ဆောင်းဟွန်းသည်ဝဲတတ်လာသောမျက်ရည်များကိုတဖြတ်ဖြတ်ခတ်၍ လက်သီးတင်းတင်းဆုပ်ထားလိုက်မိသည်။
ဖေဖေကပြောဖူးသည်။
ယောင်္ကျားဆိုတာမငိုရဘူးတဲ့။စိတ်တိုနေသောဆောင်းဟွန်း၏ဖြူဖွေးဖွေးအသားအရေလေးသည် နီရဲရဲပင်ဖြစ်နေလေပြီ။
သူ့ရှေ့မှခေါင်းလုံးတစ်လုံးစာနိမ့်ပြီး အသက်အရွယ်အားဖြင့်လည်း နှစ်နှစ်လောက်ငယ်သောကလေးသည် စုပ်လုံးတစ်ခုကိုစား၍ သူ့ကိုစိုက်ကြည့်ကာ အတော်လေးဖောင်းနေသောပါးများ အပေါ်တတ်သည့်အထိပြုံးပြလိုက်သည်မို့ ဆောင်းဟွန်း၏မျက်ခုံးများကပို၍ကြုံ့သွားရသည်။
ဆောင်းဟွန်းနောက်ဖြစ်မည့်အကျိုးဆက်များကို မတွေးနိုင်တော့ဘဲ ထိုကလေးကနီရဲရဲပါးဖောင်းကြီးများကိုဆွဲကုတ်ပစ်လိုက်သည်။
တအံ့တဩဖြင့်ကြောင်အနေပြီးမှ အော်ငိုလာသောကလေးသည် နီနီရဲရဲပါးဖောင်းဖောင်းပေါ်တွင် ပို၍နီရဲနေသော ကုတ်ရာများပေါ်လာလေသည်။
ထိုအခါမှ ဆောင်းဟွန်းဟာသတိဝင်လာကာ ကြောက်ကြောက်လန့်လန့်ဖြင့်မိမိအခန်းထဲသို့ဝင်ပြေးမိတော့သည်။
ခဏအကြာတွင် ထိုငိုသံမှာတိုးသွားပြီး မေမေတို့ကချော့မော့နေသည့်အသံများထွက်ပေါ်လာသောအခါ ဆောင်းဟွန်း၏အပြစ်ရှိစိတ်လေးပင်ပျောက်ကွယ်သွားပြီ ပါးနောက်တစ်ဖက်ကိုပါဆွဲကုတ်ချင်စိတ်ဖြစ်ပေါ်လာသည်။
စောစောကဖြစ်ပေါ်ခဲ့သည့်အရိုက်ခံရမှာကြောက်သည့်စိတ်ကိုပင် ဒေါသနှင့် ဝမ်းနည်းစိတ်ကဖုံးလွှမ်းနိုင်ခဲ့သည်။
မေမေတို့ကဆောင်းဟွန်းကိုတော့ ယောင်္ကျားလေးဆိုတာမငိုရဘူးလို့ပြောပြီးတော့....
ဆောင်းဟွန်းသည့်တံခါးကိုမှီကာဒူးနှစ်ဖက်ကိုပိုက်ထားရင်းမငိုမိအောင် အံကြိတ်လိုက်ရသည်။
ခြောက်နှစ်အရွယ်ဆောင်းဟွန်းသည် အသက်နှင့်မလိုက်အောင်ပင် ငယ်ငယ်လေးကတည်းက ကင်မ်ဆောလ်နူးမည်သော ထိုကလေးကို အလွန်ပင်မုန်းတီးနေပြီဖြစ်သည်။
YOU ARE READING
ᴛʜᴇ ᴅᴇꜱᴄᴇɴᴛ ᴏꜰ ᴛʜᴇ ʜᴇᴀʀᴛ/ꜱᴜɴꜱᴜɴ/
FanficPark Sunghoon × Kim Sunoo A Sunsun commission fic Written in Burmese By Chocomilkshake