Part-(1)

132 5 0
                                    

(Unicode)

"ကျွန်မဘဝမှာ ချစ်ရတဲ့သူတစ်ယောက်ရှိပေမဲ့။သူမ ကကျွန်မကိုပစ်ထားလှတာကြာလှပြီ၊ကျွန်မကိုသူမ တော်တော်ကိုလပေါင်းများစွာလှလှပပ ပစ်ထားတာ၊နှစ်ယောက်သားနေခဲ့တဲ့အခန်းကိုကြည့်ပြီးအရင်အချိန်နေကိုပြန်ရောက်ချင်သော်လည်းဖြစ်ကမနိုင်ဘူး။မိန်းမချင်းချစ်တဲ့အချစ်ကမမြဲဖူးလို့သူငယ်ချင်းတွေပြောပေမဲ့ကျွန်မရဲ့ကောင်းတူဆိုးဖက်သူငယ်ချင်းကောင်မလေးကဘေးနားမှာအမြဲရှိပေးခဲ့တယ်။"

သူမတစ်ယောက်အခန်းကအရာများကိုပတ်ကြည့်ရင်းဝမ်းနည်းစိတ်ဖြင့်ငိုကြွေးလေသည်။သူမနာမည်ကJang Won Youngတည်းလှပတဲ့အမျိုးသမီးငယ်တစ်ဦးတည်း။အရပ်မြင့်တဲ့အမျိုးသမီးလို့ပြောလို့ရနိုင်သည်၅ပေ၆လက်မရှိတဲ့သူဆိုတော့၊ဆံပင်ကရင်ဘက်လောက်ထိရှည်ပြီးအညိုရောင်ဆံပင်ဖြစ်သလ်ိုလှပတဲ့မျက်လုံး၊နှုတ်ခမ်း၊နှာတံလေးတွေရှိသည်။ဆွဲဆောင်မှုရှိတဲ့မျက်လုံးအောက်အနည်းငယ်ဝေးတဲ့နေရာမှာ မှည့်လေးရှိသည်။တစ်ဖက်မျက်နှာခြမ်းကနှုတ်ခမ်းအနား နည်းငယ်အကွာအပေါ်ဘက်မှာမှည့်ရှိလေသည်။

သူမထိုအခန်းကပစ္စည်းတွေကိုကြည့်ရင်း၊သူမတစ်ခုခုကိုကြောက်လန့်နေသလိုမျိုးသဘောဖြင့်စာအုပ်တစ်အုပ်ကိုဖက်ပြီးထိုင်ခုံမှာထိုင်ကာအားရပါးရငိုချလေသည်။ခဏကြာ ထိုအိပ်ခန်း တံခါးဖွင့်လာတဲ့အသံကြားတော့Wonyoungတစ်ယောက်မျက်ရည်သုတ်ပြီးမျှော်လင့်ချက်ရောင်ခြည်မျက်ဝန်းများဖြင့်လှည့်ကြည့်ကာသူထင်ထားတဲ့သူမ မဟုတ်ပဲ။Wonyoungရဲ့တစ်ဦးတည်းသောနားလည်ပေးနိုင်တဲ့သူငယ်ချင်း Choi Jiwon တည်း။

"Wonyoung,ဆေးခန်းသွားမပြသေးဘူးလား။"

"Jiwon၊အွန်းပြမှာပါ၊ငါ သူမကိုစောင့်နေတာဟ"

"Wonyoung ,နင်ကတော့အမြဲအမှတ်ကိုမရှိ"

Jiwonစကားကြောင့်Wonyoungပြုံးတုံးတုံးပဲပြုံးပြီးကြည့်နေဖို့ကလွဲပြီးဘာမှမရှိ။Jiwonပြောတာမှန်နေတာပဲကို။

"Jiwon ငါခဏနေထိသူမကိုစောင့်ပြီး၊သူမ မလာမှန်းသေချာပြီဆို သွားမှာပါJiwonရယ်။"

THAT LADYWhere stories live. Discover now