warning : slightly mature"ကိုကိုက ကျွန်တော့်အပိုင်ဖြစ်ရမှာ"
မူးနေတာဖြစ်ပါလိမ့်မည်။ ဒါပေမဲ့ မျက်လုံးတွေက စူးရှနေပြန်ရော။ ဆောင်းဟွန်းအကြည့်လွှဲပြီး နောက်လှည့်ပြေးဖို့ပြင်တော့ သူ့လက်တွေကိုဆွဲထားပြန်၏။
လခွမ်း!
ဘယ်လိုအိမ်မက်ပါလိမ့်!!သူ့ထက် ခြောက်နှစ်တိတိငယ်တဲ့ကောင်လေးက ဆောင်ဟွန်းအစ်မရဲ့ မွေးစားသားဖြစ်၏။ ဆယ်စုနှစ်လောက်ကွာဟနေတဲ့ ဝမ်းကွဲအစ်မပေမဲ့ မွေးချင်းမရှိတဲ့ဆောင်းဟွန်းအတွက် မီရာကို အစ်မကြီးတစ်ယောက်လို ခင်တွယ်ခဲ့တာ။
ကိုယ်ဝန်မဆောင်နိုင်တဲ့အမျိုးသမီးမို့ ကလေးလေးတစ်ယောက်မွေးစားလာခဲ့တော့လည်း ဆောင်းဟွန်းမယ် သည်းသည်းလှုပ်ရတာပဲ။
"ကိုကိုက လှတယ်"
ဂေဟာက အခုမှခေါ်လာတဲ့ ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ ပထမဆုံးစကားကဒီလို။
အသက်ဆယ့်တစ်နှစ်ကလေးကြီး ဆောင်းဟွန်းကတော့ ထိုကလေးရဲ့ပါးဖောင်းဖောင်းကြီးတွေကိုပဲ အာရုံရှိခဲ့တာ။ လက်ညှိုးနဲ့ထိုးတိုင်း အိဝင်သွားတဲ့ပါးမို့မို့တွေ။ သေသပ်တဲ့မျက်လုံးတွေကတော့ စူးရှတဲ့အသွင်။
ကင်မ်ဆောနူလို့ ခေါ်တဲ့ ကလေးတစ်ယောက်က ဆောင်းဟွန်းရဲ့နေ့စဉ်ဘဝထဲကို သာမာန်ဆန်ဆန်တိုးဝင်လာသည်။ သတိမမူမိလောက်မဲ့ နေရောင်ခြည်လင်းလင်းလေးလိုမျိုး။
"ကိုကို ဘာဖတ်နေတာလဲ"
ကုတင်ပေါ်မှာလဲလျောင်းရင်း စာအုပ်ဖတ်နေခဲ့တဲ့ ဆောင်းဟွန်းဘေးကို ဆောနူရောက်လာ၏။ ကုတင်ပေါ်ကို ခြေတောက်သေးသေးလေးတွေနဲ့ တွယ်တက်ပြီး တင်ပါးလွှဲလေးထိုင်လိုက်တဲ့ ဆောနူက အူယားစရာလေးရယ်။
ဆောင်းဟွန်းကုတင်က သိပ်ပြီးမြင့်လှတာရယ်မဟုတ်ပေမဲ့ ခြေတံတိုတိုတုတ်တုတ်လေးနဲ့ကင်မ်ဆောနူအတွက်တော့ တောင်အကြီးကြီးဖြစ်နေလောက်မှာ။
"ပုံပြင်ဖတ်နေတာ နူးနူးရဲ့"
အစ်မမီရာ ခေါ်နေကျ နာမ်စားလေးနဲ့ ကောင်လေးကို နူးနူးညံ့ညံ့ဆက်ဆံလိုက်ရင် ဆောနူက သဘောတွေကျနေရော။
YOU ARE READING
Stars in the Sky [ sunoo x en- ]
Fanfictionကြယ်တစ်ပွင့်ဆီမှာ ပုံပြင်တစ်ထောင်တဲ့။ kim sunoo & enhypen members short shots written in Burmese