🔞 အပိုင်း ၄ : ခိုးစားတဲ့ အသီး 🔞
ဒီနေ့ ညစာလေးကတော့ ဖွယ်ဖွယ်ရာရာ .. ဂျူဂျူး ကိုယ်တိုင် မီးဖိုချောင် ဝင်ပြီး လက်စွမ်းပြထားတယ် ...
"တီလေးရေ .. ဦးရေ ...
ညစာ အဆင်သင့် ဖြစ်ပါပြီ" ..."လာပြီ ..သမီးရေ..."
"ဟယ် ဟင်းတွေကလဲ အစုံပါပဲလား? ဂျူးလေး လက်ရာကို မြည့်စမ်းကြည့်ရတော့မှာပေါ့ ..."
တီလေး နဲ့ ဦး ထမင်းစားပွဲ မှာ နေရာယူလိုက်ပြီး .. ဂျူဂျူးလဲ အတူဝင်ထိုင်ကာ ညစာ ထမင်းဝိုင်းလေး စတင်ခဲ့ကြသည်။
"ဝါး ..နွယ့်တူမ လက်ရာ က အတော်ကောင်းတာပဲ .. အဝကြိတ် ပြီ ဟေ့!"
"ကျေးဇူးပါ .. ဦး"
ဂျူဂျူး လက်ရာကို ချီးမွမ်းခန်း ဖွင့်ပြီး မြိန်ရေရှက်ရေ စားနေသော ဦးကြောင့် ဂျူဂျူးမှာ ဝမ်းသာပီတိဖြာ၍ အပြုံးပန်းများ ဝေဆာနေတော့သည် ...
"သမီး .. နောက်အပက် ကျောင်းတက်ရတော့မယ်နော် .. အစစအရာရာ အဆင်သင့်ဖြစ်ပြီးလား? လိုအပ်တာရှိရင် တီလေးကို ပြောနော်..."
"ဟုတ် ..တီလေး ..အားလုံး အဆင့်သင့်ဖြစ်နေပါပြီ"
"ဟာ ..မေမေတို့က ညစာစား နေကြပြီလား? သားကိုတောင် မစောင့်ဘူး"
"အမလေး .. ဘယ်တုန်းက ထမင်း အိမ်ပြန်စားလို့လဲ? အပြင်မှာပဲ စားမယ်ထင်တာပေါ့ ... လာ အခု လာစားမှီသေးတယ်..."
နေ့လည်ကတည်း က အပြင်ထွက်သွားပြီး အခုမှ အိမ်ပြန်ရောက်လာသော ကိုလေးက သူ့ကို ထမင်းစား မစောင့်လို့ ရန်တွေ့နေသဖြင့် ဂျူဂျူးလဲ အမြန်ထကာ ထမင်းပန်းကန် တစ်ချက်ယူပီး ထမင်း အမြန်ခူးပေးရတော့သည်။
"Thank you .. ညီမလေး အကောင်းဆုံး .."
"အမလေး ..တစ်သက်လုံး ငါကျွေးတာ စားလာတဲ့ အကောင်ကများ!"
"ဟား....ဟား...ဟား..ဟား..."
ဒီလိုနဲ့ ထမင်းဝိုင်းလေးဟာ တီလေးရဲ့ အပြစ်ဆိုသံ ... ကိုလေးရဲ့ စနောက်သံ နဲ့ ဦးရဲ့ တဟားဟား ရီသံများနဲ့ စိုပြေနေတော့သည် ...
ထမင်း ဝိုင်းလေး ပြီးသွားတော့ ...
ဦးရယ် တီလေးရယ်က ထုံးစံ အတိုင်း TV ကြည့်...