Part (2)🍓

46 1 1
                                    

"သခင်လေးက ဘယ်ဘက်ကိုထွက်သွားတယ်ပြောလဲစိုင်းလုံ" အိမ်တော်ထိန်းကြီးစိုင်းမြင့်စံရဲ့မေးသံကြောင့်
စောလုံပျာပျာသလဲဖြစ်သွားသည်။

ဟော်နန်းမှာ‌‌ေဟာ်နန်းသခင်‌ေတွပြီးရင် ဘိူးဘေးစဉ်ဆက်အိမ်တော်ထိန်းမျိူးရိုးတွေက အာဏာအရှိဆုံးပင်။

ကိုယ်ကိုအနည်းငယ်ရို့ရင်း ""ချယ်ရီပင်အောက်မှာပုလွေမှုတ်နေပါတယ် အိမ်တော်ထိန်းကြီး"

"မင်းကအနားမှာမနေဘဲဘယ်လိုကြောင့်အိမ်ပြန်ရောက်နေရသလဲ"

"သခင်လေးက ပြန်ခိုင်းလိုက်လို့ပါ" သခင်လေးကစိတ်တွေအရမ်းရှုပ်လာရင်‌ေဟာ်နန်းအ‌ေနာက်ဘက်ကတောင်တန်းတွေဆီသွားနေကြဖြစ်သော်လည်း လက်တလောအခြေအနေတွေကြောင့် စိုးရိမ်မကင်းဖြစ်နေကြခြင်းသာ။

နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေနဲ့အတူ ရောင်စုံသူပုန်များကြောင့် သခင်လေးကိုပိုလို့ပင်စိတ်ပူနေကြသည်။

""သခင်လေးမသိအောင် တောင်အောက်ကနေတော့ မင်းစောင့်နေသင့်တာပေါ့ ပြန်ခိုင်းတိုင်းပြန်စရာလားကွ"

"စိုင်းလုံကတော့ခေါင်းကိုသာငုံ့ရင်းညိမ့်လိုက်သည်။

စောဒကတက်သည်ဆိုတာ ဒီစံအိမ်ရဲ့၀န်ထမ်းတွေမှာ မရှိပေ။

"ညနေလည်းစောင်းပြီဆိုတော့သခင်လေးပြန်လာရင်တစ်ယောက်တည်းဖြစ်နေမယ် မင်းသွားခေါ်ချေ သခင်ကြီးက ညနေစာလာစားဖို့ပြောထားတာမမေ့ဖို့လည်းပြောလိုက်အုန်း"

စကားသံအဆုံးမှာတော့စိုင်းလုံဟာ ခြံပြင်ဆီသို့ခြေလှမ်းကိုသုတ်ခြေတင်ရတော့သည်။

............................................................
နေ၀င်ချိန်ကိုကြည့်ရင်း သံဝေဂ တချို့ခေါင်းထဲ၀င်လာသည်

တစ်ချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့မိမိတို့မျိူးရိုးရဲ့အာဏာအရှိန်အဝါဟာလည်း ခုချိန်မှာအတန်အသင့်သာရှိတော့သည်။

ဘယ်အရာမှကြာရှည်စွာတည်မြဲမှူမရှိဘူးဆိုတာ အစတည်းကသိပေမယ့် အာဏာစွန့်ရမယ့်ကိတ်စနဲ့ပတ်သက်ပြီးဖခင်ရဲ့သဘောထားက တင်းမာနေဆဲပင်။

လောကကိုအလင်းပေးတဲ့နေမင်းကြီးရဲ့အရှိန်အဝါတွေတောင်မှ နေ၀င်ချိန်ဆိုတဲ့အဆုံးရှိသေးတာပဲ။

‌အတွေးတွေပြန်စုစည်းရင်း တောင်အောက်ကိုပြန်ဆင်းလာလိုက်သည်။

တစ်နေရာအရောက်တွင် ‌လူတစ်ယောက်လဲနေတာကိုတွေ့လိုက်သည်။

ရှေ့မှာလဲနေတာ မိန်းကလေးတစ်ယောက်ပါလား
အနားကိုအလျင်အမြန်ဇန်တည်ဘွားမသွားရဲပေ။

ရန်သူလားမိတ်ဆွေလား ခွဲခွဲခြားခြားမသိတဲ့အချိန်မျိူးမှာအရာရာကိုသတိနှင့်ယှဉ်တွဲနေထိုင်ရပေသည်။

ငယ်စဉ်တည်းက‌ေဟာ်နန်းသခင်ရဲ့တစ်ဦးတည်း‌ေသာသားမို့ပြန်ပေးဆွဲမှူတွေ လုပ်ကြံခံရမှုတွေနဲ့လည်း

ယဉ်ပါးပြီးသားဖြစ်၍ ဘယ်သူ့ကိုမှလည်းမယုံရဲပေ။

တဖြည်းဖြည်းအနားရောက်လာပေမယ့် တစ်ဘက်ကတုပ်တုပ်မျှမလှုပ်သည်မို့။

လူသေအလောင်းလားဟုပင်ထင်သွားသည်။

""သခင်လေး သခင်လေး ခေါါသံနှင့်စိုင်းလုံကအနားရောက်လာသည်။

သခင်လေး "ဟင် ဒီမိန်းကလေးကဘယ်လိုဖြစ်လို့"

အံ့ဩတကြီးနှင့်စိုင်းလုံ အကြည့်တွေကြောင့်

"အသက်ရှိသေးလား စမ်းကြည့်လိုက်"

""ဟုတ်ကဲ့ သခင်လေး အနားမှာဒူးထောက်ထိုင်လိုက်ပြီး

နှာခေါင်းနားကို လက်ကိုမရဲတရဲကပ်ကြည့်တော့ အသက်ရှူသံမျှင်းမျှင်းနဲ့အတူလေပူတစ်ချို့ကြောင့်
သခင်လေးမျက်နှာကိုမော့ကြည့်လိုက်သည်။

ဘယ့်နှယ့်လဲဆိုတဲ့အမူအရာနှင့်မေးငေါ့ပြတဲ့သခင်လေးကို ခေါင်းညိမ့်ပြလိုက်သည်။

""ထမ်းခေါ်ခဲ့ဆိုတဲ့ အမိန့်တစ်ခုနှင့်အတူ သူစိမ်းမိန်းကလေးတစ်ယောက်ဟာ ဟော်နန်းကိုရောက်ရှိလာသည်"

ကျန်သည့်အချိန်ဆိုကိတ်စမရှိပေမယ့်
ခုလိုအရေးကြီးသည့်အချိန်အထူးသဖြင့် သခင်လေးကိုလုပ်ကြံမည့်သူတွေများနေသည့်အချိန်တွင်တော့ ဒါဟာသခင်လေးနဲ့ သခင်ကြီးကြားပြသနာတစ်ခုဖြစ်လာနိုင်ပေသည်။

မိန်းကလေးကိုထမ်းပိုးရင်းရှေ့ကနေလျှောက်သွားသည့်သခင်လေးနောက်ကျောကိုကြည့်ရင်းစိုင်းလုံဉာဏ်မှီသလောက်တွေးနေမိသည်။

၃၀.၅.၂၄
နောက်တစ်ပိုင်းမျှော်🤎

လွမ်းချင်းသီသော တောင်ယံဆီမှWhere stories live. Discover now