အခန်း၂

44 2 0
                                    

အိမ်က သိပ်တော့မကြီးပေမဲ့ တစ်ထပ်တိုက်ပုလေးသာဖြစ်သည်။ ဦးကျော်တ်ို့ အိမ်နှင့်ယှဥ်လျှင်တောင် အတော်လေး သေးဦးမည်။ဓူဝံတို့အိမ်သည် ခြံလေးတော့အနည်းငယ်ကျယ်သည်။
အိမ်၏ခေါင်းရင်း၌ သရက်ပင်တစ်ပင်ရှိသည်။သရက်ပင်၏ဘေးကပ်လျက်၌စံပယ်ရုံလေးတစ်ရုံရှိသည်။စံပယ် ပန်း၏ ရနံ့လေးများသင်း၍ အိမ်၏ အလှအပသည် စံပယ်ရုံနှင့် ပဏာသင့်နေသည်။သရက်ပင်၏ရှေ့မလှမ်းမကမ်း၌ သစ်သားဖြင့်ရိုက်နှက်ထားသော ခြံစည်းရိုးလေးရှိ၏။ဓူဝံ အိမ်ထဲသို့ ခြေလှမ်းလှမ်း လိုက်သည်နှင့်အေးချမ်းမှုကို ခံစားရ၏။ယခင်ဖေဖေနှင့်နေခဲ့သော မန္တလေး ရှိအိမ်သည် တိုက်ခန်းသာဖြစ်သည်။ခြံမရှိဝန်းမရှိ၍ အနေအထိုင်ကျဥ်းကျပ်ပေမဲ့ နေရတာတော့ အတော်ပျော်သည်။ ယခုအခါတွင်မူ ရန်ကုန်သို့ ပြောင်းလာခဲ့တာ ပိုမှန်သည်ဟု စိတ်ထဲတွင်ကောက်ချက်ချမိ၏။ဓူဝံတို့အိမ်သည် အိပ်ခန်းနှစ်ခန်း မီးဖိုချောင်နှင့် ဘုရားခန်းလေးသာပါသည်။ အိမ်ဝင်ပေါက်ဝနား၌ ဧည့်ခမ်းအကျဥ်းလေးတော့ပါသည်။နောက်ဘက်တွင်မူ မီးဖိုချောင်နှင့် ရေချိုးခန်းမှာတစ်ဆက်တည်းဖြစ်သည်။အိမ်၏အနောက်ဘက်၌လည်း ခ​ေရပင်လေးရှိသည်။အရိပ်လေးလဲရသည်။

"မေမေ အိမ်လေးကအဆင်ပြေသားဘဲ ဖေဖေက ရှာဝယ်ထားတာ ဒီတစ်ခါတော့ တော်သွားပြီပေါ့"

"ဟား ဟား..သမီးမသိသေးလို့ ဒီအိမ်ကဆေးရုံနဲ့လဲ နီးတယ်..လေယာဥ်ကွင်းနဲ့လဲ နီးတယ်."

အိမ်လေးမှာ ဆေးရုံနဲ့လည်း နီးသည့်အပြင် လေယာဥ်ကွင်းနဲ့လဲနီးသည်။ချောင်ကျသောနေရာမဟုတ်။ဦးကျော်တို့ အိမ်နဲ့ဆ်ို ၁၀ မိနစ်လောက်သာဝေးသည်။ဓူဝံ့ အဖို့ အိမ်လေးက အတော်လေး အဆင်ပြေသည်။မေမေသည် ပစ္စည်းများကို ေနရာချ၍ ဓူဝံသည်လည်း သူမနေမည့်အခန်းအား အစဥ်တကျနေရာချသည်။

"သမီး..အကုန်နေရာ ချလို့ပြီးပြီလား"

"ဟုတ်ကဲ့မေမေ ပြီးပါပြီ..ဒါဆို ဓူဝံ ရေချိုးမယ်နော်"

"အေးပါ..သမီးလေး"

ဓူဝံ ရေမိုးချိုးပြီးတော့ နေ့လည်တောင် ေရာက်လို့နေပြီမေမေသည် ဟင်းမချက်အား၍ ဖေဖေအား လမ်းထိပ်အနီးအနားက ထမင်းဆိုင်လေးသို့ ဟင်းနှင့်ထမင်းများသွားဝယ်ခိုင်းသည်။၁၀မိနစ်အကြာ ​ေဖဖေသည် ဟင်းထုပ်များ ကိုင်၍ ပြန်လာသည်။

 ကျင်လည်ရာWhere stories live. Discover now