မောင့်ရှိုင်းငယ် Part- 6

498 33 0
                                    

ညစာစားပြီးတဲ့ထိ စောနက အဖြစ်အပျက်ကြောင့် နှစ်ယောက်သား မျက်နှာချင်းဆိုင်ရမှာ ရှက်ပြီး ကိုယ့်အခန်းထဲကိုယ်ပဲ အခန်းအောင်းနေကြရင်း အတွေးကိုယ်သီနဲ့အိပ်ပျော် သွားကြတယ်

ညလယ်လောက်ရောက်တော့ Vita သူ့တံခါးကို လာခေါက်တာကြောင့် အိပ်ချင်မူးတူးနဲ့ နိုးလာတော့တယ်

Vita - မိအေး ပြောစရာရှိ မနက်ကျမှပြောလေ ညကြီးမိုးချုပ် တံခါးလာခေါက်နေရလား

တစ်ဖက်က ပြန်ဖြေသံမကြားတာမို့ ပြန်အိပ်လိုက်တယ် ခဏကြာတော့ နောက်ထပ် တံခါးခေါက်သံထပ်ကြားလိုက်ရပြီး Vita စိတ်တိုစွာနဲ့အော်မယ်အလုပ် သူတစ်ခုကိုသတိရသွားတယ်

ဟမ် ဒီနေ့ မိအေးကခွင့်ယူထားတာလေ ဒါဆို ခုလာခေါက်တာ ရှိုင်းလား

Vita ချက်ချင်းထလိုက်ပြီး မီးပျက်နေလို့ ဖုန်း flashမီးနဲ့ တံခါးသွားဖွင့်‌ပေးလိုက်တော့ ခေါင်းအုံးလေးပိုက်ပြီး ရပ်နေတဲ့ ရှိုင်း

Shine - ဟင့် ဗြဲ အီး ဟီး😭😭

ရုတ်တရက် ထငိုတဲ့ရှိုင်းကြောင့် လန့်သွားရတယ် သူများဘာလုပ်မိလို့လဲ စောနက အော်လိုက်မိလို့လား

Vita - ဟင် ရှိုင်း ဘာလို့ငိုတာလဲ မငိုနဲ့လေ ကျွန်တော်အော်လိုက်မိလို့လား

Shine - ဟင့် မဟုတ် ဟင့် ပါဖူး ဟင့် မီးပျက်သွားတော့ အမှောင်ထဲ တစ်ယောက်တည်း ဟင့် သရဲကြောက်လို့ ဟင့်

Vita ခဗျာ ရီရခက် ငိုရခက် ဘယ်နှယ့် အသက် ၂၀ ကျော်ကြီးက သရဲကြောက်လို့ ငိုရတယ်လို့  သူ့ထက်အသက်သာကြီးတာ စိတ်ကကလေးပါလား ရှိုင်းရယ်

Vita - ဟားဟား ဟားဟား

Shine - ဘာရီနေတာလဲ သူများကြောက်လို့ကြောက်တယ်ပြောတာကို ရီနေတယ် ဟင့် Vita မကောင်းဖူး အီး😭😭

Vita - အယ် အယ် မငိုပါနဲ့တော့ဗျာ နောက်မရီတော့ဖူးနော် တိတ်တော့်တိတ်တော့ ဒါနဲ့ အဲ့ခေါင်းအုံးက

Shine - အင့် တစ်ယောက်တည်းမအိပ်ရဲလို့ အင့် တူတူအိပ်လို့ရလားဟင် ငါဟို ဆိုဖာပေါ်မှာပဲအိပ်မယ်လေနော် ငါတကယ်တစ်ယောက်တည်းကြောက်လို့ပါ

Vita - အာ ရပါတယ် လာလေ ၀င်ခဲ့ ရှိုင်း ကုတင်ပေါ်မှာပဲအိပ်လိုက်ပါ ကျွန်တော် ဆိုဖာပေါ်မယ်အိပ်လိုက်မယ်

Shine - မဟုတ်တာ ငါပဲ အိပ်လိုက်ပါမယ် ဆိုဖာပေါ်မှာအိပ်ရင် သက်တောင့်သက်သာမရှိတာနဲ့ မင်းမနက်ကျ ခါးနာနေလိမ့်မယ်

Vita - ရပါတယ်ဗျာ အဲ့လောက်တော့ ကျွန်တော်က ကြံ့ခိုင်ပါတယ် ဘာလည်း ကျွန်တော့်ကို စိတ်ပူလို့လား

Shine - အင်း အဲ မဟုတ်ပါဖူး ပူစရာလား တသက်လုံးမပူဖူး ဒါဆို ငါကုတင်ပေါ်မှာအိပ်လိုက်တော့မယ်နော်

ဟက်! ရှက်သွားတာ ချစ်စရာလေး

Vita လည်း ကုတင်ပေါ်က ခေါင်းအုံးတစ်လုံးယူပြီး ဆိုဖာပေါ်မှာ လှဲလိုက်ပြီး
ခဏလောက်ကြာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်

ရုတ်တရက် သူ့ကိုယ်ပေါ်ကို တစ်ခုခုလာခြုံပေးလိုက်သလိုခံစားလိုက်ရပေမယ့် အထင်မှားတာနေမှာပါဆိုပြီးပဲ တွေးလိုက်တယ်

Vita တစ်ယောက် သူချစ်ရတဲ့ ကောင်လေးက သူ့ကို ခိုးပြီး စောင်လာခြုံပေးသွားတယ်ဆိုတာသာ သိခဲ့ရင် အပျော်လွန်ပြီး ထခုန်လေးမလား

မနက်ရောက်တော့ Vita နိုးလာတဲ့ချိန် ကုတင်ပေါ်လှမ်းကြည့်လိုက်တော့ ရှိုင်းကိုမတွေ့တော့ သူထဖို့လုပ်လိုက်တော့ သူ့ပေါ်က စောင်လေးကို သတိထားမိသွားတယ်

ဟင် ညက ငါစောင်ခြုံမအိပ်ပါဖူး မဟုတ်မှ ရှိုင်းလာခြုံပေးသွားတာလား ဟုတ်တယ် ညက သူနဲ့ငါပဲ အခန်းထဲရှိတာလေ သူခြုံပေးသွားတာပဲပေါ့ ဝါးးးး ပျော်လိုက်တာ Vitamin ရေ ဒီတစ်နေ့တာတော့ မင်းကံကောင်းပြီဟေ့ မနက်အစတည်းက ပျော်ရွှင်မှူ‌နဲ့စတင်ရတာ

ရုတ်တရက် ထမြည်လာတဲ့ သူ့ဖုန်း ကြောင့် သူ့အတွေးလေးတွေ ပျောက်သွားရတယ်

Vita - ကျစ်! ဘဘယ်သူလဲကွာ

Fri 1 - ဘယ်သူကမှာလဲ ‌မင်းအဖေဟေ့ ဟေ့ကောင် Vitamin မင်းပျောက်ချက်သားကောင်းနေလိုက်တာကွာ ဘာလည်း မင်းအချစ်လေးရှိတော့ ငါတို့တောင်သတိမရတော့ဖူးပေါ့

Fri 2 - အေးလေကွာ ငါတို့ဆီတောင်မလာတာကြာပြီ ဘယ်လိုလဲ ငါ့ကောင် တော်တော်အဆင်ပြေနေပြီလား

Vita - အေး ခုတော့ ငါတွေးနေတဲ့ ပျော်စရာလေးက မင်းတို့နှစ်ကောင်ကြောင့်ပျက်သွားပြီ တွေ့ရင်နှစ်ကောင်လုံးအသေပဲ

Fri 1 - ဟဲဟဲ အဲ့လိုလား သားကြီးကလည်း စိတ်လျှော့စမ်းပါကွာ

Fri 2 - အေးလေ ဒီသူငယ်ချင်းလေးတွေပဲရှိတာကို အမြဲစိတ်ချည့်ပဲ အော်ဒါနဲ့ မင်းနဲ့မတွေ့တာတောင်ကြာပြီ ဒီည‌ေနေလာက် အရင်လိုချိန်ပဲ ငါတို့ဆုံနေကြ ဆိုင်မယ် ဆုံမယ်ကွာ မလာဖူးမငြင်းနဲ့နော် ယျောင့် လာကိုလာရမယ်

Vita - အေးကွာ အေးအေး လာခဲ့မယ်

Fri 1- ယျောင့် ရောက်ရင် မင်းရဲ့ အချစ်ကလေးနဲ့အခြေနေ ပြောပြဖို့ပါပြင်ထား ငါ့ကောင်ကြီး ပျော်နေတဲ့အတွေးလေးတောင်ရှိနေပုံထောက်ရင် တော်တော် ခရီးရောက်နေပြီထင်တယ်

Vita - အဲ့လောက်လည်း မဟုတ်သေးပါဖူးကွာ ညနေကျ ပြောပြမယ် ယျောင့်တွေ နောက်ကျတဲ့ကောင် ဒီနေ့စားသမျှ ရှင်းရမှာနော်

Fri  2 - အိုကေ စိန်လိုက်လေ မင်းသာနောက်မကျစေနဲ့

Vita - အေး

သကောင့်သားနှစ်ကောင် ပျော်နေတဲ့အတွေးလေးတောင်ပျောက်သွားတယ် ဖျက်ဆီးရေးသမားတွေ

သူတို့နှစ်‌ေယာက်နဲ့ Vita နဲ့က ဟိုးငယ်ငယ်‌ေလးတည်းက ကျောင်းနေဖက်တွေ စားတူတူ သွားတူတူ တက္ကသိုလ်တက်‌ေတာ့လည်းတူတူ သူငယ်ချင်းဆိုတာထက် ညီအကိုရင်းတွေထက်တောင် ရင်းနှီးကြတဲ့ ညီအကိုတွေ  Vita Shine ကို ချစ်နေတယ်ဆိုတာ သိတာဆိုလို့ သူ့သူငယ်ချင်းရင်းကြီး နှစ်ယောက်ရယ် မေမေရယ်ပဲရှိတာ

သူ့သူငယ်ချင်းတွေကို ဒီကစ္စမပြောခင်ကကို သူယောက်ျားလေးတစ်ယောက်ကို ချစ်တာ သိပြီး သူ့ကိုမုန်းသွားမှာ ရွံသွားမှာကို ကြောက်မိတဲ့စိတ်နဲ့ ပြောသင့်မပြောသင့် သူအကြိမ်ကြိမ်စဉ်းစားပြီးမှ ပြောပြခဲ့တာ သူတို့သိသိချင်းက အရမ်းအံ့ဩသွားပြီး ဘာလို့ခုမှပြေတာလည်း အစတည်းက မပြောလို့ဆိုပြီ၊ စိတ်ကောက်ကြပါသေးတယ်

မပြောပြခဲ့ရတဲ့ အကြောင်းကို သိတော့ ဖြစ်စရာလား မင်းနဲ့ ငါတို့ဆိုတာ ခုမှပေါင်းလာတဲ့သူတွေလည်းမဟူတ်ဖူး ဟိုးငယ်ငယ်တည်းက ညီအကိုရင်းတွေကို ကြီးပြင်းလာကြတဲ့ သူတွေလေ ပြီးတော့ မင်းယောက်ျားလေးတစ်ယောက်ကိုပဲ ချစ်ချစ် မိန်းကလေးတစ်ယောက်ကိုပဲချစ်ချစ် မင်ူတို့နှစ်ယောက်အချစ်က စစ်မှန်ပြီး ပျော်ရွှင်နေရင်ရပြီတဲ့ မင်းက စဉ်းစားတတ်တဲ့သူပါ အဲ့တော့ မင်းရွေးချယ်ထားတဲ့သူကလည်း ငါတို့ပြောစရာကိုမလိုဖူး လူတော်လူကောင်းတစ်ယောက်ပဲဖြစ်မယ်ဆိုတာ ယုံပြီးသားတဲ့လေ

ကျွန်တော့်သူငယ်ချင်းတွေဆီက ထိုစကားကြားကြားချင်းကဆို ၀မ်းသာမျက်ရည်ပါကျမိတယ်။ ကျွန်တော်တွက် တကယ့်သူငယ်ချင်းကောင်းတွေနဲ့ဆုံတွေ့ခဲ့ရတာ ကံကောင်းခြင်းတစ်ခုပါပဲ တစ်နေ့မှာ သူတို့ကိုရှိုင်းနဲ့တွေ့ပေးပါအုံးမယ် သူတို့လည်းရှိုင်းကို ကျွန်တော့်ကိုခင်သလိုခင်မင်ကြမယ်ဆိုတာ ယုံကြည်တယ်

ရှိုင်းရေ ကိုယ့်တွက် အရာရာအဆင်ပြေနေပြီ ကိုယ့်ကို မင်းပြန်ချစ်ဖို့ပဲလိုအပ်တော့တယ် ~
🤍🤍🤍🤍

ထပ် up ပေးလိုက်ပါပြီနော် 🤍

ရှိုင်းလေးက Vita ကို စိတ်၀င်စားနေပေမယ့် Vita သိရင် စိတ်ဆိုးသွားမှာစိုးလို့ ဖုံးကွယ်ထားတယ်

Vita က ရှိုင်းလေးကို ငယ်ငယ်လေးထဲက ချစ်ခဲ့ရပေမယ့် ရှိုင်းလေးသိသွားရင် စိတ်ဆိုးသွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ အကြာကြီးဖုံးကွယ်ထားတယ်

Vita အမေကတော့ သူ့သားလေးစိတ်ချမ်းသာရင် ပြီးရောဆိုပြီး သားလေးရဲ့အချစ်ကိုလက်ခံပေးခဲ့တယ်

တစ်ဦးတည်းသောသားလေးကို ချစ်လွန်းရတဲ့ ရှိုင်းလေးအမေကရော?

ကဲ ဘယ်လိုဆက်ဖြစ်မယ်ထင်လဲ နောက်လေးငါးပိုင်းဆို ဇာတ်သိမ်းပါတော့မယ်ရှင့်🤍

မောင့်ရှိုင်းငယ်Where stories live. Discover now