Part-1.1

147 15 2
                                    

( Satang's pov )

စွန်ရဲက သူ့သားကောင်ကို သုတ်ချီသွားသလိုပဲ၊ အရပ်အမြင့်က သိပ်မကွာခြားသော်ငြား လူ့ကျင့်ဝတ်မသိတဲ့ကောင်က အားများတာကြောင့် ကိုယ်က သားကောင်လေးလို့ ခံစားလာရတယ်။
တစ်ယောက် အကြောင်း တစ်ယောက် အနည်းအကျဉ်းမျှ မသိဘဲနဲ့ ပခုံးဖက်လာသည်ကတော့ စိတ်ထဲဝယ် အနည်းငယ် ဘဝင်မကျဖြစ်လေ၏။

"သူ ငါနဲ့ဆော့ပေးလိမ့်မယ်"

လူ့ကျင့်ဝတ်မသိတဲ့ကောင်က ဘောလုံးကိုတစ်ဘက်က ကိုင်လျက် တစ်ဘက်က ကိုယ့်ကို ဖက်ကာ ကွင်းထဲက Joong, Dunk နှင့် Phuwinတို့ဆီ လှမ်းအော်လိုက်ပုံရတယ်၊ ဟုတ်တယ်၊ အမှန်တကယ်လည်း သူတို့ကို လှမ်းအော်ပြောတာပဲ။

လူ့ကျင့်ဝတ်မသိတဲ့ကောင်ရဲ့ ပခုံးဖက်ထားတဲ့လက်အောက်မှ ထွက်လိုက်ပြီး တွန်းထုတ်လိုက်တယ်။

"မဆော့ဘူး"

"ဘာလို့လဲ"

"ငါ့မှာ ငြင်းပိုင်ခွင့်ရှိတယ်လေ"

"မရဘူး"

ယတိပြတ်ငြင်းပြီး ကိုယ့်လမ်းကြောင်းကို ပြန်တည့်လိုက်တယ်၊ ကိုယ်နောက်ကျလို့မဖြစ်ဘူး။
လူ့ကျင့်ဝတ်မသိတဲ့ကောင်က ကိုယ့်လမ်းကြောင်းကို စတင်ချိုးဖေါက်လာတယ်၊ ကိုယ့်လက်‌ကောက်ကို ကိုင်ဆွဲပြီး ကွင်းထဲကို ဒရောသောပါး ခေါ်ဆောင်သွားတော့၏။

"မင်း ငါ့ကို လွှတ်စမ်း"

လက်တွေက သွေးမလျှောက်တော့ဘူးလို့တောင် ခံစားလာရတယ်၊ ကျန်လက်တစ်ဖက်က ဖြုတ်ချဖို့ ကြိုးစား‌နေလည်း တင်းကြပ်နေပြီး ရုန်းထွက်မရဘူး။
အဆုံးသတ်မှာတော့ ကိုယ့်လက်ကို သူက လွှတ်ချလိုက်တယ်၊ တကယ်ပဲ လက်ကဖျော့တော့နေပြီး သွေးမလျှောက်တော့ဘူး သို့ပေမယ့် နီရဲနေတဲ့ လက်ရာကိုတော့ ရရှိလိုက်တယ်။

"Ai Tang ...
မင်းကလည်း ဆော့ပေးလိုက်ပါ"

Phuwinက ကိုယ်မဆော့ချင်ဘူးဆိုတာသိတယ်၊ ကိုယ့်ကို ဒီလိုခေါ်လာကတည်းက သူသိနှင့်ပြီးသားပဲ။
ပြီးတော့ ကိုယ့်ရဲ့လက်တွေက Basketballကစားဖို့အတွက်မှ မဟုတ်ဘဲ၊ ဂီတာတီးဖို့လေ။

"ဒီလို လူ့ကျင့်ဝတ်မသိတဲ့ကောင်နဲ့ ဆော့ပေးစရာအကြောင်းမရှိဘူး"

Me Gustas TuWhere stories live. Discover now