Missing Piece

475 60 0
                                    

' ခွမ်း '

ခွမ်းခနဲကျကွဲသွားတဲ့ Versace ရေမွှေးပုလင်းနဲ့အတူ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးတွေကလည်းတစစီ အစိတ်စိတ်အမွှာအမွှာ ။

ဆောနူက Versace ရေမွှေးပုလင်းတွေကိုသိပ်မုန်းသည်။ ဂျောင်ဝန်းဆီကရနေကျ Versace ရေမွှေးနံ့တွေကိုလည်းသိပ်မုန်းသည်။ ပါးပြင်ပေါ်ဖြတ်ဆင်းလာတဲ့ မျက်ရည်တစ်စက်ရဲ့ အဆုံးသတ်ကဆောနူရဲ့ လည်တိုင်တွေပေါ်မှာဖြစ်သည်။

တန်ဖိုးကြီးရေမွှေးပုလင်းကို ခွဲပြစ်လိုက်‌တဲ့ဆောနူကို ဂျောင်ဝန်းက မမှိတ်မသုန်သာကြည့်နေသည်။ ယခုခွဲလိုက်သောတစ်ခုအပါဝင် ဒီနှစ်ရက်အတွင်း ဆောနူခွဲပြစ်လိုက်သောရေမွှေးပုလင်းအရေအတွက်မှာ လက်ငါးချောင်းထက်ကျော်လွန်နေခဲ့ပြီဖြစ်သည်။ ဆောနူခွဲလည်း ခွဲခွဲပေ ။ ရော့မသွားသော မှန်ဗီဒိုထဲက ရေမွှေးပုလင်းအရေအတွက်က သေလောက်အောင် စိတ်ရှုပ်ဖို့ကောင်းသည်။

ဆောနူ စိတ်တွေရှုပ်လွန်းလို့ ဆံပင်တွေကိုခပ်ကြမ်းကြမ်းဆွဲပြီး အော်ဟစ်ပြစ်လိုက်သည်။ အဆက်မပြတ်စီးဆင်းနေတဲ့ မျက်ရည်တွေကလည်း သူ့အပေါ်သစ္စာမရှိပေ။

" ဆောနူ တော်တော့ "

နူးနူးညံ့ညံ့ ထွက်ပေါ်လာတဲ့ အသံအဆုံး ဆောနူရဲ့ ရူးမိုက်မိုက် အပြုအမူတွေက တန့်ခနဲ ငြိမ်သွားသည်။ ဆောနူ ကိုယ့်ကိုယ်ကိုယ် အားမရသည့်အချက်တွေထဲမှာ ဒါလည်းပါသည်။ ဆောနူက ဂျောင်ဝန်းရဲ့စကားဆို လုံးဝကိုမလွန်ဆန်နိုင်ပေ။

" စိတ်လျှော့နော် ဆောနူ မောနေတော့မယ် "

ဂျောင်ဝန်းရဲ့လက်တွေက ဆောနူရဲ့ပွယောင်းနေတဲ့ဆံပင်တွေဆီဦးတည်လာသည်။ ဆောနူက အခုအချိန်မှာ ဂျောင်ဝန်းရဲ့အထိအတွေ့တွေကို လုံးဝမနှစ်မြို့တာကြောင့် ခန္တာကိုယ်ကို အနည်းငယ်ရို့လိုက်သည်။ ဆံပင်လေးတွေကိုသပ်ပြီးချော့မြူဖို့ ကြိုးစားခဲ့တဲ့ ဂျောင်ဝန်းရဲ့လက်တွေက ဆောနူရဲ့အပြုအမူတွေကြောင့် လေဟာနယ်ထဲမှာ ရပ်တန့် သွားသည်။ ပြီးနောက် လက်ကိုခပ်မြန်မြန်ပဲ ပြန်ရုတ်သိမ်းလိုက်သည်။

ဆောနူရဲ့အသက်ရှုသံတွေပြင်းလာတဲ့အခါ အထိတ်တလန့်နှင့် ပြူးပြူးပြာပြာ ဖြစ်လာရတာ ဂျောင်ဝန်းပင်။  မှန်တင်ခုံပေါ်အသင့်တင်ထားတဲ့ ဆေးနှင့်ရေခွက်ကို ဂျောင်ဝန်းခပ်မြန်မြန်ယူလို့ ဆောနူကို ဆေးအတင်းအကြပ်တိုက်ရပြန်အုန်းမည်။

လိမ်လိမ်မာမာနှင့်ဆေးသောက်သည့်ဆောနူက ခုနက သောင်းကြမ်းနေသည့် ဆောနူနှင့် တစ်ယောက်ထဲဆိုတာ ယုံဖို့ခက်ခဲသည်။   ငြိမ်သွားသော်လည်း ပုံမှန်ပြန်မဖြစ်သေးသည့် ဆောနူရဲ့ ခြေလှမ်းတွေက ဖန်ကွဲစတွေပေါ် ဦးတည်လျက်။  ဒါကိုမြင်သည့် ဂျောင်ဝန်းက ဆောနူရဲ့ ခြေဖဝါးနုနုတွေအောက် သူ့လက်ကို ခံလိုက်တာပါပဲ။ 

မျှော်လင့်ထားသလို သိပ်မနာတဲ့အခါဂျောင်ဝန်းက သက်ပြင်းဖွဖွချသည်။ ဆောနူက ကြမ်းပြင်ကိုမဟုတ်ဘဲ လက်ကိုနင်းမိမှန်း သိ၍ငုံ့ကြည့်လာသည့်အချိန် ဂျောင်ဝန်းရဲ့လက်က သွေးစက်တို့ဖြင့်ဖုံးလွှမ်းနေခဲ့သည်။  လက်ကသွေးကိုမြင်လိုက်တဲ့ဆောနူရဲ့ မျက်ဆန်လေးတွေက တောင်စဉ်ရေမရ လှုပ်ခတ်လာသည်။ ပြီးနောက် မျက်ဝန်းလှလှတို့မှ ပုလဲတို့မြေခရပြန်သည်။

"  ကိုယ်ဘာမှမဖြစ်ဘူး ဆောနူ မငိုပါနဲ့ "

ဒဏ်ရာရထားတဲ့လက်ကို ဂျောင်ဝန်းဆောနူမမြင်အောင် နောက်ကျောဖက်သို့ လျှိုလိုက်သည်။  ကျန်လက်တစ်ဖက်ကတော့ ဆောနူက လက်ဖဝါးနုနုကိုထွေးပွေ့သည်။ ပုလင်းကွဲတွေကို ရှောင်လို့ ဆောနူကို ကုတင်ပေါ် ချော‌ချောမွေ့မွေ့ခေါ်လာနိုင်ပြီးနောက်မှာ ဂျောင်ဝန်းက ဒုတိယအကြိမ်သက်ပြင်းချသည်။

မောပန်းနေတဲ့ဆောနူက ချက်ချင်းပင် အိပ်ပျော်သွားတာမလို့ စောင်သေချာခြုံပေးပြီး ဖန်ကွဲစတွေဂျောင်ဝန်းကရှင်းသည်။ အမှန်တိုင်းပြောရရင် ဆောနူခွဲပြစ်တဲ့ ရေမွှေးပုလင်းတွေအပေါ်ဂျောင်ဝန်းက သိပ်ကို သံယောဇဉ်ရှိသည်။  သေ‌ချာပေါက် ဆောနူနဲ့တော့ ယဉ်လို့မရပေမယ့်လို့ပေါ့ ။

ပုလင်းကွဲတွေကို သိမ်းပြီးနောက်မှာ ဂျောင်ဝန်းလက်ဒဏ်ရာကသွေးတို့ကခြောက်နေခဲ့ပြီဖြစ်သည်။ ဂျောင်ဝန်းက နာကျင်မှုကိုမခံစားရပေ။ အေးစိမ့်နေတဲ့ aircon လေကြောင့် သူ့လက်က ထုံနေပြီ။  ဒါပေမယ့် ရင်ဖက်ထဲက နှလုံးသားကတော့ ဆောနူအပေါ်ယခုထိမထုံသေးပေ။ ဆောနူအကြောင်းတွေးမိတိုင်း ဂျောင်ဝန်းရင်ဖက်ထဲမှာ အုံ့အုံ့နွေးနွေးခံစားချက်ကလေးကိုအမြဲရသည်။ 

ကုတင်ပေါ် အပူအပင်မရှိ အိပ်ပျော်နေတဲ့ ဆောနူက တစ်ကယ့်ကိုအေးအေးချမ်းချမ်းပင် ။ နေ့တိုင်းနီးပါးထုတ်ကြည့်ဖြစ်တဲ့ ဆေးစစ်ချက် ရလဒ်ကို ရေးထားသော စာရွက် အပေါ်မှာ စာလုံး မဲမဲတွေဖြင့် ရေးထားသော စာလုံးမှာ
' Psychiatry ' ဖြစ်ပြီးလူနာ၏အမည်နေရာတွင်တော့ ကင်မ်ဆောနူဟူ၍ဖြစ်သည်။

ဂျောင်ဝန်းက ဆောနူအတွက် ပူပန်ရလွန်းလို့ သူပါ ရူးတော့မည်။ အုံ့အုံ့နွေးနွေးခံစားချက်တွေအစား စိတ်မသက်မသာ ဖြစ်စရာခံစားချက်တွေဝင်ရောက်လာခြင်းရဲ့တရားခံက ဆေးစစ်ချက်စာရွက်သာဖြစ်သည်။

Missing Piece Where stories live. Discover now