-စာပြန်မစစ်ရသေးပါ။
မိုးးကမအုံ့တအုံ့အနေအထားမို့ အိပ်ယာထဲ
ကမထချင်ပေမဲ့ တစ်ဂွီဂွီနဲ့အော်မြည်နေပြီဖြစ်တဲ့ဗိုက်ကြောင့် ဖြူလွှလွှကုတင်ထက်က အဝါရောင်ညအိပ်ဝမ်းဆက်ကလေးနှင့် ဘဲပေါက်ကလေးတစ်ကောင်ဟာ ငုတ်တုပ်ထထိုင်နေသည်။"ရီခီ နိုးရင်အောက်မှာ မနက်စာဆင်းစားအုံးလေ ဂျုံဆောင်းဆူတာခံရအုံးမယ်"
ဖုန်းကိုတစ်ဖက်ကကိုင်ကာ အားသွင်းကြိုး
ရှာဖို့ဝင်လာတဲ့ ဂျယ်ယွန်းက အိပ်ရာပေါ်ကသူ့ကို တစ်ချက်သာကြည့်ပြီး ပြန်ထွက်သွားသည်။
ထိုင်မနေသင့်တော့တာမို့ အိပ်ရာမှထပြီး မျက်နှာသစ် အဝတ်လဲကာ မနက်စာစားရန်အိမ်အောက်ဆင်းတော့ အချိန်က 9:30အတိ။
"အငယ်လေး မုန့်စားပြီးရင် ခြံထဲမှာ မနေ့ကထိုင်ထားတဲ့ခုံသွားသိမ်း မိုးရွာတော့မယ် တော်ကြာစိုကုန်မှ "
"မိုးကရွာအုံးမှာဆိုတော့လေ ထားလိုက်ပါ ရွာမှသွားရုတ်မယ် "
အာလူးသီးလှီးနေတဲ့ ဂျုံဆောင်းက မျက်စောင်းတစ်ချက်လှမ်းထိုးပေမဲ့ ဘာမှထပ်မပြောတော့တာမို့ မုန့်ကိုသာ တို့ကနန်းဆိတ်ကနန်းစားနေလိုက်သည်။
"ဂျုံဆောင်း ဒီနေ့နေ့လည်စာကိုကြက်သားကြော်ပေး "
"ပေးလေ ပိုက်ဆံ ကြက်ဈေးက မိုးပေါ်ပျံနေတာကို ငါ့ဟာငါတောင်ဝယ်မစားနိုင်ဘူး"
"ဂျုံဆောင်းကလည်းးးး နေ့တိုင်း ဒါတွေပဲချက်နေတာ မီနူးလေးပြောင်းပါအုံးလို့ "
နှုတ်ခမ်းတစ်ဆူဆူနဲ့ ချစ်စရာကောင်းအောင်ဂျီကျကြည့်ပေမဲ့ ထမင်းပေါင်းအိုးအဖုံးကပဲဝဲပျံလာသဖြင့် မီးဖိုခန်းထဲကနေ ကစုံပေါက်ပြေးထွက်လာတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ ဟီဆွန်းတို့အတွဲနှင့် တိုးသည်။
ဂျယ်ယွန်းရဲ့ခေါင်းကို ပေါင်ပေါ်တင်ကာ လက်ဖြင့်ပွတ်ပေးနေသည့် ဟီဆွန်းက ရီခီ့ကို မျက်လုံးဖြင့် ထိုင်လေဟု အချက်ပြသည်။