Part - 20

722 68 23
                                    

နောက်နေ့မနက်မှာလည်း ဧည့်သည်မိသားစုခမျာ ကံမကောင်းရှာသေး..။ လျိုပိုင်မေ ရေချိုးခန်းဝင်တော့ ပေကျင်းမှ ယူလာခဲ့သော ပစ္စည်းများနှင့် ချိုးသည်..။ သူမအတွေးတွေက ရှောင်းကျန့်ကို အိမ်ပြန်ခေါ်ဖို့သာ..။ ဒီလို ဒိတ်အောက်ပြီး ဟောင်းနွမ်းယိုယွင်းနေတဲ့ အိမ်မှာ မနေချင်လောက်ပါဘူး..။ ဧည့်ခန်းထဲက TVကလည်း ‌အန်းတိတ်ဖြစ်နေပြီ..။ အခန်းလေးကလည်း ကျဉ်းကျဉ်းလေး..။ ကိုယ့်အတွေးနှင့်ကိုယ် သူမ Bathrobeနှင့် အခန်းပြင်ထွက်ခဲ့သည်..။

"အား!! ဘာကြီးလဲ!!"

နဲ့ထုံက သူမကိုကြည့်ပြီး အလန့်တကြားအော်သည်..။

"ဘာဖြစ်လို့လဲ"

နဲ့ထုံက မှန်တင်ခံုကို ညွှန်ပြသည်..။

ဘာများရှိလို့ပါလိမ့်..။ မှန်တင်ခုံပေါ်မှာ ဘာမှမရှိပါဘူး..။ မှန်ထဲကြည့်လိုက်တော့မှ သူမပါ ထအော်မိသွားသည်..။

"အား!!"

"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ"

ရှောင်းချန်က အပြင်မှ တံခါးခေါက်၍ မေးသည်..။

"ဘာမှမဖြစ်ဘူး!! ဝင်မလာနဲ့!!"

"သေချာရဲ့လား"

"သေချာတယ်.. ဘာမှမဖြစ်ဘူး!!"

ဟုတ်တယ်..။ ခင်ပွန်းဟောင်းကိုတော့ ဒီလိုပုံစံကြီး မပြနိုင်ပါဘူး..။ လုံးဝပဲ..။

"ကျွန်မကို ဆံပင်ညှပ်ဆရာ အမြန်ခေါ်ပေး!!"

"အေး.. အေး.. ငါသွားပြီ"

***

"အိမ်လိုက်ညှပ်ပေးတဲ့ ဆံပင်ညှပ်ဆရာအသိရှိလား"

"အာ.. အိမ်လိုက်မလိုက်တော့ မသိဘူး.. phone no တော့ရှိတယ်"

ရှောင်းချန်က ဘာမှမသိသလို ပြောသည်..။ တကယ်တော့ Catherine ပြောပြ၍ ဘာတွေဖြစ်နေမှန်း သိနေပြီ..။ Catherine က ဘေးမှာ ပြုံးစိစိ..။

"ရော့ ဒီမယ်"

"ကျေးဇူး"

နဲ့ထုံက ကမန်းကတမ်း အပေါ်ပြန်တက်သွားသည်..။

***

"ဘာလို့ ပြုံးစိစိ ဖြစ်နေကြတာလဲ"

ရှောင်းကျန့်က နားမလည် ပါးမလည် မေးသည်..။ Danny, Raena,ရွှေလန်နှင့် Mophia တို့အားလုံး ဝါးကနဲ ရယ်ချလိုက်တော့မည့်ပုံ ဖြစ်နေသည်..။ ရိပေါ်ပင်လျှင် ပြုံးစိစိ..။

Moonlight SonataWhere stories live. Discover now