past2

1.2K 44 8
                                    

မန္တလေးကဲ့သို့ မပူပြင်းတာကြောင့်သဝဏ်လွှာ တစ်ယောက် ရာသီဥတုကိုတော့ သဘောကျမိနေတာတော့အမှန်ပါ

"မေမေတို့လည်း ပြန်သွားကြပီမို့ ထိုအိမ်လေးထဲတွင် ကြီးကြီးနှင့် သူမ နှစ်ယောက်ထဲသာ"

"စည်းကမ်းကြီးလွန်းသော ကြီးကြီးနှင့်မျက်နှာချင်းဆိုင် ရမည်ကိုပင် ကြောက်ရွံ့နေမိပါတော့တယ်"

"သမီးငယ် နက်ဖြန်မနက်6နာရီကစပီး Grade12စာ စသင်ရမယ်နော်ကြီးကြီးကျောင်းက ဆရာလေးအိမ်မှာသွားသင်ရမှာမလို့ လိုအပ်တာတွေ ပြင်ဆင်ထား"

"ဟုတ်ကဲ့ကြီးကြီး"

နံနက်ခင်းရဲ့ နေရောင်ခြည်ဦးလေးက မသိမသာ ထိုးထွက်လာခဲ့ပြီ သဝဏ်လည်းကြီးကြီးနဲ့အတူ အမည်မသိ ဆရာအိမ်သို့ သွားနေသည်မှာ ငါးမိနစ်ခန့်ပင် ကျော်နေပြီဖြစ်သည်။

"ဒါက သမီးစာသင်ရမဲ့အိမ်ဘဲ "

"ရေနံကြီးဝနေသော ပျဥ်ထောင်အိမ်နှစ်ထပ်ကြီးသည်လည်း တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေပြန်သည်"

အိမ်ထဲသို့ကြီးကြီးခြေလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် နက်ပြာရောင် ရှပ်အင်္ကျီလက်တိုနှင့် ပုဆိုးကွက်စိပ်ဝတ်ဆင်ထားသော လူတစ်ယောက်သည် ကြီးကြီးအားနှစ်လိုဖွယ် ပြုံးပြနေပေသည်

"ကြွပါ ဆရာမကြီး"

"သားတခေတ်က ကြိုစောင့်နေတာဘဲ "

"ဒါက ဆရာမကြီးတူမလေး ယွန်းသဝဏ်လွှာတဲ့ Grade12တက်မှာသားရေ"

"ကြည့်ပေးပါအုန်းငါ့သားရေ တူမလေးက တစ်ဦးတည်းသောသမီးမို့လို့ နည်းနည်းတော့ဆိုးတယ်ကွယ်"

"ရိုက်စရာရှိရင်လည်း ရိုက် ဆရာမကြီးကို အားနာစရာမလိုဘူး သားတခေတ်"

"ကဲဒါဆိုဆရာမကြီး သွားတော့မယ်နော်သား"

"ဟုတ်ကဲ့ဆရာမကြီး"

ဆရာမကြီးနဲ့စကားလက်ဆုံကျနေလို့ ကိုယ့်စာသင်ပေးရမဲ့ ကလေးကိုတောင်ငုံ မကြည့်ဖြစ်ပါ

"ဟိတ်...ချာတိတ်"

"ရှင်.. ဆရာ"

"မင်းက ဟိုတနေ့က ကလေးမလေးမဟုတ်လား"

အမိန့်တစ်ခုရဲ့ပဲ့တင်သံWhere stories live. Discover now