-17

302 56 26
                                    

ဟန်ဘင်းအကြံနဲ့လေးယောက်သား ကစားကွင်းသွားဖြစ်ကြသည်။ ဂျီအွန်းနဲ့ဂျင်းနီကတော့ အမ်းတမ်းတမ်းဖြစ်နေပုံ။ သူတို့က နှစ်ယောက်တည်းစီ အချိန်ဖြုန်းချင်ကြတာလေ။

"ကိုကို.. ရိုလာကိုစတာစီးချင်တယ်"

"အင်းး စီးမယ်လေ.."

ဂျင်းနီက ပူဆာတာရသွားတဲ့ကလေးတစ်ယောက်လို ပျော်ကာ..

"မက်သရူးနဲ့ ဂျီအွန်းအိုပါးလည်း တူတူလိုက်စီးလေ"

"အကိုကအဆင်ပြေတယ် မက်သရူးသဘော"

မက်သရူးဖြေချိန်တောင်မရ။ ဂျင်းနီကအတင်းဆွဲခေါ်သွားသည်။ အတွဲပေါ်တွင် ဂျင်းနီနဲ့ဟန်ဘင်းကနောက် မက်သရူးနဲ့ဂျီအွန်းကရှေ့ကထိုင်ကြသည်။

"အမြင့်ကြောက်လား.. အကိုကတော့နည်းနည်းကြောက်တယ်"

"ကျနော်တော့မကြောက်ဘူး.. ဒါမျိုးကငယ်ငယ်ကတည်းက စီးလာတာ"

အနောက်က မက်သရူးတို့ပြောနေသည်ကို ဟန်ဘင်းနားစွင့်နေမိသည်။ ကင်ဂျီအွန်းကိုအစကတည်းကကြည့်မရပါဘူးဆို အခုပိုကြည့်မရတော့။

'အမြင့်ကြောက်ရင် အစကတည်းက ဘာလို့လာစီးသေးလဲ'

ရိုလာကိုစတာလည်းစထွက်ရော အရင်ဆုံးအော်ကြတာ ဂျင်းနီနဲ့ ဂျီအွန်းပင်။ အောက်ကိုဆင်းတဲ့အခါမှသာ သူတို့လေးယောက်အသံက တစ်ညီတည်း ထွက်ကြသည်။ ကြောက်လို့ဆိုပြီး မက်သရူးလက်ကိုကိုင်ထားတဲ့ ကင်ဂျီအွန်းကို ဟန်ဘင်းနောက်ကနေ ဆောင့်ကန်ချင်စိတ်ပေါက်မိသည်။ အစကတည်းက အသားယူမဲ့စိတ်ကူးနဲ့ လိုက်ခဲ့လေသလား။ စထွက်ဂိတ်ဆီလည်းပြန်ရောက်ရော ဟန်ဘင်းအရင်ဆင်းကာ စကားပြောနေကြသေးတဲ့ ဂျီအွန်းနဲ့မက်သရူးကို

"မြန်မြန်ဆင်းကြတော့လေ.. ထပ်ပါသွားချင်လို့လား"

ဟန်ဘင်းဇောက်နက်နက်နဲ့ပြောလိုက်တော့ မက်သရူးကကြောင်တောင်တောင်လေးကြည့်ပြီး ဆင်းလာသည်။ ဂျီအွန်းကတော့ ဟန်ဘင်းကိုမကြည်တော့။

"ဂျီအွန်းအိုပါး တကယ်ကြောက်တာရောဟုတ်လို့လား။ မက်သရူးလက်ကိုင်ချင်လို့ တမင်ကြောက်ချင်ယောင်ဆောင်နေတာမလား"

mr.chu285@gmail.comWhere stories live. Discover now