when we were younger

754 73 4
                                    

"ကင်မ်ဆောနူရေ unoကစားရအောင်လေ"

အိမ်အောက်ကနေ အသံကျယ်ကျယ်နဲ့အော်လာတဲ့ အစ်ကိုကြီးတစ်ယောက်ကြောင့် ငါ့လက်ထဲကစာအုပ်ကို ချလိုက်ရတယ်။

ဝတ်‌ထားတဲ့အင်္ကျီကိုအနံ့ခံရင်းရေချိုးခန်းထဲကို တလှမ်းချင်းဝင်သွားရတယ်။ ရေချိုးဖို့ကို စာလုပ်ရမှာထက်ပိုပျင်းတယ်။

ငါ့ကိုခေါ်ထားတဲ့တစ်ယောက်ကတော့ မီးဖိုခန်းထဲဝင်ပြီး မာမီချက်ထားတာတွေကို တစ်ဖြဲနှစ်ဖြဲစား‌ပြီး ငါ့မာမီကိုကပ်‌ချွဲနေအုံးမှာအသေအချာပဲ။

Park Jongseong Park Jay

‌ငါ့ထက်နှစ်နှစ်ကြီးတဲ့ ဘေးအိမ်ကအကိုကြီးဖြစ်တယ်။ အမေရိကန်-ကိုရီးယားဖြစ်တဲ့ပတ်ခ်ဂျေးဟာ သူ့မေမေနဲ့ငါတို့ရဲ့ဘေးအိမ်မှာနေတာ။ ဘေးအိမ်မှာသူတို့သားအမိရှိလို့သာ ငါ့ရဲ့အထက်တန်းပြီး ကောလိပ်စောင့်ဆဲနေ့ရက်တွေ သာယာတာဖြစ်တယ်။

အပြင်ထွက်ရမှာပျင်းတဲ့ငါက ဘေးအိမ်ကိုသာသွားလာရင်း အချိန်ဖြုန်းနေခဲ့ရတာ။ ဂျေးအမေလုပ်ပေးတဲ့ မုန့်တွေစားတယ်။ ဂျေးနဲ့တူတူဂိမ်းတွေဆော့တယ်။

"ဂျေးရေ သွားရအောင်"

ငါ့မာမီအနားကိုကပ်ပြီး ကြောင်ချွဲချွဲနေတဲ့အကိုကြီးကို ဆွဲပြီးအိမ်ရှေ့ထွက်လိုက်တော့ စကပ်အတိုနဲ့ကျောင်းသူလေးနှစ်ယောက်နဲ့ တွေ့တယ်။

"ဂျေးအိုပါး ဒါလေးလက်ခံပေးပါနော်"

ဆံပင်ကုတ်ဝဲလေးကမ်းလာတဲ့ ဖန်ဘူးလေးနဲ့ထည့်ထားတဲ့ချောကလက်ကွတ်ကီး‌တွေကလှလှပပ။ glitterတွေနဲ့အလှဆင်ထားတဲ့ဖဲကြိုးလေးကိုမြင်တော့ ငါ့စိတ်ထဲမချိုမချဉ်ဖြစ်သွားတယ်။ သေချာပေါက် ဂျေးစတိုင်လ်တော့မဟုတ်ဘူးပဲ။

"စိတ်ရင်းကိုပဲ လက်ခံလိုက်ပါ့မယ်။ အစ်ကိုက ချောကလက်နဲ့ဓာတ်မတည့်လို့ပါ"

အပြုံးချိုချိုလေးနဲ့ငြင်းနေတဲ့ ဂျေးကိုကြည့်ပြီး အံ့ဩလွန်းလို့ ‌ငါ့မေးရိုးပါပြုတ်ကျတော့မလိုပဲ။ အခုလေးတင် ငါ့‌မေမေလုပ်ထားတဲ့ ဘရောင်းနီတွေကို အားပါးတရသွပ်လာတဲ့ဂျေးကလေ။

"အစ်ကိုတို့သွားလိုက်ပါအုံးမယ်"

အပြုံးလေးနဲ့နှုတ်ဆက်သွားတဲ့ဂျေးကိုကြည့်ရင်း ကောင်မလေးက အတော့်ကိုစိတ်မကောင်းအားမလိုအားမရဖြစ်သွားတဲ့ပုံ။

Stars in the Sky [ sunoo x en- ]Where stories live. Discover now