part_7

498 70 18
                                    

အပိုင်း_၇

.....

အိမ်ကိုဆွန်းဂွမ်ရောက်လာသည့်နေ့မှစပြီး ဗာနွန်ပျင်းရတယ်လို့မရှိပါ။ ဆွန်းဂွမ်အလုပ်ကပြန်လာရင် သူကသီချင်းရေးနေတက်ပြီး ထိုအချိန်ဆို ဆွန်းဂွမ်က အိမ်ရဲ့ဝေယျာဝေစ္စအလုံးစုံကို သိမ်းကြုံးလုပ်တတ်သည်။ ထို့အတူ ဆွန်းဂွမ် အနားယူချိန်ဆိုလည်း ဗာနွန်က အလုပ်သွားရမည်မို့ အလိုက်တသိ မီးပိတ်ပေးခဲ့ခြင်း၊ ခြေသံဖွဖွလမ်းလျှောက်ခြင်း အစရှိသည့်အသေးအမွှားလေးများအစ သူတို့သတိ‌ထားလေ့ရှိပါသည်။
ဆွန်းဂွမ်မှာ အလုပ်ဆင်းရင်တစ်ခါတစ်ရံ ကိုယ့်အိမ်ကိုယ်ပြန်နေတက်ပြီး တစ်ခါတစ်လေဆိုလည်း ယောင်ရမ်းပြီး ဗာနွန့်အိမ်ကိုပဲပြန်ဖြစ်သွားသည့်အခြေနေလည်းရှိသည်။ ဗာနွန်သည်လည်းထို့နည်းလည်းကောင်း ဆွန်းဂွမ်သူ့အိမ်သူပြန်အိပ်သည့်နေ့များလာလျှင် သူလည်းလိုက်သွားတက်သည်မို့ နှစ်ဦးသားအိမ်မှာ နှစ်ဦးသားလုံးရဲ့ အသုံးအဆောင်များထားရှိသည်။

တစ်ခါတစ်လေလည်းအချိတ်အဆက်မှားကာ ဆွန်းဂွမ်က ဗာနွန့်အိမ်ရောက်လာပြီး ဗာနွန်က ဆွန်းဂွမ်အိမ်မှာ သွားအိပ်မိတဲ့အခါမျိုးလည်းရှိသည်။

......

"ဗာနွန်နီး..."

"အွန်း...."

"မင်းဘာလုပ်နေတာလဲ"

"ဝှား...အိပ်နေတာ..."

ဆွန်းဂွမ်ဒီနေ့အိမ်ပြန်နောက်ကျမည့်အကြောင်းပြောဖို့ ဗာနွန့်ကိုဖုန်းဆက်လိုက်ခြင်းဖြစ်သည်။

"အိပ်မနေတော့နဲ့ထတော့လေ ငါဒီနေ့ပြန်မလာဖြစ်ဘူး အဲ့တာလှမ်းပြောတာ"

"ဟွန်...ဘာလို့လဲ"

"သွားစရာရှိလို့ အဲ့တာမစောင့်တော့နဲ့အိပ်နှင့်ဖို့လှမ်းပြောတာ ဒါပဲနော်"

"အွန်း...ဂရုစိုက်ပြီးပြန်လာခဲ့နော်"

"အွန်း တာ့တာ။ ပြန်မအိပ်တော့နဲ့နော် ညနေစောင်းနေပြီ "

"အွန်းအွန်း..."

ဖုန်းချပြီးတော့ ဗာနွန်ပြန်အိပ်လိုက်သည်။ ဒီနေ့တစ်နေကုန် သီချင်းတောင်ထမရေးအားအောင် သူအိပ်ပျော်နေခဲ့တာဖြစ်၏။

သူ့မျက်၀န်းနဲ့ချည်နှောင်သည်(Complete)Where stories live. Discover now