" သတိထား သေချာထိုင် "
အိမ်ရောက်သည်နှင့် အခန်းထဲဝင်ကာ ယိုင်ထိုးနေသည့် ပိုင်ဇေ၏ကိုယ်ကို သေချာထိန်းပြီး ကြမ်းခင်းတွင် ထိုင်စေလိုက်သည်။
" ခနလေး ကိုယ်ရေယူပေးမယ် "
" ဟင့်အင်းရတယ် မသွားပါနဲ့ ထိုင် နာနေလားဟင် ကျုပ်ဆေးလိမ်းပေးမယ်လေ ဆေးပေး "
" အင်း ရော့ "
ရေထခပ်ဖို့လုပ်ပြီးမှ ပိုင်ဇေက လက်မှပြန်ဆွဲထားတာကြောင့် မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်ကလိမ်းဆေးဘူးကိုယူကာပေးလိုက်သည်။
ပိုင်ဇေသည် ခုနကလောက်တော့မူးမနေပေမဲ့ အမူးပြေနေတာမျိုးလည်းမဟုတ်ပေ။ လိမ်းဆေးဘူးကိုဖွင့်ကာ ယောင်နေသည့်ဇွဲ၏ဘယ်ဘက်ပါးကို လက်ညှိုးလေးဖြင့်အသာထိတို့ပြီးဆေးလိမ်းပေးနေသည်။ မူးနေတာနဲ့ သေချာမမြင်ရတာကြောင့် အနီးကပ်ကာဆေးလိမ်းပေးနေရတော့ မျက်နှာနှစ်ခုမှာ နီးကပ်နေသည်။
အနီးကပ်ဖြစ်နေတုန်း ပိုင်ဇေ့မျက်နှာအား အသေးစိတ်ကြည့်နေမိသည်။ ခပ်ပါးပါးဖြစ်နေတဲ့မျက်ခုံး၊ စူးရှသလိုဝိုင်းစက်နေသည့်မျက်ဝန်းတစ်စုံ၊နှာတံစင်းစင်းနဲ့နှာထိပ်လေးကလုံးလုံးလေး၊ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်း အရားအားလုံးကိုခြုံကြည့်ရလျှင် ပိုင်ဇေဆိုသည့်လူသားက ရွာသားမှဟုတ်ရဲ့လားလို့တောင်တွေးမိသည်။
" ပိုင်ဇေ "
" အင်း နားလို့လားဟင် "
" ဟင့်အင်း ခနလောက်... ခနလောက်မျက်စိမှိတ်ထားပေးပါလား "
" ဟုတ် ကျုပ်မှိတ်ထားမယ် "
စကားနားထောင်သည့်ကောင်လေးကတော့ မျက်လုံးကိုစုံမှိတ်သွားသည်။ ပိုင်ဇေ့ပါးနုနုလေးတွေကို လက်ချောင်းလေးတွေဖြင့်တို့ထိကြည့်ပြီးနောက် ပိုင်ဇေ့နှုတ်ခမ်းနဲ့ထပ်တူကျသွားတဲ့နှုတ်ခမ်းတစ်စုံ။
မှိတ်ထားသောမျက်လုံးများပြန်ပွက့်လာကာ ဝိုင်းစက်နေသောမျက်ဝန်းများက အနည်းငယ်ပြူးကျယ်နေသည်။ အရာအားလုံးကိုလျစ်လျူရှုပြီး နူးညံ့လှတဲ့နှုတ်ခမ်းလေးကို နမ်းရှိုက်နေမိသည်။
YOU ARE READING
ဒေါက်တာပေါက်စ🍓
Romance" ကိုယ်မင်းရဲ့ပထမဆုံးလူနာဖြစ်ခွင့်ရလို့ ပျော်တယ် " " အရူး ဒဏ်ရာရတာကိုပျော်နေတဲ့သူ အခုမှဘဲတွေ့ဖူးတော့တယ် "