Part 1

26 0 0
                                        

တွယ်တာရဲ့မနက်ခင်းတိုင်းကတော့ မေမေ့အော်နိုးသံနဲ့အစပြုသည်။

"တွယ်တာရေ..ထတော့ နေဖင်ထိုးနေပီဟေ့.. ကုမ္ပဏီသွားဖို့နောက်ကျနေမယ်"

"ဟုတ်ကဲ့ အမေရေ့..ထပီထပီ"

အောက်ထပ်က မေမေ့အော်သံကြောင့် တွယ်တာမထချင်ထချင်နဲ့ထလိုက်ရသည်။ တွယ်တာက ကျောင်းပီးသူမို့ ကုမ္ပဏီအသေးစားလေးဖွင့်လှစ်ထားပီး ကိုယ်ပိုင်စီးပွါးရေးလေးလုပ်နေသည်။အိပ်ရာပေါ်ထိုင်ကာ သွား32ချောင်းလုံးဖြီးနေသည်။ အကြောင်းက ဒီနေ့တွယ့်တာရဲ့ crush ကြီးနဲ့တွေ့ရတော့မှာကြောင့်ဖြစ်သည်။ ဒီနေ့ "Kaung" ကုပ္မဏီနဲ့အစည်းအဝေးရှိသည်။

"ကိုကို့ကို ပထမဆုံးအပြင်မှာမြင်ဖူးမှာပဲ ကိုကို ဘယ်လောက်တောင်ချောနေမလဲ"

တစ်ယောက်ထဲရေရွတ်ရင်း ရေချိုးခန်းထဲဝင်ကာ ရေချိုးပီးသည်နဲ့ အောက်ထပ်က ထမင်းဝိုင်းဆီသို့။

"လာ.. သား ဒီမှာသား ကြိုက်တဲ့ ထမင်းသုပ်လေးပြင်ပေးထားတယ်"

တွယ်တာ့မှာက မေမေတစ်ယောက်ပဲရှိသည်။ တွယ်တာ့ဖေဖေက တွယ်တာငယ်ငယ်လေးထဲက ကား accident ကြောင့် ဆုံးသွားခဲ့သည်။ မိသားစုမစုံတော့တဲ့ ထမင်းဝိုင်းလေးကိုကြည့်ပီး တွယ်တာစိတ်မကောင်းဖြစ်မိသည်ကို မေမေမြင်ဖြစ်အောင်မြင်လိုက်သေးသည်။

"သားရယ်..ဖြစ်ခဲ့ပီးတာတွေလဲ အတိတ်မှာကျန်ခဲ့ပီလေ။ စိတ်ထဲမထားနဲ့တော့နော်။ မေမေလဲ မင်းအဖေကို သတိရတာပေါ့ကွဲ့။ စားလေသား"

ဒေါ်နှင်းရည်တစ်ယောက်သူ့အတွက်ထမင်းချိုင့်ပြင်နေပီးပြောလိုက်သည်။

"ဟုတ်မေမေ"

မေမေပေးတဲ့ထမင်းချိုင့်လေးကို ယူပီး

"မေမေ့ သားသွားပီနော်"

"အေးအေးသားလေး..ဂရုစိုက်သွားအုန်းနော်.."

"ဟုတ်"
________________
__________

တွယ်တာသူ့ကိုယ်ပိုင်ကားလေးမောင်းပီး သူရဲ့ ကုမ္ပဏီလေးဆီသို့~

ကုမ္ပဏီကို တွယ်တာစရောက်ရောက်ချင်း ဝန်းထမ်းများက ခေါင်းငုံ့နှုတ်ဆက်ကြသည်။ တွယ်တာတို့ကုမ္ပဏီမှာ ဝန်ထမ်းအနည်းငယ်သာရှိသည်။ တွယ်တာ ရုံးခန်းထဲဝင်သွားတော့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေလဲဖြစ်၊ သူ့အတွင်းရေမှူးတွေလဲဖြစ်တဲ့ မြင့်မိုရ်ရိပ်နဲ့ သစ္စာနွယ်က အလုပ်စားပွဲမှာ ဖိုင်တွေနဲ့အလုပ်ရှုပ်နေကြသည်။

You've reached the end of published parts.

⏰ Last updated: May 18, 2024 ⏰

Add this story to your Library to get notified about new parts!

~ကျနော့်ရဲ့ CEO ကြီး~Where stories live. Discover now