အခန်း ၁

65 1 0
                                    

မမ မေနှင့် ကျွန်တော် စတွေ့ခဲ့သောအချိန်သည် ဆောင်းကုန်၍နွေဦးသိူ့ရောက်ချိန်ဖြစ်သည်။သရက်ပင်၌သရက်ပွင့်များ အဖြာဖြာဝေကျ၍ အချို့မှာအကင်းလေးဘဝသို့ ရောက်နေကြသည်။ထိုအကင်းလေးများမှာ အပင်မှာရှိသည်ကရှိ၊မြေပြင်ပေါ်ကျသည် ကကျအလုံးစုံရောယှက်နေလေ၏ မမမေနှင့် ကျွန်တော့်ဘဝမှာမူရောယှက်၍နေသောဘဝမဟုတ်။တကွဲတပြားစီရှိသော ဘဝသာဖြစ်သည်။မမမေ သည်ပင်ယံ ထက်၌ရှိသောသရက်ကင်းဖြစ်၍ကျွန်တော်သည် မြေပြင်၌သာရှိသော သရက်ပွင့်သာဖြစ်လေသည်။
---------------------------------
"ဓူဝံ ရေ..ပြီးပြီလား သမီးလေး အထုပ်တွေပြင်တာကြာလိုက်တာ သမီးရယ်..သမီးဖေဖေကအကုန်ပြီးနှင့်နေပြီ မြန်မြန်လုပ်ကွယ်.."

မေမေသည် စိတ်မရှည်သည့်လေသံဖြင့်ကျွန်တော်အားပြောသည်။အကြောင်းကားယခုကျွန်တော်တို့နေသောမန္တလေးမြို့မှ ဖေဖေ့အလုပ်တာဝန်ကြောင့်ရန်ကုန်သို့ အပြီးပြောင်းရွှေ့ရခြင်းဖြစ်သည်။ဖြစ်နိုင်ရင် ကျွန်တော်သည် မွေးကတည်းကနေထိုင်ခဲ့သည့်ဤအရပ် ဤဒေသကို တစ်ဖဝါးမှ မခွာချင်ပါ။

"ပြီးပါပြီ မေမေရာ..ဖြည်းဖြည်းချင်းသိမ်းဆည်းထုပ်ပိုးပါရစေဦး.ဓူဝံ ဒီအရပ်ကသိပ်ခွာချင်တာမဟုတ်ဘူးနော်...ဓူဝံဖြင့် ရန်ကုန်ထက်မန္တလေးကို သိပ်သဘောကျတာ.ရန်ကုန်မှာဆို လူရှုပ်မျက်စိရှုပ်နဲ့"

"ကဲပါ.သမီးလေးရယ် ငြူစူမနေပါနဲ့..ဟိုရောက်ရင်သမီးပျော်မှာပါ ဖေဖေအာမခံတယ်"

အဖေဖြစ်သူကတော့ သမီးလေးတစ်ယောက်ကို စိတ်ချမ်းသာအောင်ပြောရှာသည်။တစ်ဦးတည်းရှိသော ဖအေနဲ့ အလွန်တူသော ထိုကလေးအား ဦးမောင်လွင်သည်အလွန်ချစ်ရှာသည်။

"ဟုတ်ကဲ့ပါ ဖေဖေရဲ့..သမီးလဲ ပြီးပြီဆိုတော့သွားကြမယ်နော်..

ဖေဖေသည် အထုပ် တွေကိုသယ်၍ ရှေ့က သွားကာနေရာချသည်။အစ်ိုးရဝန်ထမ်းဖြစ်တာကြောင့် တစ်နေရာနှင့်တစ်နေရာကူးပြောင်းရသည်။ပုံမှန်ဆို ဖေဖေ့ဘာသာ နယ်တွေ လျှောက်ကူးတာ ယခုတော့ ဓူဝံတို့သားအမိကိုပါ တစ်ပါတည်းခေါ်၍ရန်ကုန်သို့ အပြီးပြောင်းရွှေ့ရတော့သည်။ ချမ်းသာပြည့်စုံနေတာမျိုး မဟုတ်ပေမဲ့ စားနိုင်သောက်နိုင်တဲ့ အခြေအနေတော့ရှိသည်။မေမေက. express ကား မစီးနိုင်တာကြောင့် ဖေဖေ့အသိအငှားကားလေးနဲ့ပင် ရန်ကုန်သို့ စီးလာခဲ့သည်။

 ကျင်လည်ရာWhere stories live. Discover now