part.4

258 10 0
                                    

Unicode

"စာကောင်းကောင်းသင်နော်နွေးတစ်ယောက်ယောက်အနိုင်ကျင့်လာရင်ဦးငယ်ကိုပြောဖို့မမေ့နဲ့နော်"

"ဟုတ်ကဲ့ဦးငယ်ဒါဆိုသားသွားတော့မယ်နော်

"ဂရုစိုက်သွားနွေး"

"ဟုတ်ကဲ့"

နွေးဦးငယ်ကိုနှုတ်ဆက်ပြီးကျောင်းထဲအမြန်ဝင်လိုက်တယ်။သူ့ကိုမမြင်မှပြန်သွားတတ်သည့်ဦးငယ်ကြောင့်နွေးမှာတခြားတူရီးတွေလို​ေသချာနှုတ်ဆက်ခွင့်မရှိကျောင်းရောက်လျင်စာသင်သည့်အချိန်မှလွဲကျမ်သည့်အချိန်မှာငရဲကျနေသလိုပင်

"ဟေး...အခြောက်နောက်ကျလှချည်လား"

"........."

"သွားမင်းကိုစောင့်ရတာငါဗိုက်ဆာပြီမုန့်စျေးတန်းမှာမုန့်သွားဝယ်လိုက်"

"ဟုတ်..ဟုတ်ကဲ့"

နွေးဘဝကထိုကဲ့သို့ပင်။အိမ်မှာဆိုလျှင်ဦးငယ်ရဲ့အချစ်ခံတူလေးဆရာမတို့ရဲ့ထိပ်တန်းကျောင်းသားဆိုပေမဲ့လူမိုက်တို့ရဲ့အခိုင်းခံအစေခံပင်။အသားဖြူလွန်းကာတခြားယောကျာ်းလေးများနှင့်ယှဥ်လျှင်သွေးလွန်းသည့်ခန္ဓာကိုယ်ကြောင့်အခြောက်ဟုသမုတ်ခံရသည်။မိဘမရှိတော့တာကြောင့်မိဘမဲ့ဆိုတာအနိုင်ကျင့်ချင်ကြသည်။

"အန်တီ"

"အယ်.သားလေးဟိုကလေးတွေဝယ်ခိုင်းပြန်ပြီလားသားရယ်"

"ဟုတ်ကဲ့အန်တီအဒါသူတို့အတွက်၅ဘူးလုပ်ပေးပါဦး"

"သူတို့အတွက်ချည်းကျောင်းတတ်တိုင်းလုပ်ပေးနေတာသူမုန့်စားဖို့ကျန်လို့လားကွယ်"

"မကျန်တော့လဲအရင်လိုဘဲအန်တီ့ဆိုင်မှာဝိုင်းကုန်လုပ်ပေးမယ်လေအန်တီကထမင်းတစ်နပ်တော့ကျွေးပေါ့ဘာလဲသားကိုမကျွေးချင်တော့ဘူးလာ"း

"မဟုတ်တာကွယ်သားလေးကအန်တီ့သားလိုဘဲအန်တီသားအတွက်အမြဲထမင်းပိုပိုထည့်လာပါတယ်အန်တီသားလေးသူများအတွက်နဲ့ကုန်လို့ပြောတာပါကွယ်မကျွေးချင်လို့မဟုတ်ရပါဘူး"

"သားကစတာပါအန်တီရအန်တီကသားအတွက်အမြဲပိုပိုထည့်လာတာသားသိပါတယ်ဒါပေမဲ့သားဦးငယ်ကပြောတယ်လူတစ်ယောက်ဆီကတစ်ခုခုလိုချင်တယ်ဆိုအဲ့လူတစ်ယောက်ကိုတစ်ခုခုတော့ပြန်လုပ်ပေးရမယ်တဲ့ဘယ်အရာမှအလကားမယူရဘူးတဲ့"

Mafia's. Baby Where stories live. Discover now