အခန်း(၁)

150 5 0
                                    

# တစ်နာရီစာချုပ် #
အခန်း(၁)

" ဘာသိန်းနှစ်ဆယ် "
" အင်းသိန်းနှစ်ဆယ်များတယ်ထင်လို့လားအဲ့ဒါဆိုလည်းရတယ်လေ မလုပ်ရုံပေါ့ "
" နေဦး. ..ခဏစောင့်ငါ့သူငယ်ချင်းနဲ့ တိုင်ပင်ဦးမယ်ငါးမိနစ်အချိန်ပေး"
" အိုကေ "
ဖုန်းစခရင်မှနံပါတ်အချို့ကို တတီတီနှိပ်ပြီး ဖုန်းခေါ်နေသည့်နေဓနကိုကြည့်ပြီးခရမ်း ပြုံးလိုက်၏။ သူ့လှည့်ကွက်ထဲကို နေဓန အလွယ်တကူဝင်လာလိမ့်မည်ဟုထင်မထားခဲ့။ သို့သော်လည်း ကံဇာတာ ကောင်းသည့်နေ့ဆိုတော့လည်း စားရကံကြုံ၍ မုတ်ဆိတ်တွင်ပျားစွဲခဲ့ချေပြီ။ ကျားနှင့်မှကစားချင်သည့် ယုန်သူငယ်လေးအတွက် စိတ်မကောင်းမိသော်လည်းမည်သို့မှမတတ်နိုင်။
"သိန်းနှစ်ဆယ်နော်သေချာတယ်နော် ပြီးမှဈေးမပြောင်းနဲ့နော် "
" ခရမ်းစွဲပါနာမည်တစ်လုံးနဲ့နေတာမသေချာတဲ့အလုပ်တွေဘာမှမလုပ်ဘူး"
"ပြီးရောမနက်ဖြန်မနက်ဆယ်နာရီကနေ ဆယ့်တစ်နာရီအထိမင်းအလုပ်ချိန်ပဲသေချာပါစေနော် ပိရိပါစေ  မဟုတ်လို့ကတော့သိန်းနှစ်ဆယ်မပြောနဲ့နှစ်ကျပ်တောင်မင်းမရစေရဘူး"
"အိုကေလောလောဆယ်သေချာဖို့တော့ဒါလိုသေးတယ် "
လက်မနှင့်လက်ညှိုးကိုဝိုင်းပြလိုက်တော့နေဓနမျက်မှောင်ကြုံ့ကြည့်သည်။
"ဟာ စရံလေစရံ အလကားတောင်းတာမဟုတ်ဘူး စရံတောင်းတာဘယ်အလုပ်ဖြစ်ဖြစ် အလုပ်အပ်သူနဲ့ အလုပ်လက်ခံသူကြားမှာစရံဆိုတာရှိရတယ် "
လေသံကို ခပ်မာမာပြောလိုက်မှနေဓနဘက်ကလျှော့သွားသည်။ ပြီးလျှင်အကျီၤအိတ်အတွင်းက ပိုက်ဆံ အိတ်ကို ထုတ်နေ၏။ ထိုအခါသူ့မျက်နှာထက်တွင် ဒုတိယအကြိမ်မြောက်အပြုံးပန်းများပွင့်လာပြန်၏။
"ရော့နှစ်သိန်း အလုပ်မဖြစ်ရင်နှစ်ဆပြန်လျှော်ဒါပဲ "
" အိုကေ "
ထိုသို့ပြောပြီး အနားကထွက်သွားသည့်နေဓနကျောပြင်ကိုကြည့်ကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ငွေရချင်၍ ထိုအလုပ်ကိုလက်ခံလိုက်သော်လည်း ထင်သလောက်မလွယ်ကူမှန်း စိတ်မှာအလိုလိုသိနေ သည်။
"ဘာမှမဖြစ်ပါဘူးတစ်နာရီလေးပဲဟာ တစ်နာရီလေးနဲ့သိန်းနှစ်ဆယ်ဆိုတာ အိပ်မက်ထဲမှာတောင် မက်လို့ ရတာမှမဟုတ်တာ ဘာပဲဖြစ်ဖြစ်ငါအတတ်နိုင်ဆုံးတော့ကြိုးစားကြည့်ရမယ်"
သူ့ကိုယ်သူထိုသို့အားပေးပြီး နေဓနစရံအဖြစ်ပေးသွားသည့် ငွေနှစ်သိန်းပါသော ခြေလှမ်းအစုံက အိမ်ဟူသော ရိပ်မြုံလေးသို့မြန်မြန်ဆန်ဆန်ရွေ့လျားနေ၏။
***************
" နာမည်ကနေဓန "
" အင်း "
"ဓနလျှံကုမ္ပဏီရဲ့အမွေဆက်ခံသူ ရူပါဖြောင့်တယ် အနေတည်တယ် တော်ရုံမိန်းကလေးဆို အနားမကပ်ရဲ ဘူး မာနမင်းသား တေမိမင်းသား ရေခဲတုံးမင်းသားလို့ နာမည်ကြီးလောက်အောင် အေးစက်တယ် သွေးအေးတယ် အဖေတူ အမေကွဲအစ်ကိုရှိတယ် သြဇီမှာအိမ်ထောင်ကျသွားပြီ အခုသူကတစ်နာရီ သတို့သမီးလောင်းကို ရှာနေတယ် သူ့သူငယ်ချင်းက ငါ့အသိဆိုတော့ ငါ့ကိုအကူအညီတောင်းတယ် ငါကလည်းမကူညီနိုင်ဘူး ဒီတော့နင်များစိတ်ဝင်စားမလားလို့ပြောပြနေတာ "
"စိတ်ဝင်စားတာကထားပါသူကဘာလို့ တစ်နာရီသတို့သမီးလောင်းကိုရှာတာလဲ အဲ့အပိုင်းတော့ ငါ နားမလည်ဘူး"
"ဒါကဒီလို သူ့မိဘတွေကလည်း သြဇီမှာအပြီးသွားနေတော့မှာ မသွားခင် သူတို့သားကိုအမွေတွေလွှဲပေး ထားခဲ့မှာ ဒါပေမယ့် နေဓနနဲ့လက်ထပ်မယ့်သတို့သမီးလောင်းရှိမှ အဲ့ဒီအမွေတွေကိုပေးမှာ စီးတဲ့ရေ ဆည်တဲ့ ကန်သင်းလိုပေါ့ ထိန်းသိမ်းပေးမယ့်ဇနီးလောင်းကို သူတို့စိတ်ကြိုက်ရွေးပြီးသား နေဓနက မကြိုက်ဘဲသူ့မှာလက်ထပ်မယ့်သူရှိပါတယ်ဆိုပြီးပြောလို့ခုကိစ္စတွေဖြစ်လာတာ"
"အော် သဘောပေါက်ပြီချစ်သူရှိပါတယ်လို့ မိဘတွေကိုညာပြီး ခုချစ်သူကလက်ဆုပ်လက်ကိုင် ပြစရာ မရှိတော့ အသည်းအသန်ရှာနေရတာအဲ့ဒီလိုလား"
"အင်း"
"ဒါနဲ့နေပါဦးရှာတာကဟုတ်ပါပြီတစ်နာရီဆိုတာက "
"သူ့မိဘတွေလေယာဉ်မတက်ခင်အချိန်သူ့ချစ်သူကိုခေါ်လာပါ့မယ်လို့ပြောထားလို့တဲ့"
" အော် "
စိတ်အစဉ်က အတိတ်နေ့ရက်အချို့ဆီကို အလည်ရောက်မိနေသည်။ အဆင်မှပြေပါ့မလား။ မည်သည့် အလုပ်ကိုပဲလုပ်ပါစေ။ တွေးပူခြင်း၊စိုးရိမ်ခြင်းမရှိသောသူ။ ခုအလုပ်အတွက်ဘာကြောင့် ဝန်လေးနေသကဲ့သို့ ခံစားမိပါသနည်း။
"ဟားးးးဟားးးး "
"ခစ်ခစ်ခစ်"
"အဟင်း..ဟင်း"
အိမ်ရှေ့ခန်းမှ မိသားစု၏ရယ်သံများကြောင့် အပူအပင်များကြားမှ သူပါလိုက်ပြုံးမိသည်။ အင်းလေ။ စစ်မရောက်ခင် မြှားကုန်နေ၍မဖြစ်။ ပန်းတိုင်ရောက်သည်အထိ ပြေးကြည့်ရဦးမည်။ အကယ်၍ ရှုံးနိမ့်ခဲ့ လျှင်လည်းကံပဲလေ။
***************
"မင်းဟာက ဟုတ်ပါ့မလား စရံဆိုပြီးငွေနှစ်သိန်းတော့ပါသွားပြီနော် "
"အော်စိတ်ချနေစမ်းပါ ဒေလီယာက ယုံကြည်လို့ရပါတယ် ခုမင်းနဲ့အလုပ်တွဲလုပ်မယ့် ကောင်မလေးနဲ့ ဒေလီယာလည်း ငါတို့လိုဆက်ဆံရေးပဲ "
"အေးပါဒါဆိုလည်းပြီးတာပဲ "
"ဟာဟေ့ရောင်ဟိုမှာဖုန်းလာနေတယ်"
" အေး "
သုတညွှန်ပြ၍စားပွဲထက်မှဖုန်းလေးကို ကောက်ယူကြည့်လိုက်သည်။ ဒက်ဒီထံမှဖြစ်နေ၏။
"ဟယ်လိုဒက်ဒီ ဟုတ်ကဲ့ မနက်ဖြန်ဆယ်နာရီလောက်လာမယ်ပြောတယ် ဟုတ်ကဲ့ဒက်ဒီ ဟုတ် "
"ဘာလဲဘာတဲ့လဲ "
ဖုန်းချလိုက်သည်ဆိုလျှင်ပဲ သုတကသူ့အနားပြေးလာပြီးမေးလေ၏။ သူအသက်ကိုအရင်ဝအောင် ရှုလိုက် သည်။ ခုကိစ္စက လွယ်မယောင်နှင့်ခက်နေ၏။ ဘာပဲဖြစ်ဖြစ်လေ။ နောက်ပြဿနာ နောက်မှရှင်းပြီး လောလောဆယ်တွင် မီးစင်ကြည့်ကရမည်။ ကောင်မလေးပုံစံက မာမီအကြိုက်ပါပဲ။ သွက်လက်သည်။ တည်ငြိမ်သည်။ ငွေစကားပြောတတ်သည်ကလွဲလျှင် ကျန်တာအပြစ်ဆိုဖွယ်မရှိ။ ဒက်ဒီအကြိုက်က မည်သို့ရှိသည်မသိ။ သို့သော်လည်း အနေတော်အရပ်အမောင်း၊ ဆင်စွယ်ရောင်အသားအရည်၊ လှတပတ မျက်နှာကျနှင့် ကျောလယ်သာသာဆံကေသာများက ဒက်ဒီအမြင်မှာ တင့်တယ်စေမှာပါ။ ထို့ကြောင့်လည်း သူမကို သူခေါင်းညိတ်လက်ခံလိုက်သည်။ မနက်ဖြန်အစစအရာရာအဆင်ပြေဖို့ကတော့ ဆုတောင်းရမှာ ပေါ့လေ။
**************
"ဟေးသုတ"
"ဒေလီယာ"
သုတက ဒေလီယာကိုလက်ပြလိုက်သည်ဆိုလျှင်ပဲ ဒေလီယာနှင့်သူမသူတို့ရှိရာ လျှောက်လာသည်။ သူ့အကြည့်များက သူမထံတွင် ရစ်ဝဲနေမိသည်ကအမှန်။ ပန်းဆီရောင်ဝမ်းဆက်လေးနှင့် လှချင်တိုင်း လှနေသည့်သူမကတော့ သူအပါအဝင်ပတ်ဝန်းကျင်မှအခြေအနေကို အနည်းငယ်မှမစူးစမ်း။ သူမဟာသူမ အေးအေးလူလူခုံတစ်လုံးတွင်ဝင်ထိုင်၏။
"တို့ နောက်မကျပါဘူးနော် "
"မကျပါဘူး ငါတို့ကစောနေတာဒီကောင်လေမနက်မိုးလင်းကတည်းက ဖင်တကြွကြွဖြစ်နေတာ "
သုတက သူ့အကြောင်းကို ဟာသနှောပြီးပြောပြတော့ ကောင်မလေးနှစ်ယောက်လုံး၏အကြည့်က သူ့ထံ ဒိုင်းခနဲ။ ဒေလီယာအကြည့်က သာမန်ဖြစ်သော်လည်း သူမအကြည့်က တစ်မျိုးလေးဖြစ်နေ၏။ ဘာလဲ။ ဘယ်လိုခံစားမှုကြီးလဲ။
"ရင်ခုန်မသွားနဲ့ဦး လေဆိပ်ရောက်ရင် အကျင့်ဖြစ်အောင်လို့ ခုကတည်းကလေ့ကျင့်နေတာ"
"ဟယ်"
"ဟာ"
"ဟားးးး ငါ့ကောင်တော့ခံလိုက်ရပြီဟေ့"
ခပ်တည်တည်နှင့်ပြောချလိုက်သည့် သူမစကားတွင် သူအငိုက်မိသွားသည်။ သူ့စိတ်ကို သူမ မည်သို့ ဖတ်လိုက်သနည်း။ အင်းလေ။ သူမပြောတာလည်းအမှန်ပဲကို။ သဏ္ဍာန်လုပ်မှတော့ သရုပ်လည်း တူရပေမပေါ့။ ထို့ကြောင့် သူလည်း သူမကိုကြင်ကြင်နာနာပြန်ငေးကြည့်လိုက်၏။ ပထမတော့ သူမ အနေရခက်သွားသေးသည်။ နောက်တော့လည်း ပုံမှန်ပင်ပြန်ဖြစ်သွား၏။ လေဆိပ်မှာလည်း ခုလို အဆင်ပြေပါစေဟုရင်တွင်းမှာတောင်းဆုခြွေမိသည်။
******************************
ဆက်ရန်_အခန်း(၂)

တစ်နာရီစာချုပ်Where stories live. Discover now