အချစ်ဝတ္ထုတွေထဲမှာ ပါနေကျ ဝါကျလေးတစ်ခု... မျက်လုံးဖွင့်တာနဲ့ ချစ်ရသူမျက်နှာကို ပထမဆုံးမြင်ရတဲ့ မနက်ခင်းတွေက ဘာနဲ့မှလဲလို့မရအောင် တန်ဖိုးအရှိဆုံးပဲတဲ့။ ထိုစကားသည် မှန်သည်ထင်ပါ၏။ မဟုတ်ဘူး သေချာပေါက်ပင်အမှန်ဖြစ်သည်ဟု မက်သရူးတွေးမိသည်။ မနေ့ကပဲ သူတို့နှစ်ယောက်အချစ်တွေကို တစ်ယောက်ကိုတစ်ယောက် ဝန်ခံခဲ့ကြပြီး တစ်ညတာကို အတူဖြတ်သန်းခဲ့ကြသည်မလား။ အခုလည်း သူ့ဘေးမှာ အိပ်မောကျနေတဲ့ ဟန်ဘင်းမျက်နှာချောချောလေးကို ကြည့်၍မဝ။ ဒါတောင် အိပ်မက်များလားဟု မယုံသင်ကာဖြင့် ကိုယ့်လက်မောင်းကို ဆွဲစိတ်ဖြစ်သေးသည်။ မက်သရူး ဟန်ဘင်းမျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို လိုက်ထိနေရင်း သူ့ချစ်ရသူမှာ နိုးလာပုံရသည်။ မျက်ခုံးတန်းတန်းလေးတွေက လှုပ်တုတ်လှုပ်တုတ်နဲ့ တွန့်ချိုးလာလေသည်။
"နိုးပီလား အိပ်ပုတ်"
သူ့ကလေးအသံကြား၍ ဟန်ဘင်းမျက်လုံးတွေကို မဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်လိုက်ရသည်။ ထို့နောက် သူ့ရင်ခွင်ထဲက ကလေးရဲ့ပါးနှစ်ဖက်ကို အူယားစွာ ဆွဲကိုင်လိုက်သည်။
"အားး နာတယ်လေ"
"အာဘွားပေး"
"မျက်နှာမသစ်ရသေးဘဲ"
"ပေးပါလို့.. နော်.. အာဘွား"
လိုချင်တာကို မရမကတောင်းဆိုနေတဲ့ ဟန်ဘင်း.. မျက်လုံးမှိတ်ကာ နှုတ်ခမ်းကြီးကိုဆူလျက်..
"မွ"
မက်သရူးက ဟန်ဘင်းရဲ့ပါးကိုနမ်းလိုက်ကာ
"ဒါပဲရမယ်။ သွား မျက်နှာသစ်"
ပြောပြီးတာနဲ့ မက်သရူး ရေချိုးခန်းထဲပြေးဝင်သွားသည်။ ဟန်ဘင်းကတော့ ချစ်စရာကောင်းလွန်းလို့ သေတော့မှာပဲဆိုပြီး ရေရွတ်ရင်း ကျန်နေခဲ့သည်။
"အားး ဟင်းချက်နေတယ်လေ"
အခုလည်း မက်သရူးဟင်းချက်နေတာကို ဘေးကနေအမျိုးမျိုးကျီစယ်နေတဲ့ ဟန်ဘင်းရယ်ပါ။ မက်သရူးက ဒီနေ့ချက်ကျွေးချင်တယ်ဆိုလို့ ဟန်ဘင်းမှာ ဆီပေါက်မှာတို့ လက်ထိမှာတို့ စိတ်ပူနေရသေးတယ်။ မချက်နဲ့ပြောပြန်ရင်လည်း စိတ်တော်ကကောင်အုန်းမယ်လေ။ ကျေးဇူးတင်စရာအကောင်းဆုံူကတော့ ဂွန်းနုပဲ။ ညနေမှပြန်လာတော့မယ်ဆိုပြီး ဖုန်းလှမ်းဆက်တယ်လေ။ သူတို့နှစ်ယောပ်အခြေအနေကိုမသိဘဲ မက်သရူးတစ်ယောက်တည်းအဆင်ပြေလား သွားကြည့်ပေးပါအုန်းတဲ့။ သွားကြည့်စရာကိုမလိုတာလေ။ အစကတည်းက မျက်စိအောက်ကအပျောက်မခံခဲ့တာ။
YOU ARE READING
mr.chu285@gmail.com
Fanfictionရေးဖြစ်တဲ့ ဒုတိယမြောက် Binthew fic လေးပါ။ အပြင်မှာတစ်ခါမှမမြင်ဖူးတဲ့ လူတစ်ယောက်ကို ချစ်မိသွားနိုင်တယ်ဆိုတာ ခင်ဗျားတို့ယုံလား? အဲ့လူကိုအပြင်မှာတွေ့လာရင်ရော မှတ်မိနိုင်မယ်ထင်လား? ပေါ့ပေါ့ပါးပါး fic လေးပါပဲ။ ဖတ်ကြည့်ရင် နောင်တမရစေရပါဘူး