အပိုင်း_၄

1.4K 173 42
                                    

( UNICODE Version )

( အပိုင်း_၄ )

ပြောင်းဖူးသေးသေးလေးတွေ၊မုန်လာဥတုံးလေးတွေ၊ကြက်ဥတွေနဲ့ရောပြီးကြော်ထားတဲ့ထမင်းကြော်က ကူးကူးလုံးမကြိုက်ဆုံးမနက်စာပါပဲ။ဒါပေမယ့် ကိုကိုက အသီးအရွက်စားရမယ်ပြောထားတော့ ကူးကူးလုံးကုန်အောင်စားခဲ့ပါတယ်။

ပြီးတော့ ကျောင်းအသစ်မှာ ကူးကူးလုံးကျောင်းတက်နေရပြီ။မေမေကပြောတယ်
အဲ့ကျောင်းက ကိုကိုကလေးတုန်းက တက်ခဲ့သည့်ကျောင်းတဲ့။ကိုကို့ကျောင်းမှာတက်ရတာကိုပျော်ပေမယ့် ကူးကူးလုံးက စာလုပ်ရတာကိုတော့မကြိုက်ဘူး။

မိုးလင်းတာနဲ့"ကျောင်းသွားရတော့မယ် မြန်မြန်လုပ်နော်လို့"ခဏခဏအော်နေတတ်သည့်မေမေက အိမ်ရှေ့လမ်းလျှောက်လိုက်၊အိမ်နောက်ဝင်သွားလိုက်နဲ့ဘာတွေအလုပ်များနေလဲ ကူးကူးလုံးမသိဘူး။ကူးကူလုံးကိုကျောင်းပို့ဖို့ မေမေအဲ့လောက်ထိပျော်နေတာလား။

ကူးကူးလုံးတောင်မပျော်တာ မေမေလည်းမပျော်နေသင့်ဘူးထင်တာပါပဲ။ကျောင်းသွားရမယ်ဆိုလည်း ကိုကို့ကိုတော့ နှုတ်ဆက်ချင်သေးတာပေါ့။ဒီအတိုင်းကြီး သွားလိုက်ရင် ကိုကိုလည်းစိတ်မကောင်းဖြစ်မယ်..ကူးကူးလည်းဝမ်းနည်းရဦးမယ်။

မိခင်ဖြစ်သူကို ခိုးကြောင်ခိုးဝှက်္မျက်လုံးလေးတွေနဲ့လှမ်းလှမ်းကြည့်နေပြီး ထို့နောက်တွင်တော့ ခုံပေါ်မှဆင်းပြေးသွားတော့သည်။
သေချာသည်က တစ်ဖက်ခြံကို ​သွားတာပဲဖြစ်မှာပေါ့။

* ဟဲ့ ဟဲ့..!။ဘယ်ကိုပြေးသွားတာတုန်း ကျောင်းသွားဖို့ပြင်ရတော့ပါဆို။ကူးကူးလုံးရေ ပြန်လာခဲ့စမ်း *

ကူးကူးလုံးတို့ အမေစကားကို နားထောင်လိုက်ပုံများ "ပြန်လာခဲ့လို့"အော်ခေါ်လိုက္မှခြံတံခါးဖွင့်ပြီးပြေးထွက်သွားလိုက်တာ ဖင်ကိုလုံးနေတာပါပဲ။

* * * * * * * * * * * * * * * * *

ကိုကိုတို့အိမ်ထဲရောက်တာနဲ့ အရင်ဆုံးရှာမိတာက ကိုကို့ကိုပါ။ကျောင်းသွားချိန်ကြီးရောက်ချလာတဲ့ကလေးကြောင့် ကိုကို့အမေ့မှာတအံတဩတွေဖြစ်သွားရှာပေမယ့် မေမေ့လို ဆူပူတာမျိုးတော့မလုပ်ပါဘူး။

Love Is Hard (Jikook Fanfiction )Where stories live. Discover now