Part 4

309 34 3
                                    

Author's note: author က မျောက်စိတ်မို့လို့ plot တွေ ခဏတိုင်း edit ရင် စိတ်မရှိပါနဲ့🙏 အရှေ့အပိုင်းတွေ ပြန်မဖတ်ရသေးရင် သွားဖတ်ကြပါဦး ပြင်ထားတာလေးရှိလို့ပါ🥲 thank you for your support!
x
ပန်ဆာ သတိရသလောက်တော့ လပ်ဗ် သူ့အိမ်ရောက်နေသည်မှာ ၄ ရက်ရှိလေပြီ။ ရဲစခန်းကို အကြောင်းကြားထားသော်လည်း ထိုနာမည်နှင့် လူပျောက်တိုင်တာမရှိဟု ဆိုလေသည်။ ပန်ဆာကတော့ လက်မလျှော့ချင်သေး၊ တတ်နိုင်သမျှ လပ်ဗ်ကို ကူညီပေးချင်သည်။ သူနှင့်မဆိုင်ဟု ကြုံရာစခန်း ချထားခဲ့လို့ရသော်ငြားလည်း ပန်ဆာ အဲ့လောက် အသည်းမမာချေ။

ဖြစ်နိုင်လျှင် မိသားစုကို အမြန်ဆုံးတွေ့စေချင်သည်။ အိမ်မှာထားရသည်မှာ တကယ့်မျောက်လောင်း။ရောက်သည့်နေ့မှစ၍ တစ်ရက်တစ်မျိုး မရိုးရပေ။ ဇွန်း၊ခက်ရင်း ကိုင်သည်မှစ၍ ပန်ဆာက ဂရုစိုက်ရသည်။ တောသားမြို့ရောက်ကို ထိန်းရသည်မှာ ကလေးတစ်ယောက်ထိန်းရသည်ထက် ပိုဆိုးသည်။လွှတ်ထားလျှင် အိမ်ပြိုရင်ပြို၊ မပြိုလျှင် ပန်ဆာ ရူးရုံသာ ကျန်သည်။

"အမ" ဟူ၍ ချစ်စဖွယ်အသံနှင့်ခေါ်လျှင်ကို ပန်ဆာလန့်လာသည်။ ပြဿနာရှာထားသည့် သဘောပင်။ ကိုယ်က စိတ်ရှုပ်ဟန်ပြလျှင် မျက်နှာလေးကို အငယ်ဆုံးထား၍ သနားစဖွယ်နေပြသည်။ အင်္ကျီစကို ဆွဲ၍ မျက်ရည်ဝဲပြသည်။ စိတ်ဆိုးရခက်၊ ရီရခက်ပင်။

သို့သော် ပန်ဆာ ဒီအခြေအနေကို သဘောကျသည်။ ရည်းစားတိုင်းက "စိတ်မရှည်လွန်းသူကြီး" ဟု နာမည်တပ်ရသူသည် အိမ်က မျောက်လောင်းကိုတော့ စိတ်ရှည်လွန်းလှသည်။ ထူးဆန်းအံ့ဩဖို့ကောင်းစွာပင် ထို အသေးလေးကို ဂရုစိုက်ပေးချင်သည်။ထို မိန်းမငယ်သည် ချစ်စရာအလွန်ကောင်းသည်။ "အမကလည်း"
ဟု မျက်နှာငယ်လေးနှင့် ချွဲလျှင် သဘောကျသည်။ သိစိတ်က မိသားစုနှင့် ဆုံစေချင်သော်လည်း မသိစိတ်က ထို မိန်းမငယ်ကို မိမိတစ်ယောက်တည်းသာသိသော တစ်နေရာတွင် ဖွက်ထားလိုက်ချင်သည်။ ခက်ချေပြီ။
x
"အမ"

အိမ်ပြန်ရောက်ရောက်ချင်း မြင်လိုက်ရသည်က ပန်ဆာ့ င်္အကျီခပ်ပွပွကို ဂါဝန် အဖြစ်လုပ်ဝတ်ထားသည့် လပ်ဗ်ပင်။ ချစ်စရာကောင်းသည်ဟု တွေးမည်ကြံပါသော်လည်း အနောက်ကို ကျော်၍ မြင်လိုက်ရသည်ကြောင့် မျက်လုံးပြူးသွားသည်။

What now? (Milklove myanmar au) Where stories live. Discover now