🤚Chapter 45
စနေနေ့မနက်အစောပိုင်းတွင် ကျိအန်းနဉ် အိပ်ရာမှထကာ သူမအဖွားကို ဆန်ပြုတ်နှင့်ကြက်ဥကို ဂရုတစိုက်ကျွေးလေသည်။ သူမအတွက် နေ့လယ်စာနှင့်ညစာကိုလည်း ထိုအတိုင်းသာပြင်ဆင်ခဲ့သည်။
"နေ့လယ်ဘက်တော့ ပြန်လာနိုင်အောင်ကြိုးစားပါ့မယ်...ပြီးရင်ကော်ဖီဆိုင်ကိုလည်းသွားရဦးမယ်..."
သူမ အဖွားအားပြောလျက် အချိန်နီးကပ်နေသောကြောင့် အိတ်ကိုကောက်ယူပြီး လှေကားအောက်ကို ပြေးဆင်းသွားသည်။အောက်ထပ်ကိုရောက်သည်နှင့် သူ ဝမ်ယွီ၏အနက်ရောင် ဟမ်မာကားကို အလိုလိုရှာကြည့်နေမိတော့လည်း မတွေ့ခဲ့ပေ။ ထိုအစား ကြောက်စရာကောင်းသည့်တာယားဘီးအကြီးကြီးနှင့် အကြမ်းမောင်းဂျစ်ကားကိုသာ တွေ့ခဲ့လေသည်။
ကားမှန်ချလာသည်နှင့် အထဲတွင် ဝမ်ယွီဆေးလိပ်သောက်နေသည်ကို မြင်လိုက်သည်။ သူခေါင်းကိုလှည့်လိုက်သည်နှင့် သူမကို မြင်လိုက်ရ၍ မျက်ခုံးပင့်လိုက်မိသည်။
အဝတ်အစားက လူကိုပြောင်းလဲစေသည်။
ကျိအန်းနဉ်က ဖက်ရှင်ကျကျအိတ်တစ်လုံးပြောင်းလွယ်ပြီး လူငယ်ဆန်ဆန် ဝတ်စားဆင်ယင်သော်လည်း သူမအကောင်းစားတံဆိပ်များကိုဝတ်ဆင်လိုက်ချိန်တွင် ကွဲပြားသွားလေသည်။
သူမကားပေါ်တက်ပြီး ခါးပတ်ပတ်လိုက်ချိန်အထိ ဝမ်ယွီ၏မျက်လုံးများက တောက်ပနေသည်။
"ဘာဖြစ်လို့လဲ..."
ကျိအန်းနဉ် နားမလည်စွာဖြင့် မေးလာခဲ့သည်။"ဘာမှမဟုတ်ပါဘူး..."
ဝမ်ယွီ စိတ်ကောင်းဝင်နေ၍ ပြုံးလိုက်သည်။"သေချာထိုင်...ကိုယ်မင်းကို brunchဖို့ခေါ်သွားမှာ..."
( နောက်ကျမှစားတဲ့ မနက်စာကို ပြောချင်တာပါ )မနက်စာအတွက် အဝေးကြီးသို့သွားရမည်မှာ အစတည်းက အလိမ်အညာပင် ဖြစ်သည်။ ဝမ်ယွီက ကျိအန်းနဉ်စားရန်အတွက် ရိုးရှင်းသည့်နေရာတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။
ပိတ်ရက်မနက်ခင်းတွင် brunchအတူပေါင်းစားပြီးနောက် သူတို့ သူငယ်ချင်းများနှင့် အချို့အားကစားများဆော့ကြမည်ဖြစ်ပြီး နေ့လယ်စာအတူထပ်စားကြရာ အမှန်တကယ်ပင် ပြီးပြည့်စုံသည့် ဒိတ်လေးသာဖြစ်လာလိမ့်သည်။ ယခုက သူတို့နှစ်ယောက်အတွက် ပထမဆုံး ဒိတ်လုပ်ကြခြင်းလည်းဖြစ်သည်။