Part - 26 ( Final)

1K 68 36
                                    

Stanjer တပည့် Giftတွေကို ဖိနှိပ်နိုင်သောသူက နာကျင်စွာ အော်ရင်း ဒူးညွှတ်ကျသွားသည်..။ မြေပြင်ပေါ်မှာလည်း ခေါင်းကို ကိုင်ပြီး လူးလှိမ့်နေသည်..။ Leo Desperion ၏ နာမည်ကြီးသော giftတခု..။ တဖက်လူ၏ အနာကျင်ရဆုံး ပုံရိပ်ကို ပြန်မြင်စေခြင်း..။

ရှောင်းပါးကို ချုပ်ထားသော အစောင့်နှစ်ဦးကတော့ Raenaနှင့် Catherine ၏ ကန်ချက်မိသွားသည်..။ သို့သော် သူတို့ ချက်ချင်းပြန်ထ,လာနိုင်သည်..။ ပြီးတော့ လေးယောက်သား လုံးထွေးနေကြတော့သည်..။

သူ့ပခုံးပေါ် အလေးချိန်တခု ထမ်းပိုးထားရသလို ဖြစ်နေသော ခံစားချက် ပျောက်သွားသည်နှင့် တပြိုင်နက် ရှောင်းကျန့် လေစွမ်းအင်ကို သုံးပြီး ပါးဆီသွားလိုက်သည်..။

ဖန်ချူးယဲ့က နေရာမှာတင် ကြက်သေ သေနေသည်..။

"မဖြစ်.. မဖြစ်နိုင်ဘူး.. ရှောင်းကျန့် အလွယ်တကူ ဝင်လာလို့ရတယ်ဆိုတာ ငါ တမင် ပေးဝင်ခိုင်းလိုက်လို့လေ.. မင်းတို့က ဘယ်လိုလုပ်__"

"ငါ ပေးဝင်လိုက်တာ"

ပြောလိုက်သူက Lesley..။

"ဖန်ချူးယဲ့.. ခေါင်းဆောင်မျိုးဆက်ဆိုတာ တခုထဲနဲ့ မင်းကိုယ်ကျိုးအတွက် ဝံပုလွေတွေကို အသုံးချနေတာ ငါ ဒီ့ထက်ပို ကြည့်မနေနိုင်တော့ဘူး"

ဝမ်ရိပေါ်တို့ ရောက်လာတော့ Lesley ကိုယ်တိုင် ထွက်ပြီး ညှိထားခြင်းဖြစ်သည်..။ ဝမ်ရိပေါ်တို့ကို တိုက်ခိုက်ခြင်းမပြုပဲ အေးအေးသက်သာ ပေးဝင်စေမည်..။ အပြန်အလှန်အားဖြင့် ဒီအရှုပ်အရှင်းမှာ ပါဝင်ပတ်သက်လိုမှု မရှိသော ဝံပုလွေများကို ခွင့်လွှတ်ပေးရမည်..။ ပြီးတော့ သူ ယခင်က Stanjerနှင့် ပူးပေါင်းဖို့ ကြံစည်ခဲ့ဖူးတာကိုလည်း ဝမ်ရိပေါ်ဘက်မှ အာဃာတ မထားရ..။

ပုံမှန်ဆိုရင်တော့ ဝမ်ရိပေါ် ဘဝမှာ ညှိနှိုင်းတာတွေ ဆွေးနွေးတာတွေ လုပ်လေ့မရှိ..။ ဘေဘီနှင့် ပတ်သက်နေလို့သာ ဒင်းတို့ ကံကောင်းသွားတယ်..။

"ခင်ဗျားက ခေါင်းဆောင်မျိုးဆက်ကို ပုန်ကန်ချင်တာလား"

"သက်ဦးဆံပိုင် ဘုရင်စနစ်.. ဘုရင့်သားမို့ ဘုရင်ဖြစ်တဲ့ စနစ် ကုန်သွားပြီ ကောင်လေး.. မင်း ဘုရင်ဖြစ်ချင်လား..  အဲ့ဒီနေရာနဲ့ ထိုက်တန်ကြောင်း သက်သေပြပါ"

Moonlight SonataWhere stories live. Discover now