Part 3

322 36 0
                                    



"နင့်မေမေ လာခေါ်ရင် ငါ့ပါခေါ်ပါ့လား"

မိဘမဲ့ကျောင်းရှေ့တွင် ကလေးနှစ်ယောက်ထိုင်၍စကားပြောနေခြင်းဖြစ်သည်။ လမ်းသွားလမ်းလာများ၏ သနားသလို ခနဲ့သလို အကြည့်များကို နားမလည်နိုင်သည့် ကလေးနှစ်ယောက်အတွက်တော့ ထိုနှစ်ဆောင်းက အေးသည်ထက် လွန်နေခဲ့ပါသည်။
တိတ်ဆိတ်မှုကို သည်းမခံနိုင်၍ထင်သည်၊ မှဲ့နက်များကို ပိုင်ဆိုင်သည့် ကလေးက စကားစသည်။

"မေမေက ပြန်လာမခေါ်တော့ဘူး ထင်တယ်၊ ငါမလိမ္မာလို့နေမှာပါ"

"လာမခေါ်လည်း ဘာဖြစ်လည်း။ ငါရှိတယ်။ ငါ့နာမည် က ciize၊ နင်ရော"

"ပန်ဆာ၊ ပန်ဆာ ဗော့စဘီယံ"

ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားပြန်သည်။ ပြန်လာမခေါ်မည့် မိဘများကို သနားစဖွယ်မျှော်နေသည့် ကလေးနှစ်ဦး၏ ရင်တွင်းသံများက တစ်ဦးကိုတစ်ဦးအဖော်ပြုနေကြသည် ထင်သည်။ အခုမှ အအေးဒဏ်က ကလေးနှစ်ယောက်အပေါ် သိပ်မရက်စက်တော့သလိုပင်။ အမှီပြုစရာ "သူငယ်ချင်း" ဆိုသည့် အရာကိုပိုင်ဆိုင်သွားသည်လေ။
                                       x
          

"အာ မပြောမဆို ပြန်သွားပြီထင်တယ်၊ သောက်ကျင့်ကိုက"

ပန်ဆာ နည်းနည်းတော့ စိတ်ညစ်သွားသည်။ အမှိုက်ပစ်ရန် ခဏသွားချိန်မှာ ciize က သူတစ်ယောက်တည်းကို တောင်စောင်းတွင်ထားခဲ့ကာ သူ့ကားနှင့်သူပြန်သွားသည်။ အထုတ်တွေ ပန်ဆာ တစ်ယောက်တည်း သိမ်းဆိုသည့် သဘောပင်။

မတတ်နိုင်။ ကျားကျားယားယား မိန်းမသားဇာတ်သွင်းကာ ကားပေါ် ပစ္စည်းတွေမ၍ တင်ရတော့သည်။ သို့သော် တောထဲတောင်ထဲတွင် တစ်ယောက်တည်းဆိုသော စိတ်က ခြောက်လှန့်နေသည်။ သရဲဆိုတာကြီးကိုတော့ ပန်ဆာ တကယ်ကြောက်ပါသည်။ ခုနက အာချောင်မိသမျှကို ယခုမှပင် နောင်တရလာသည်။

ကြောက်ပါသည်ဆိုမှ နောက်ကျောကမလုံ။ တစ်ယောက်ယောက်စိုက်ကြည့်နေသလို ခံစားရသည်။ ပဲနို့နှင့် မူးနေသည့် အရှိန်ပင် ပျက်သွားသယောင်။

"အသင် လူသား"

ဘုရားရေ။ ပန်ဆာ ခေါင်းနားပန်းကြီးသွားသည်။ တောခြောက်သည်ဆိုတာလား မသိ။ အရေးကြုံမှ ဘုရားစာပင် အစရှာမရတော့ပေ။ နောက်တော့ လုံးဝ လှည့်မကြည့်ရဲ၊ ခေါင်းပြတ်ကြီးသာဆို ပန်ဆာ အဲ့နားတင် အသက်ထွက်သွားမည်ထင်သည်။

What now? (Milklove myanmar au) Where stories live. Discover now