Part (3)🍓

32 1 2
                                    

""သခင်လေး ပြန်ရောက်ပါပြီလား ခေါင်းကိုညွတ်ပြီးနှုတ်ဆက်လိုက်သော အိမ်တော်ထိန်းကြောင့်
ဇန်တည်ဘွား အိမ်တောိအပေါ်ထပ်သို့တက်ရန်ပြင်သေ‌ာခြေလှမ်းကိုရပ်လိုက်သည်။

""ညနေ ဘယ်ချိန်အားတယ်ပြောသလဲ ကျွန်တော်ဘယ်ချိန်သွားဖို့အဆင်ပြေတယ်လို့ပြောလဲ"

""သခင်လေးအဆင်ပြေတဲ့အချိန်လာဖို့ပြောလိုက်ပါတယ် မယ်တော်ကြီးကတော့လာဖြစ်အောင်လာဖို့ထပ်မှာလိုက်ပါတယ် သခင်မလေးနန်းကျော့ဝါတို့မိသားစုရောလာမှာမို့ ဆက်ဆက်လာဖို့ပြောလိုက်ပါတယ်သခင်လေး""

""ကောင်းပြီ ည၇နာရီခွဲလောက်ကားအဆင်သင့်ပြင်ထားလိုက်ကျွန်တော်သွားလိုက်မယ် စိုင်းလုံနဲ့အတူပါလာတဲ့ကောင်မလေးကို သမားတော်ခေါ်ပြီးဧည့်သည်အခန်းမှာ ဆေးကုပေးလိုက် ကျွန်တော်ပြန်လာရင်အဆင်ပြေနေတာပဲ မြင်ချင်တယ် အဲ့တာကျွန်တော့်ဧည့်သည်ရန်ကုန်က သေချာဂရူစိုက်ပေးထားပါ"

စိုင်းလုံထမ်းလာသောသူစိမ်းမိန်းကလေးကို မကြည်သလိုကြည့်နေသော အိမ်တော်ထိန်းကို ဇန်တည်ဘွားအမိန့်ဆန်ဆန်ပြောလိုက်ရသည်။

အမိန့်အာဏာတွေကြားကြီးပြင်းရှင်သန်လာပြီး သခင့်အရေးကလွဲလို့ကျန်တာမတွေးတဲ့အိမ်တော်ထိန်းတို့လိုလူတွေကို သူတစ်ပါးဒုတ်ခရောက်နေလို့ကယ်လာကြောင်းရိုးရိုးရှင်းပြလို့ရမှာမဟုတ်ပေ။

"ကောင်းပါပြီ သခင်လေး"

ဧည့်သည်လို့ပြောတာမယုံပေမယ့် သခင်လေးစကားမို့မပယ်ရှားဝံ့ပေ။

တိုးတိုးတိတ်တိတ်သခင်ကြီးကိုအကြောင်းကြားထားဖို့သာတွေးလိုက်မိသည်။

............….....

"စိုင်းလုံ ကောင်မလေးကို ဧည့်သည်ခန်းထဲပို့ပြီး မိစိုးကိုအခန်းထဲသွားနေဖို့ပြောလိုက် ဒီမှာဧည့်သည်ခန်းသော့ ငါသမားတော်ကိုဖုန်းဆက်ခေါ်ထားမယ်"

လူတစ်ယောက်လုံးကိုထမ်းထားရသောစိုင်းလုံလက်ထဲသော့ထည့်ပြီးလှည့်ထွက်သွားသော အိမ်တော်ထိန်းကိုစိုင်းလုံအံ့ဩမိသည်။

လူတစ်ယောက်လုံးထိခိုက်ထားတာကိုလှည့်တောင်မကြည့်သောအိမ်တော်ထိန်း၏နေစိမ့်မှုကတော့အံ့ဩဖွယ်ပင် ။

သခင်ကြီးမိသားစုမှလွဲ၍ သူ့စိတ်တွင်ဘယ်သူမှမရှိဘူးလို့ မိစိုးတို့ပြောတာကြားဖူးပေမယ့်ခုတော့လက်တွေ့ပင်။

သူစိမ်းကောင်မလေးကိုဧည့်ခန်းမှဆက်တီခုံပေါ်ကိုခနချကာ မိစိုးတို့ရှိရာမီးဖိုဆောင်ဆီသို့အပြေးထွက်လာခဲ့သည်။

""မိစိုးရေ မိစိုး "

မီးဖိုချောင်ရှေ့တင်အော်ခေါ်နေသောစိုင်းလုံကြောင့်
မီးဖိုဆောင်မှအသက် ၂၀အရွယ်မိန်းမငယ်တစ်ဦးထွက်လာသည်။

"ဘာဖြစ်လို့လဲစိုင်းလုံ အမေနန်းကြားရင်တော့နင်အထုခံရတော့မယ် အော်ကြီးဟစ်ကျယ်နဲ့"

""ဖြစ်ပုံကဒီလိုဟ အမေနန်းကိုပြောပြီးမြန်မြန်လိုက်လာခဲ့အုန်း"

မီးဖိုဆောင်မှူးအမေနန်းကိုအကျိူးအကြောင်းပြောပြီးမိစိုးနဲ့စိုင်းလုံနှစ်ယောက် ဟော်နန်းငယ်သို့ခပ်သွက်သွက်သွားကြတော့သည်။

..........................
""ဆရာ၀န်ရောက်လာပြီး ခေါင်းပေါက်သွားတာမို့ အနာကိုပတ်တီးစည်းပြီး လိုအပ်တာတွေပေးသွားပါတယ် သခင်လေး ဟူတ်ကဲ့ ဂရုစိုက်လိုက်ပါ့မယ်"

ဟော်နန်းကသခင်ကြီးတို့ဆီညစာထမင်းပွဲထွက်သွားသည့်သခင်လေးဆီမှဖုန်းကို စိုင်းလုံဖြေနေခြင်းဖြစ်သည်။

အိမ်တော်ထိန်းကြီးက ဘေးကကြည့်နေသည်မို့ စိုင်းလုံခေါင်းသာစွတ်ညိမ့်နေမိသည်။

"ဘယ်လိုဧည့်သည်မို့ ဒီလောက်ဂရုစိုက်နေသလဲသခင်လေး စဉ်းစားစရာပဲ တီးတိုးရေရွတိနေသည့် အိမ်တော်ထိန်းကြီးသည် သခင်ကြီးဆီသို့အကျိုးအကြောင်းပြောဖို့စာတစ်စောင်ရေးရန်ဆုံးဖြတ်လိုက်သည်။

3.6.2024
🍓☀️

လွမ်းချင်းသီသော တောင်ယံဆီမှWhere stories live. Discover now