အပိုင်း(၂၀)uni

621 15 4
                                    

" ကလေးရောရနေပြီလား "

" မဟုတ်သေးပါဘူး ပူတူး ဘယ်မိန်းမနဲ့ကလေးကိုပြောနေတာလဲ ကိုယ်ကပူတူးနောက်ကွယ်မှာ ဘယ်လိုလုပ်ဖောက်ပြန်မှာလဲ "

" မလိမ်နဲ့ ကျုပ်အကုန်သိပြီးပြီ အဲ့မိန်းမကလှပါတယ်တော်တော်လေး အာ့ကြောင့်လည်းကျုပ်ကိုဖောက်ပြန်တာပေါ့ နားလည်ပါတယ် "

" ဟမ် ပူတူးဘာတွေပြောနေတာလဲ "

" ခင်ဗျားရဲ့ကလေးလည်းကြီးလာရင် ချောမှာပါ "

" မဟုတ်သေးဘူးနော် ကိုယ့်ကိုသေချာပြောပါ ဘယ်သူ့ကိုပြောနေတာလား "

" လမ်းခွဲမယ် "

" ပူတူး "

" ကျုပ်ကလေခင်ဗျားကိုချစ်ပေမဲ့ ခင်ဗျားကနောက်ကွယ်မှာတခြားတစ်ယောက်ရှိနေမှတော့ ကျုပ်လက်လွှတ်ပေးပါမယ် "

" ပူတူး ကိုယ့်ကိုသေချာပြော ဘယ်ကမိန်းမလဲ "

" ဒီမှာလေ "

လက်ထဲကဗူးကိုဖွင့်ပြီး ပုံတစ်ပုံထုတ်ပြီးကိုကို့ကိုပြလိုက်သည်။ ကိုကို့ကြည့်ရတာ အံ့ဩသွားပုံပေါ်သည်။ မဟုတ်မှလူမိလို့ ဝမ်းနည်းသွားတာလားကိုကို...

" ပူတူး ဒါက... "

" မပြောနဲ့သိတယ် ခုကစပြီးကျုပ်တို့ပြီးပြီ "

" ဟမ် မဟုတ်ဘူးလေ ပူတူးမှားနေပြီ "

" မမှားဘူး ခင်ဗျားမှားတာ "

" ကဲပူတူး ကိုယ်ပြောတာကိုသေချာနားထောင် "

" မပြောနဲ့လို့ "

" ဒါပြာမှရမယ်ပူတူးရဲ့ ပူတူးအထင်လွဲနေပြီ ဒီမိန်းက‌လေးက ကိုယ့်ရဲ့မာမီပါ "

" ဟမ် ! "

" ဒီကလေးကလည်းကိုယ်ဘဲ "

" အတည်ကြီးလား "

" ဒါပေါ့ ကိုယ်ကပူတူးကိုလိမ်ပါ့မလား ကိုယ်ကျိန်ဆိုတယ် ကိုယ်လိမ်ခဲ့ရင် ပူတူးကိုယ့်ကိုကြိုက်တာလုပ် "

" အာ ကိုကို့အမေက လှတယ်နော် "

" ဒါပေါ့ ဒါကြောင့်လည်းကိုယ့်လိုအချောလေးကိုမွေးနိုင်တာပေါ့ "

" အမှန်ပြောရရင် ကိုကို့အမေက ကိုကို့ထက်ပိုချောတယ် "

" အမယ် ခုနကကျ ဘယ်ကမိန်းမလဲဘာညာစွပ်စွဲနေပြီးတော့များ "

ဒေါက်တာပေါက်စ🍓Where stories live. Discover now