past3

1.2K 41 4
                                    

"သုံးချက်လေးရိုက်မိတာကို ရှုိက်နေတဲ့ ကလေးမလေးကိုကြည့်ပီးတခေတ် ပြုံးစစ​တော့ဖြစ်မိသား"

"ရပီဒီနေ့တော့ဒီလောက်ဘဲ ကျူရှင်ဆင်းလို့ရပီ"

"မဆင်းလို့လဲမရ ချာတိတ်ကတရှုံ့ရှုံ့နဲ့ မျက်ရည်တော့မကျသေး ဒါပေမဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေမှာ မျက်ရည်ကြည်လေးတွေတော့ ဆို့နေပီ"

ချာတိတ်နဲ့အတူအိမ်အောက်ထပ်ကို ဆင်းလာတော့ မေမေက ချာတိတ်လက်ကိုဆွဲလျက် စကားစပြောတော့သည်။

"သမီးလေးက ဆရာမကြီးရဲ့တူမလား"

"ဟုတ်ပါတယ် အန်တီ...."

"ဒါက ဆရာ့မေမေ ဒေါ် စောယဥ်သွဲ့ ဆိုပီး ချာတိတ်နားလည်အောင် သူဘဲ ဝင်ရှင်းပြလိုက်ပါတော့တယ်"

"သမီးလာ မနက်စာစားသွားဟုဆိုက အတင်းဆွဲခေါ်နေတဲ့ အန်တီ့ကြောင့် သဝဏ်လဲ အန်တီဆွဲခေါ်ရာနောက်သာ လိုက်ခဲ့ရပါတော့တယ်"

"မီးဖိုခန်းလို့ ထင်ရတဲ့နေရာလေးမှာရေခဲသေတ္တာအသေးလေးတစ်လုံးနဲ့ ပန်းကန်စင်တို့သည် သပ်သပ်ရပ်ရပ်နေရာယူနေလေသည်"

"အိမ်အပြင်ဘက်မှာတော့ အဖီလိုအရာမျိုးလေးဆွဲထားပီး မီးဖိုလေးတွေနဲ့ အိုးခွက်လေးတွေ တွေ့ရတာကြောင့် သဝဏ်ကြောင်ကြည့်နေမိတယ်"

"သဝဏ်တို့မိသားစုက အသိုင်းအဝိုင်းကြီးထဲကဖြစ်ပီးယခုအသက်အရွယ်ထိ မီးဖိုချောင်ထဲတောင်မဝင်ဖူးတာမို့ သဝဏ့်အတွက် ဒါတွေက သိပ်ကိုထူးဆန်းနေလေတော့သည်"

"လာချာတိတ်......."

သစ်သားစားပွဲခုံလေးပေါ်တွင်.......

ပုဇွန်ခြောက်နှင့်ကြက်သွန်နီလေးကိုပါးပါးလှီး၍ရောချက်ထားသောဟင်းရည်လေးနှင့်အတူ ဆန်ခေါက်ဆွဲကိုရောစေလျက် အပေါ်ယံတွင်တို့ဟူးကျော်လေးနှင့်ကြက်သွန်မြိတ်လေးအုပ်၍ ကြက်သွန်​​ဖြ​ူဆီချက်လေးစမ်းထားသော အငွေ့တထောင်းထောင်းနှင့် ထိုခေါက်ဆွဲပန်းကန်သည် သဝဏ်အားအလွန်ဆွဲဆောင်နေပေသည်။

"ရွှေမန်းမြေတွင် သဝဏ်စားဖူးသောခေါက်ဆွဲသည်ကား ဤသို့မဟုတ်"

အမိန့်တစ်ခုရဲ့ပဲ့တင်သံWhere stories live. Discover now