အပိုင်း ၁

16.3K 97 2
                                    


" အခုဆိုရင်တော့ဖြင့် မင်္ဂလာသတို့သား ‌မောင်သိန်းဖေနဲ့ သတို့သမီးမောင်အေးချမ်းမြေ့တို့သည် အကြင်လင်မယားအဖြစ်သို့ ရောက်ရှိသွားပါပြီခင်ဗျ "

ကြေညာသူ၏စကားသဲအဆုံးတွင် တက်ရောက်လာကြသော ပရိတ်သတ်ကလည်း သောင်းသောင်းဖျဖျကြိုဆိုကြသည်။

အေးချမ်းမြေ့က မြို့က ဘွဲ့ရပညာတတ်လေးတစ်ယောက်။ ဘယ်လိုဘယ်ကနေ မျက်စိလည်လမ်းမှားပြီး တောက ကိုလူရိုး လယ်သမားကြီး ကိုသိန်းဖေနဲ့တွေ့ကြဆုံကြလဲတော့ မပြောတတ်။

ဖြူဖြူနုနု မြို့သားလေးကို ရွာခေါ်လာပြီး လက်ထပ်မယ်ဆိုကတည်းက တစ်ရွာလုံးက ဟုန်းဟုန်းတောက်။  ပြောလည်း ပြောချင်စရာ။

ချမ်းမြေ့က ဖြူနုအုဖက်ပြီး တို့ဖူးဖတ်လေးလို။ ကိုသိန်းဖေက ညိုညိုမဲမဲရုပ်ကြမ်းကြီးနဲ့ လယ်သမားကြီး။ တောက လူ။ ဘယ်လိုမှ မအပ်စပ်ကြပေမဲ့ ယူကြမယ်ဆိုတော့ မင်္ဂလာဆောင်ကြလေသတည်းပေါ့။

ရွာက လူတွေအပြင် မြို့င လူတေပါ လာကြတော့ မင်္ဂလာဆောင်က စည်ကားလို့။

လူတွေစည်ကားနေလို့ ဧည့်ခံနေရသည်က မွန်းစောင်းသည်အထိ။ မြို့သားအချောလေးနဲ့ယူရလို့ ဝိုင်း‌စကြလို့ ကိုသိန်းဖေဆိုတာကလည်း မျက်နှာကိုရဲလို့။ ညနေစောင်းတော့ ကာလသားတွေဝိုင်းခေါ်တာနဲ့ကိုသိန်းဖေတစိယောက် ပါသွားလေသည်။ ထုံးစံအတိုင်း လူပျိုနောက်ဆုံးညဆိုတာပေါ့။

မင်္ဂလာဦးညဆိုတော့ အေးချမ်းမြေ့ ရင်လေးတတုန်တုန်နဲ့ ကုတင်‌ပေါ် ထိုင်စောင့်နေသည်။ ယူထားတဲ့သူက ရွာသားကြီးဆိုတော့ သိပ်တော့ မမျှော်လင့်ထားပါချေ။ အခုတောင် မိုးလင်းခါနီးအထိ ပေါ်မလာသေးတာကို ကြည့်။

သူကတော့ ဘယ်လိုတောင်အစွမ်းကုန်ပြင်ဆင်ထားလဲဆိုတာ လာမှပြရမည်။ ထောင်ထားတဲ့ မှန်ကိုလည်း ခနခနကြည့်ရတာ အမော။

ထိုစဉ် ခြေလှမ်းကြမ်းကြမ်းများ ကြားလိုက်ရတာကြောင့် သူ့ချစ်လင်ကြီး ကိုသိန်းဖေအထင်နဲ့ ‌တံခါးထဖွင့်လိုက်သည်။

"ဟင် ကိုကျော်ဇင် "

ဟုတ်ပါသည်။ သူရည်းစားဟောင်းကြီး ကိုကျော်ဇင်မှ ကိုကျော်ဇင်အစစ်။ မျက်နှာက ဒေါသထွက်နေတာလား ဝမ်းနည်းနေတာလား မသဲကွဲ။

အညာမင်္ဂလာဆောင်Where stories live. Discover now