You're the missing piece

346 63 10
                                    

ဆေးအကူအညီတွေနဲ့ ဆောနူက အရင်လိုမဟုတ်တော့‌ပေ ။ စိတ်ဖောက်‌တာတွေမရှိတော့တာမျိုးမဟုတ်ပေမယ့် ခနခနမဖြစ်တော့တာမလို့ ဂျောင်ဝန်းအများကြီးဝမ်းသာရသည်။ အင်္ကျီအစိမ်းရောင် ဝမ်းဆက်လေးနဲ့ဆောနူက ရေမွှေးပုလင်းတွေထည့်ထားတဲ့ မှန်ဗီဒိုရှေ့ရပ်နေသည်။

မှန်ဗီဒိုတံခါးကို သော့ခတ်ခိုင်းတဲ့ဆောနူက သူစိတ်လွတ်သွားရင် သိပ်ကြိုက်တဲ့ရေမွှေးပုလင်းတွေကိုခွဲမိမှာစိုးလို့ပါတဲ့။ ရေမွှေးပုလင်းတွေကို အမြတ်တနိုးကြည့်နေတဲ့ ဆောနူ ကိုကြည့်ပြီးဂျောင်ဝန်းက နှုတ်ခမ်းစွန်းလေးကော့တက်သွားအောင်ပြုံးသည်။ ပြီးနောက် ဆောနူ၏ နောက်ကျောကို ခပ်တင်းတင်းဖက်လိုက်သည်။

ဆောနူ၏ ပုခုံးပေါ်မေးတင်လိုက်တာနှင့် ဂျောင်ဝန်း၏ လက်ပေါ်အုပ်ကိုင်လာသည့် ဆောနူ၏ လက်နုနုနယ်နယ်တို့က ခပ်နွေးနွေး ။

" ကိုကို့ ဂျောင်ဝန်း ကိုကို့ကြောင့်အများကြီးပင်ပန်းနေရပြီ "

" ဒီလောက်လေးကိုပင်ပန်းတယ်လို့ ဘယ်ခေါ်မလဲ ဆောနူရယ် "

ဂျောင်ဝန်းကနေ့ရက်တိုင်းကို ဒီလိုလေးပဲဖြတ်သန်းချင်သည်။ ဆောနူကို သူဝါသနာပါတဲ့အလုပ်တွေလုပ်ပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်စေချင်သည်။

မျက်စိရှေ့က ဂုတ်သားဖြူဖြူလေးကို မနေနိုင်စွာနမ်းမိတဲ့အခါ ဆောနူဆီက ခိုးခိုးခိခိ ရယ်သံလေးများထွက်လာသည်။ ဂျောင်ဝန်းသိပ်ကိုသဘောကျရပါသည်။

" ချစ်တယ် ကိုကို အများကြီးချစ်တယ် "

ချစ်ခြင်းတရားတွေ ယိုဖိတ်လာတဲ့အခါ နှုတ်မှထွက်လာသည့် စကားတွေဟာ ဆောနူအဖို့ချစ်စကားတွေသာဖြစ်သည်။ ဂျောင်ဝန်းက ဆောနူကို အများကြီးချစ်ရပါသည်။ အရာရာထက်ပိုပြီးမြတ်နိုးရပါသည်။

" ကိုကိုလည်း ဂျောင်ဝန်းကိုအများကြီး ချစ်တယ် ဒါပေမယ့် .. .."

" ရပါပြီ ကိုကို ဒါပေမယ့် တွေမလိုပါဘူး ကိုကိုချစ်တယ်ဆိုကျွန်တော်က ကျေနပ်ပါပြီ "

ဂျောင်ဝန်းဖက်ကို ရုတ်တရက်လှည့်လာတဲ့ ဆောနူက ရင်ခွင်ထဲကို တိုးဝင်လာသည်။ ငွေ့ရည်ဖွဲ့လာတဲ့ မျက်ဝန်းတွေကို ဆောနူ ဂျောင်ဝန်း၏ ရင်ဖက်နှင့်သာ ဖိကပ်ထားလိုက်သည်။

ဒီကလေးလေးက သူ့ကြောင့် ပင်ပန်းရပေါင်းများနေပြီ။ ဒဏ်ရာရပေါင်းလည်း မနည်းတော့ပေ။ ဆောနူ သိပ်ကြောက်သည့်အရာက ဂျောင်ဝန်း သူ့ကြောင့် တစ်ခုခု ဖြစ်သွားကိုပင်။

ဆောနူက သူ့စိတ်ကို သူထိန်းချုပ်လို့မရအခါတွေမှာ မြင်မြင်သမျှအရာတိုင်းကို ဖျက်ဆီးပြစ်ချင်လာသည်။ ဂျောင်ဝန်းကို တစ်ခုခုလုပ်မိမှာ သူသိပ်ကြောက်သည်။ ထိုကလေးကတော့ ဆောနူအနားမှာ ဆောနူ ဘာဖြစ်နေပစေ ပေတေပြီးနေသည့်ကလေးပင်။

ဆောနူ ဂျောင်ဝန်းကိုသိပ်ကိုမှချစ်ရပါသည်။ သူမြတ်နိုးတဲ့ ရေမွှေးပုလင်းတွေထက်ပိုပြီး ဂျောင်ဝန်းကို မြတ်နိုးသည်။

" ကိုကိုက ဂျောင်ဝန်းအတွက် ပိုကြိုးစားပါ့မယ် ဆေးတွေသေချာသောက်ပြီး ၊ ဆေးကုသမှုခံယူပြီး ဂျောင်ဝန်းဆီကို အရင်က ဆောနူအနေပြန်ရောက်လာပါ့မယ်လို့ ကတိပေးတယ် "

" ကျွန်တော်က ကိုကိုဘယ်လိုဖြစ်နေဖြစ်နေ ကိုကိုဖြစ်နေရင် ရပြီမလို့ ကိုယ့်ကိုယ်ကိုယ်အရမ်း ဖိအားမပေးပါနဲ့ ၊ ကိုကိုဘယ်လိုပုံစံမျိုးဖြစ်နေပါပစေ ကိုကို့အနားကတသက်လုံးခွာမသွားဘူးဆိုတာကို ယုံပါကိုကို "

" ကိုကိုယုံပါတယ် ဂျောင်ဝန်းရယ် ၊ ကိုကိုယုံပါတယ် သိပ်ကိုလည်းမြတ်နိုးရပါတယ် "

တစ်ကယ်တော့ ဆောနူရဲ့ပျောက်ဆုံးနေတဲ့အစိတ်အပိုင်းလေးက ' Versace ရေမွှေးတွေကိုသိပ်ကြိုက်ခဲ့ပါတယ် ' ဆိုတဲ့ အချက်မဟုတ်ဘဲ သူ့ရဲ့ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းလေးက ' ဂျောင်ဝန်း ' သာဖြစ်တယ် ။

The end.


ညတွင်းချင်းကောက်ခါငင်ခါထရေး‌လိုက်ရတာမလို့ လိုအပ်ချက်တွေအများကြီးရှိနေမှာပါ။ သည်းခံပြီးဖတ်ပေးကြပါအုန်းရှင်

Missing Piece Where stories live. Discover now