part.2

345 9 0
                                    

Unicode

အုတ်ဂူအပြာနုနုလေးရဲ့အရှေ့တည့်တည့်မှာရပ်နေကြတဲ့ကောင်လေး ၂ယောက်။အုတ်ဂူလေး၂ခုကိုသေချာစိုက်ကြည့်ကာငြိမ်သက်နေကြသည်။လက်ထဲမှာလဲအဖြူရောင်နှင်းဆီပန်းစည်းလေးကိုယ်စီနှင့်ပင်

"ညီ..ပန်းတွေထားရအောင်"

"ဟုတ်ကဲ့"

ဘုန်းမြတ်နဲ့သိဒ္ဓိတို့ပန်းစည်းကိုအုတ်ဂူတစ်ခုစီပေါ်တင်ပြီးသည်နှင့်အုတ်ဂူအစွန်းလေးကိုကိုင်ကာပြိုင်တူပင်ပြောမိကြသည်

"သားတို့လာလည်တယ်)×2"

"မေမေနဲ့ဒေါ်ဒေါ်လေးတို့အဆင်ပြေကြတယ်မလားအပူအပင်မရှိဘဲနေရတော့ပျော်ကြတယ်မလားမေမေနဲ့ဒေါ်ဒေါ်လေးပျော်ရင်သားနဲ့ကိုကိုလဲဝမ်းသာပါတယ်"

"မေမေနဲ့ဒေါ်ဒေါ်လေးကြိုက်တဲ့နှင်းဆီဖြူကိုညီကခြံထဲကနေကိုယ်တိုင်ခူးပြီးကိုယ်တိုင်စည်းထားတာ"

"သားကမေမေနဲ့ဒေါ်ဒေါ်တို့အတွက်နှင်းဆီအဖြူကြီးဘဲခြံတစ်ခြံဝယ်ပြီးစိုက်ထားတာကိုကိုအတွက်ရောပါတယ်"

"နေလဲပူလာပြီဆိုတော့သားတို့သွားတော့မယ်နောက်လကျမှထပ်လာခဲ့မယ်မေမေနဲ့ဒေါ်ဒေါ်လေး"

"မေမေနဲ့ဒေါ်ဒေါ်လေးသားတို့သွားတော့မယ်"

ညီကို၂ယောက်လုံးသေချာဦးညွှတ်ကာကားဆီကိုပြန်လာခဲ့ကြတယ်။မိုးကြိုးကိုအိမ်ကိုခေါ်လာတဲ့ခွန်းဆိုတဲ့ကလေးအတွက်အဝတ်အစားအသုံးအဆောင်တို့ဝယ်ပေးရန်လွှတ်ပေးလိုက်တာကြောင့်သူနဲ့ညီသာလာခဲ့ရတာဖြစ်သည်။

"ကိုကိုအပြန်ကျရင်ကော်ဖီဆိုင်ထိုင်ရအောင်"

"ညီဆိုင်ရွေးထားတာရှိလို့လား"

"ရှိတယ်ကိုကိုတော်တော်နာမယ်ကြီးနေတာတဲ့အဲ့ဆိုင်ကကိတ်တွေကလဲကောင်းတယ်တဲ့"

"သဘောလေဒါဆိုကိုကို့ကိုလမ်းညွှန်"

"ဟုတ်ကဲ့ကိုကို"

တူ~တူ

"ဟယ်လို"

"ဘုန်းမြတ်...ရှီးးး"

ဘုန်းမြတ်ဖုန်းကိုင်ကိုင်ချင်းသူ့နာမယ်အရင်ခေါ်ကာနောက္မှတော်တော်feelတတ်နေသည့်အသံကြောင့်ဘယ်သူလဲဆိုတာပြောစရာမလိုပင်သူ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းကြီးဇော်ခန့်ဖြိုးပင်

Mafia's. Baby Where stories live. Discover now