~12~

403 11 3
                                    

ချစ်ချင်းမေတာဟာကိုယ်နဲ့မဆိုင်သည်အလားရှောင်ဖယ်နေတတ်တယ်။မပိုင်ဆိုင်ရပေမယ်လဲကိုယ်သက်ဆိုင်သူပျော်နေရင်ကိုယ်လဲပျော်ပါတယ်။

လိုက်ကာကြားကနေမျက်နှာပေါ်ကျရောက်လာတဲ့နေရောင်ခြည်ကြောင့်ရောင်စဥ်မထချင်ဘဲထလိုက်ရ။ရေချိုးပြီးအောက်ထပ်ဆင်းလာတော့ဆူညံနေတာဘဲ။

"ငါအိမ်ထဲသူပုန်တွေ့များရောက်နေတာလား"

ရောင်စဥ်ပြေးသွားတော့တွေ့ပါပြီသီရိတို့ကိုကြက်ဥတွေ့နဲ့ပေါက်နေကျတယ်။

"ဘာလုပ်နေကျတာလဲအဲတာ"

ရောင်စဥ်အော်လိုက်တော့အကုန်လုံးမျက်နှာငယ်လေးနဲ့ကြည့်လာကျ။ပြီတော့တယောက်မျက်နှာတယောက်ကြည့်ပြီး
ရောင်စဥ်ကိုပြုံးပြနေ။ဒါမရိုးသားဘူး။

အားး..
ရောင်စဥ်မျက်နှာကိုကြက်ဥနဲ့ပေါက်လိုက်တာပါ။

"တွေ့မယ်လာထား"

သူတို့တစ်နာရီလောက်ထိဆော့ပြီးရေချိုးကျ။ရောင်စဥ်ကတော့နှစ်ခါပြန်ချိုးရတာပေါ့။

"ရောင်စဥ်အကုန်ဆုံတုနညကျသောက်မယ်လေ။နင်အရက်စပ်ပေးနော်"

"အွန်းလုပ်ပေးမယ်လေ။ညနေ့ကျလိုတာသွားဝယ်မယ်"

"သွားမယ်လေ"

"ရွက်သစ်အကိုအပြင်သွားလိုက်အုန်းမယ်"

"ဘာသွားမှာလဲ"

သီရိဝင်မေးလိုက်မိတယ်...

"သူငယ်ချင်းတယောက်နဲ့သွားတွေ့မှာ"

"ငါလဲလိုက်မယ်"

"အင်းလိုက်ခဲ့လေ"

"ကားထဲမှာငါစောင့်နေမယ်"

"အင်းငါအပေါ်မှာကားသော့သွားယူအုန်းမယ်"

အကိုနဲ့သီရိအတူထွက်သွားတာကိုကြည့်ပြီရင်ဘတ်ထဲအောင့်လာ။အကိုပျော်ရင်
ရွက်သစ်လဲပျော်ပါတယ်အကို။

"မမ လင်းတို့ဘဲလိုအပ်တာသွားဝယ်ထားကျမလား"

"အင်းကောင်းသားဘဲလင်း။အကိုပြန်လာထပ်မသွားရတော့ဘူးလေ"

"လင်းတို့သွားရအောင်မမ"

ကားခနလောက်မောင်းပြီရောင်စဥ်ကစားသောက်ဆိုင်တခုမှာရပ်လိုက်တယ်။သီရိကိုကားတံခါးလာဖွင့်ပေးတယ်။ဒါဟာရောင်စဥ်လုပ်ပေးနေကျအကျင့်တခုပါ။သူတို့အတူဝင်လာတော့ခပ်ချောချောကောင်မလေးတယောက်ထိုင်နေတယ်။တခြားသူတွေ့ဆိုသူကိုကောင်လေးလို့ထင်လောက်မယ်။သီရိကတော့လင်းခက်နဲ့ပေါင်းတာကြာတော့အကဲခတ်တာတော်လာပြီလေ။

နှင်းဆီငယ်ရဲ့ကိုယ်ရံတော်Where stories live. Discover now