နောက်ကအသံများကနီးသထက်နီးလာသည်မို့ရှင်မင်း ပို၍မြန်မြန်ပြေးမိသည်။
တောနက်သထက်နက် လာတာသိပေမယ့် ရပ်လိုက်လို့မဖြစ်ပေ။
အဓိကက ထိုလူတွေလက်မှလွတ်မှဖြစ်မည်။
သူတို့အချင်းချင်းပြောစကားတွေကိုလည်းရှင်မင်းနားမလည်ပေ။ထိုင်းအသံထွက်နှငိ့တူသလိုလိုရှိသည်။ရှမ်းလူမျိူးတစ်စုတော့ဖြစ်နိုင်သည်။
ချုံတစိခုထဲမှာပုန်းနေရင်းအသံမထွက်အောင်နေမိသည်။
တဖြည်းဖြည်းစကားသံတွေဝေးသွားတော့မှ ရှငိမင်းအသက်၀၀ရှူနိုင်သည်။
တာ၀န်ကျရာရှမ်းပြည်ဆီသိူ့တစ်ယောက်တည်းထွက်လာရင်းမှလမ်းတွင်ဓားပြတွေနဲ့တွေ့ခဲ့ကြသည်။
ကားမှလူတော်တော်များများအသတ်ခံရပြီး ရှင်မင်းလည်းသူတို့တခြားစီအာရုံရောက်နေတုန်းအမြန်ပြေးလာခဲ့ခြင်းဖြစ်သည်။
သွားရင်းသွားရင်းနှင့်တောင်တန်းေပါ်မှာမှာလူမျိုးတစ်စုနှငိ့တွေ့၍ထပ်ပြေးခဲ့ရပြန်သည်။
ငိုချင်နေပေမယ့်စိတိကိုတငိးမှဖြစ်မည်။ကိုယ်တိုင်သာလက်လျော့လိုက်ရင်အသက်ရှင်ဖို့ကမဖြစ်နိုင်ပေ။
ဘယ်ကိုရောက်နေမှနိးမသိပေမယ့် ရှင်သန်ဖို့ကိုတော့လက်လျော့၍မဖြစ်ပေ။
အမောဖြေနေရငိးအသံတစ်ခုကြားလိုက်ရသည်။
ပုလွေသံ ပုလွေသံ
"ဟုတ်တယ်ပုလွေသံပဲ ဒါဆိုလူရှိတာပေါ့"
ရှင်မင်းအသံကြားရာဘက်ကိုမှန်းဆ၍သွားရန်ဆုံးဖြတ်လိုက်သည်။
အသံကြားရာနောက်ကိုလိုက်ရင်းတဖြည်းဖြည်းတောင်ထိပ်ဆီသို့ပင်ရောက်မှနိးမသိရောက်လာသည်။
မောကလည်းမော တွေ့ချင်ဇောကလည်းကြီးနေသည်မို့လူမှာအသက်ကိုမနည်းရှုနေရသည်အထိပင်။
ချယ်ရီပင်အောက်လေးမှာလူတစ်ယောက်ရှမ်းတောင်တန်းကြီးကိုငေးပြီးပုလွေမှုတ်နေသည့်ဟန်တစ်ခုကိုရှင်မင်းဝိုးတဝါးတွေ့လိုက်ရသည်။
ရုတ်တရက် ခြေချော်ကျသွားသည်မို့ တောင်စောင်းမှဒလိမ့်ခေါက်ခွေး ကျသွားသည်။
တောင်စောင်းကကျောက်တုံးနှင့်ခေါင်းကိုရိုက်မိပြီးနောက်ရှင်မင်း၏အာရုံတစ်ခုလုံးအမှောင်ကျသွားတော့သည်။အရင်acc,မှာရေးထားတာလေးNoteထဲပြန်တွေ့လို့ပြန်တင်လိုက်ပါတယ်
#><နောက်တစ်ပုဒ်လေးအရမ်းရေးချင်မိလို့
Update ကတော့ကြာမှာဖြစိလို့libraryထဲထည့်ထားနော်သဲတို့
YOU ARE READING
လွမ်းချင်းသီသော တောင်ယံဆီမှ
Romanceမမျှော်လင့်သောအဖြစ်အပျက်တွေကြောင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့ စော်ဘွားလေး ဇန်တည်ဘွား ရာထူးအပြောင်းအရွေ့လုပ်ရင်း မျိုးနွယ်စုတွေရဲ့ရန်ကြောင့် အိမ်ထောင်သည်ဖြစ်သွားရတဲ့ ရှင်မင်းမြတ်