လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံခတ်သံတာဟာ ကမ္ဘာတစ်ဖက်မှာ မိုးကြိုးနဲ့လျှပ်စီးတွေကို ဖြစ်စေတယ်ဆိုရင် ငါ့ကြောင်လေးရဲ့မျက်တောင်ခတ်တာက ငါ့ရင်ထဲကပန်းတွေကို ပွင့်လန်းစေတယ်။
မြတ်နိုးမိတော့လည်း ပြုံးလိုက်တိုင်းလှစ်ခနဲပေါ်လာတတ်တဲ့ ပါးချိုင့်ကစလို့ ငါ့မှာတယုတယ။ ငါ့ကြောင်လေးအပေါ်ဖျာကျသမျှက မနက်ခင်းနေရောင်နွေးနွေးတွေပဲဖြစ်စေချင်တာ။
သူ့ပါးပေါ်က ပါးချိုင့်နုနုက black holeဆိုလို့ ငါ့မှာအူတက်အောင်ရီလိုက်ရပါသေး။
(တကယ်တော့လည်း အဲ့လောက်နီးနီးဆွဲဆောင်မှုပြင်းပါတယ်)
ငါ့ကြောင်ဝါက သိပ်ကိုကလေးဆန်တာရယ်။ မဟုတ်သေးဘူး။ ကြောင်ဆန်တာလို့ ပြောရမလားပဲ။
လိပ်ပြာတွေတွေ့ရင် လိုက်လို့ဖမ်းချင်တယ်။ စပေါ့လိုက်တွေမြင်ပြန်ရင်လည်း ပြေးလို့လက်အုပ်တာပဲ။ အရပ်သိပ်မကွာတဲ့ ငါ့ပုခုံးတွေပေါ်မှာလည်း မှီတွယ်လို့နေချင်ပြန်တယ်။
"ဆောလ်နူနူး မောင်နဲ့တူတူ ရုပ်ရှင်ကြည့်ရအောင်လို့.. အဲ့ကီးဘုတ်ကြီးကိုပဲ ရိုက်မနေတော့နဲ့.."
"ဟေး ငါကစာရိုက်နေတာမဟုတ်ဘူး။ အလုပ်လုပ်နေတာ"
အလုပ်စားပွဲက ငါ့ကိုတကျီကျီနဲ့လာဆွဲခေါ်လို့မရမှန်းသိတဲ့အခါ သူ့ဖာသာပဲ animeသွားကြည့်နေတော့တယ်။
ကြောင်ဝါက ဒီလိုလည်းစိတ်ကောက်တတ်ပြန်တယ်။
ဒါပေမဲ့ ငါဟာလည်း အလုပ်စားပွဲကလုံးဝထလို့မဖြစ်တဲ့အခြေအနေ။ လကုန်ရင်တင်ရမဲ့ contentတစ်ခုက အခုထိ စလုံးရေ မစရသေးဘူး။
deadlineဆိုတာကို အာရုံစိုက်စရာမလိုတဲ့ အလုပ်ဂျပိုးလေး ကင်မ်ဆောနူတော့ ကြောင်တစ်ကောင်ကို ရည်းစားတော်မိမှ ဘဝကလုံးပါးပါးတော့တာပဲ။
"မောင်ရေ ကော်ဖီတစ်ခွက်လောက်.."
အလုပ်စားပွဲက ငါက ထိုင်ရာကမထလှမ်းအော်တဲ့အခါ စိတ်ကောက်နေတဲ့ကြောင်တစ်ကောင်က ဆူဆူအောင့်အောင့်နဲ့ဖျော်ပေးပြန်တယ်။
"ကော်ဖီတွေလည်း လျော့အုံး ဘေဘီ.."
ခုနကပဲကောက်နေခဲ့တဲ့ကြောင်ဟာ အခုတော့ လူကြီးဆန်ဆန်ဆုံးမစကားပြောလာပြန်ပြီ။ အခုတစ်မျိုး တော်ကြာတစ်မျိုးပြောင်းလဲတတ်တဲ့ ကြောင်ဟာ ကလေးဆန်ဆန်စိတ်နဲ့အကြည်ဓာတ်လေးရယ်။
YOU ARE READING
Stars in the Sky [ sunoo x en- ]
Fanfictionကြယ်တစ်ပွင့်ဆီမှာ ပုံပြင်တစ်ထောင်တဲ့။ kim sunoo & enhypen members short shots written in Burmese