Vita's Mum - ဟော ရောက်လာကြပြီလား
Shine - ဟုတ်ကြီးကြီး ဒါနဲ့လေ မောင် အဲ Vita ရောဟင်
Vita's Mum - မောင်လို့ပဲခေါ်ပါ
Shine - ဟာကြီးကြီ၊ကလည်း
မမြစလိုက်တော့ မျက်နှာလေး ရဲပြီး ရှက်သွားတဲ့ ရှိုင်းကလေးကို ကြည့်ပြီး မမြ ရယ်လိုက်မိတယ်
Vita's Mum - ဟား ဟား မကြာခင်ပဲဆွေမျိုးတော်ရတော့မှာကို ရှက်နေသေးတယ် သားငယ်ရယ် သွား သားVita အပေါ်ထပ်က သူ့အခန်းထဲမယ်ရှိတယ် သားမှာထားတဲ့တိုင်း ကြီးကြီး သားတို့လာမှာ ဘာမှမပြောထားဖူး သွား သွား တွေ့လိုက်အုံး
Shine - ဟုတ် ကြီးကြီး 😁
Vita's Mum - ကဲ မြင့်လည်းလာ ခရီးပန်းလာရောပေါ့ အိမ်ထဲ၀င်ရအောင် ဒီနေ့ မြင့်တို့အကြိုက်တွေချည့်ချက်ထားတာနော် အ၀စားဖိူ့သာပြင်ထားပေးတော့
Shine's Mum - ဟား ဟား ဟုတ်ပါပြီရှင် ကျွန်မသူငယ်ချင်းလေးလက်ရာကို လွမ်းနေတာနဲ့အတော်ပဲပေါ့ရှင်
ရှိုင်း ကြီးမြတို့ကိုနှုတ်ဆက်ပြီး အပေါ်တက်လာလိုက်တယ်
ဒေါက် ဒေါက် ဒေါက် ~
Vita - မိအေးလား မေမေက ထမင်းစားဖို့ခေါ်ခိုင်းလိုက်တာဆိုရင် ငါခနနေမှစားလိုက်မယ်လို့ပြောလိုက်
သူဖြေချင်ရာဖြေသွားပြီး တံခါးလာမဖွင့်သွားသော Vitaကြောင့် နောက်ထက်ထပ်ပြီး တံခါးကိုခေါက်လိုက်တယ်
ဒေါက် ဒေါက် ဒေါက် ~
Vita - ဟာ စိတ်ညစ်ရတဲ့ထဲ ဘာလဲ မိအေးရာ ဘာကိစ္စ တံခါးကို ဟင်~
မိအေးအမှတ်နဲ့ ဆူဖို့ တံခါးကိုဆွဲဖွင့်လိုက်ချိန်မှာ ပေါ်လာတဲ့ မျက်နှာလေးကြောင့် Vita အံ့ဩလို့မဆုံးခင်မှာပဲ
Shine - မောင့်!
ရင်ခွင်ထဲ ၀င်လာတဲ့ရှိုင်းငယ်ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားလိုက်တယ်
Vita - မောင် အိပ်မက်မက်နေတာမဟုတ်ပါဖူးနော် တကယ်ရှိုင်းငယ်မလားဟင်
ရှိုင်း မောင့်ရင်ခွင်ထဲက ခဏထွက်လိုက်ပြီးတော့ မောင့်ဗိုက်ကို နာနာလေးဆွဲဆိတ်ပေးလိုက်တယ်
YOU ARE READING
မောင့်ရှိုင်းငယ်
Fanfictionမောင်က မင်းကို စတွေ့တဲ့အချိန်ထဲက မြတ်မြတ်နိုးနိုး ချစ်ခဲ့ရတာပါ ရှိုင်းငယ်ရယ် ... #Vitamin အမြဲငါ့ကို လိုက်လိုက်စတတ်တဲ့ မင်းကို မကြိုက်ပေမယ့် ဘယ်ချိန်တည်းက စချစ်မိခဲ့လည်း မပြောတတ်ဖူး မောင် ... #Zawshinehtet