 ⏰

Add this story to your Library to get notified about new parts!

"မောင်ချစ်ရတဲ့ ထိပ်ထားနွယ်" Where stories live. Discover now