Jisoo လက်တွင်ပေနေသော နီနီရဲရဲ အရာများအား ရေဖြင့်ဆေးချလိုက်သည်။
ကြည့်ပါအုံး မောင့်ကြောင့် သူ အမှိုက်တွေ ထပ်ရှင်းရပြန်ပြီ။ အနံ့တွေ စွဲနေမှာဆိုး၍ သူ အိတ်ထဲမှပါလာသော ရေမွှေးပုလင်း တစ်ဝက်ကျိုးတဲ့အထိ သူ့တစ်ကိုယ်လုံးကို ဖြန်းပလိုက်သည်။
သူ ရှင်းစရာရှိတာတွေရှင်းပြီး အိမ်ပြန်ရောက်တော့ မောင်က ကုတင်ပေါ်မှာ စောင်မခြုံပဲ အိပ်နေလေသည်။
တကယ်ပါပဲ မောင်ရယ် အအေးတွေပက်ကုန်တော့မှာပဲဆိုပြီး သူလဲ ဘေးနားကစောင်လေးကို မောင့်ရင်ဘတ်ပေါ်ထိ ဆွဲခြုံပေးလိုက်သည်။
မောင့်မျက်နှာလေးကို ဘေးကနေ ထိုင်ကြည့်လိုက်မှပဲ သူ့ရင်ထဲအေးချမ်းသွားတော့တယ်။
သူ မောင့် နဖူးလေးကို ဖွဖွလေး နမ်းလိုက်ကာ
"သိပ်ချစ်တယ် မောင်"
ထို့နောက် သူလဲ ခြေလက်ဆေးကာ မောင့်ဘေးနားလေးမှာ ဝင်အိပ်လိုက်တော့သည်။
မနက်ရောက်တော့
"Ji... Ji..."
မောင် က သူ့ကို လက်ကလေးနဲ့ ပုတ်ကာ လာနှိုးတယ်။
မောင်က လာနှိုးတော့ သူလဲ အိပ်နေရာကနေ ထလာကာ
"ဟင်..မောင်..ဘာ..ဘာလို့လဲ"
သူ့ရဲ့ အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးလေးများကို ပွတ်ကာမေးတော့
"Ji... တစ်ကိုယ်လုံးလဲ ပူကျစ်တောက်နေတာပဲ နေမကောင်းတာ ဘာလို့ မောင့်ကို မပြောတာလဲ Ji ရယ်"
မောင်က သူ့နဖူးလေးကိုစမ်းကာ မေးသည်။
"ကိုယ် အိပ်တုန်းကတော့ မဖျားသေးပါဘူး"
သူ သူ့နဖူးသူ စမ်းကြည့်လိုက်မှ ပူကျစ်နေသည်။ မနေ့ညက စောင်မခြုံပဲ အိပ်လိုက်မိလို့ ထင်ပါရဲ့။
"Ji... ပြန်မအိပ်သေးနဲ့အုံးနော် မောင် ဆန်ပြုတ်လေး သွားလုပ်လိုက်အုံးမယ် အစာစားပြီး ဆေးသောက်ပြီးမှ ပြန်အိပ်ချင် အိပ် မဟုတ်ရင် အဖျားမကျဘဲ နေလိမ့်မယ်"
မောင့် ရဲ့ စိုးရိမ်စွာနဲ့ ပြောလာတဲ့ စကားသံလေးကို ကြားမိတော့ သူပြုံးမိပါသည်။
ဒီလိုနဲ့ သူလဲ မောင့်စကားကို နားထောင်စွာနဲ့ပဲ ခေါင်းညိမ့်ပြလိုက်သည်။
YOU ARE READING
𝗖𝗿𝗮𝘇𝘆 𝗼𝘃𝗲𝗿 𝗨 •(𝐬𝐞𝐨𝐤𝐬𝐨𝐨)•
Fanfiction𝐒𝐄𝐎𝐊𝐒𝐎𝐎 -(𝐨𝐧𝐞 𝐬𝐡𝐨𝐭) 🖤 မောင့်ကိုမှ ရူးရူးမူးမူး စွဲလမ်းမိသွားလေသည်။ ဘယ်လိုလုပ်မလဲ မောင် ကိုယ်ကလေ ကိုယ် မောင့်ကို ရူးရူးမူးမူးချစ်မိသွားသလို မောင်ကလဲ ကိုယ့်ကို ရူးရူးမူးမူး ချစ်မိသွားအောင်လုပ်တော့မှာ... တစ်ခုတော့ သိထားပေးနော် မောင်... ...