အပိုင်း ၃၆

1.2K 91 0
                                    

မီးရောင်စုံတဲ့ခြံဝန်းကြီးက ညကိုပိုပြီးအသက်ဝင်စေသည်။ဆူညံသံတွေကြား မြူးမြူးကြွကြွသံစဥ်တစ်ချို့က ပျော်ဝင်ယစ်မူးဖွယ်။ဝိုင်ခွက်ကိုယ်စီကိုင်ထားသူတွေထဲအရောင်အသွေးစုံအလှတွေကအသက်ရှူမှားလောက်စရာ။

ကားထဲမှလှမ်းကြည့်ရင်း ငယ်ငယ်ခေါင်းကိုက်ချင်လာသည်။ကိုကို့ရင်ခွင်ထဲခေါင်းအပ်လို့ ရက်ဘတ်ကိုမျက်နှာလေးနှင့်ပွတ်သပ်မိသည်။

"ငယ်ငယ်သဘောမကျရင်ပြန်ရအောင်လေ"

"မကောင်းဘူးလေကိုကိုရဲ့"

အထဲတောင်မဝင်ရသေးဘူး သူမပျော်ရင်ပြန်ဖို့တောင်ပြင်နေသူကြောင့် ရင်ထဲမှာတသိမ့်သိမ့်ကြည်နူးရသည်။နေရာတိုင်းမှာအရိပ်တကြည့်ကြည့်နှင့်ဂရုစိုက်ပေးနေတာမို့ သူကတောင်ပြန်ပြီးအားနာလာရသလိုပဲ။ဒါပေမယ့်ဖြစ်သင့်ပါတယ်လေ ကိုကိုကငယ်ငယ့်အိမ်ထောင်ဦးစီးပဲဟာ။

"ဘာလို့မကောင်းရမှာလဲ မိတ်ဆွေတွေဆိုပေမယ့်စီးပွားရေးအရပဲ အဲ့လောက်အရေးမပါဘူး လမင်းကြီးလိုငယ်ငယ်နဲ့ယှဥ်ရင် သူတို့ကပိုးစုန်းကြူးသာသာပါ"

"အဲ့ကိုကိုကစကားတအားတတ်တာပဲ"

လက်သီးစုပ်လေးနှင့် ရင်ဘတ်ကိုဖွဖွထုတော့ ရင်ဘတ်တွေလှုပ်ခတ်သည်အထိရယ်မောလာလေသည်။

"ဟိုရောက်ရင်ဝိုင်သောက်လို့မရဘူးနော်"

"ဟုတ်...ကိုကို့အရင်တစ်ခါငယ်ငယ်မူးတုန်းကဘယ်လိုပုံစံလဲဟင်"

သူ့မျက်နှာကိုမော့ကြည့်လာကာမေးလာပုံက စိတ်ဝင်တစား။

"ကိုကို့ကိုကျောပိုးခိုင်းပြီးအိပ်ပျော်သွားတာ"

"ငယ်ငယ်ကဘာလို့မမှတ်မိတာလဲ"

"မူးနေလို့ပေါ့"

"အာ့ဆို ကိုကိုနောက်နေ့မနက်စိတ်မကြည်တာငယ်ငယ့်ကြောင့်လား"

ဟုတ်သည် အရင်တစ်ခါမူးနေတုန်းကဘာတွေလုပ်ဖြစ်ခဲ့လည်း သူမမှတ်မိ။နောက်နေ့ကိုကိုမျက်နှာမကောင်းတာတော့သိသည်။အဲ့ဒီတုန်းကဇွတ်မေးတာတောင်ဖြေမလာတာမို့ သူဆက်မမေးဖြစ်ခဲ့။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ် (Complete)Where stories live. Discover now