Part-1

185 17 5
                                    

အထက်တန်းနောက်ဆုံးနှစ်ရဲ့ ပထမဆုံး ကျောင်းတက်ရက်..။

စိတ်လှုပ်ရှားနေတဲ့ ကျောင်းသားအများစုက လွန်စွာမှ သွက်လက်နေတဲ့ ခြေ‌ထောက်တွေကို လှုပ်ရှားပြီး ကျောင်းဝန်းထဲကို သိုက်မြိုက်စွာ ဝင်သွားကြ၏။

သူ့ရဲ့ ခြေလှမ်းတွေက တုံ့ဆိုင်းခြင်းမရှိသလို၊ လျင်မြန်သွက်လက်နေခြင်းလည်း မရှိပေ။
ဒါက ပုံမှန်ပဲ၊ ဒီအရှိန်အတိုင်း သူက ရွေ့လျားနေလိမ့်မယ်။

သို့ပေမယ့် သူ့ကို ဟန်ချက်ပျက်သွားစေတာက ပြင်းအားများတဲ့ ဝင်တိုက်မှု တစ်ခု။

တောင်းပန်ခြင်း အလျဉ်းမရှိခဲ့ဘူး။
တစ်ချက်လှည့်ကြည့်ပြီး နှာခေါင်းတောင်ရှုံ့သွားသေးတယ်။
အမှိုက်တစ်စလိုပဲ သတ်မှတ်သွားတာ...။

အဲဒီကောင်က ဘယ်အတန်းကလဲ။

---

ပထမစာသင်ချိန်တွင် အတန်းပိုင်ဖြစ်သည့် Physicsဆရာက အတန်းထဲရှိ လူဦးရေစစ်ပြီးသည်နှင့် အပြင်ဘက်ရှိလူကို အထဲသို့ဝင်လာရန် ခေါင်းညိတ်အချက်ပေးလိုက်သည်။
Satangက ဒါတွေကို စိတ်မဝင်စားဘူး၊ ခေါင်းကို ပြန်ငုံ့လိုက်ဦး အရှေ့က စာအုပ်ကိုသာ အာရုံပို့ထားလိုက်တော့တယ်။

"ဆရာတို့အခန်းကို ကျောင်းသားအသစ်နဲ့ ကျောင်းသူအသစ်ရောက်ပါတယ်"

ဆရာရဲ့အသံကို လုံးဝလျစ်လျူရှုထားလိုက်တယ်။ စာသင်တာကလွဲရင် ကျန်တဲ့ကိစ္စကို အာရုံမစိုက်ချင်ဘူး။

"သူငယ်ချင်းတွေ သိအောင် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ကြပါဦး"

"Loveပါရှင့်၊ စာသင်နှစ်တစ်လျှောက်လုံး ကူညီပေးပါဦး"

ချိုသာစွာ မိတ်ဆက်လာသည့်မိန်းကလေး၏ စကားအဆုံးမှာ စာသင်ခန်းအတွင်း၌ တီးတိုးစကားပြောသံများ ပေါ်ထွက်လာတော့သည်။

"Oi..ဘယ်လိုတောင် နှစ်သက်စရာကောင်းလိုက်သလဲ၊ မျက်နှာလေးက အစကြည်လင်‌နေတာ"

"အတန်းထဲမှာ ဒီလိုမိန်းကလေးမျိုး များများလိုအပ်တယ်"

"မင်းနှာဘူးကြမလို့မလား"

"စောင့်ရှောက်ပေးချင်တာပါ"

ဒါတွေကတော့ ထုံးစံအတိုင်း အသစ်ရောက်လာရင် ချီးမွမ်းခန်းဖွင့်ကြတာပါပဲ။
အသစ်မိန်းကလေးကို နေရာချပြီးသည်အထိ အကြားအာရုံဖြင့်သာ အာရုံစိုက်နေမိ၏။

Me Gustas TuWhere stories live. Discover now